မင်းပြားကပိုးတွေ့လူနာတွေအတွက် ပိုးသတ်ဆေးဖြန်းစက်တစ်လုံးစာနဲ့ အလှူငွေတွေ သွားရောက် လှူဒါန်းခဲ့တဲ့ ညီမင်းခိုင်





Read in UNICODE

အဆိုတော် ညီမင်းခိုင်ကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ Covid (19) ရောဂါပိုး ကူးစက်ပျံပွားမှုဖြင့်တက်နေတဲ့ အတွက် အရေးတကြီးလိုအပ်နေတဲ့ ပိုးသတ်ဆေးဖြန်းစက်လှူဒါန်းမှုကို သွာဒရောက်လှူဒါန်းပေးခဲ့ပါတယ်။ ညီမင်းခိုင်ကတော့ လေးဝတီရခိုင်လူမှုကူညီရေးအသင်း

(ဘန်ကောက်)ရဲ့ကိုယ်စား ဒီလှူဒါန်းမှုမှာ လုပ်အားဒါန ကူညီပေးခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ ပိုးသတ်ဆေးဖြန်းလို့ရအောင် ပိုးသတ်ဆေးဖြန်းစက် (တန်ဖိုးငွေ လေးသိန်း)ကျပ်နဲ့ အတူ ရခိုင်ပြည်နယ် မင်းပြားမြို့က Covid (19) ဖြစ်ပွားနေတဲ့ လူနာအတွက် အလှူငွေ (၁)သိန်း၊

လေးဝတီရခိုင်လူမှုကူညီရေးအသင်းက လှူဒါန်းတဲ့ စုစုပေါင်း ငွေကျပ် (၅)သိန်းကို ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအသင်းထံ ညီမင်းခိုင်ကကိုယ်စားသွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို လေးဝတီရခိုင်လူမှုကူညီရေးအသင်းက လှူဒါန်းတဲ့ အလှူငွေတေကို

ကိုယ်စားသွားရောက်လှူဒါန်းပေးခဲ့တဲ့ ပုံလေးတွေကို ညီမင်းခိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုလို့ရအောင် အလှူပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source : Nyi Min Khine

Add a Comment

Your email address will not be published. Required fields are marked *