အသက်လေးရလာတော့ ဆောင်းရတဲ့ ဦးထုပ်က ပိုပြီး အဓိပ္ပာယ်ရှိလာတယ်ဆိုတဲ့ ဦးကျော်သူ






Read in UNICODE

ကျော်သူဟာဆိုရင် အခုချိန်ထိလည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားဆဲဖြစ်ပြီး အနုပညာအလုပ်တွေကိုတော့ အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။ငယ်ငယ်လေးတုန်းက အရမ်းချောမောခန့်ညားခဲ့တဲ့ ကျော်သူက ယခုထိလည်း အရွယ်တင်နုပျိုနေပြီး

ခန့်ညားနေဆဲဖြစ်ပါတယ်နော်။ကျော်သူကတော့ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်နေကာ လိုအပ်သူတွေကိုလည်း အကူအညီပေးနေတာဖြစ်ပါတယ်။ကျော်သူက အသက်အရွယ်တစ်ခုကို ရောက်ရှိလာတာကြောင့် ဘာသာတရားကိုလိုက်စားပြီး

ကုသိုလ်ကောင်းမှူတွေကိုလည်း နေ့စဉ်ပြုလုပ်ပါတယ်နော်။ပရိသတ်တွေကတော့ ကျော်သူရဲ့ စိတ်ဓာတ်ကိုလေးစားကြပြီး သူ့ရဲ့နာရေးကူညီမှုအသင်းမှာလည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။ကျော်သူကတော့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသတဲ့

ဇနီးသည်ကိုလည်းပိုင်ဆိုင်ထားတာဖြစ်လို့ ကုသိုလ်ရေးတွေကို နှစ်ယောက်အတူတူ တက်ညီလက်ညီလုပ်ဆောင်ကြတာပါနော်။ အခုဆိုရင်တော့ ကျော်သူက”ကျော်သူ နဲ့ ဦးထုပ်များ…….အသက်ကလေးရလာလေ…ဆောင်းရတဲ့ ဦးထုပ်က အဓိပ္ပါယ်ရှိလာလေပေါ့ဗျာ”

ဆိုပြီး ငယ်ငယ်လေးကတည်းက ဆောင်းခဲ့တဲ့ ဦးထုပ်နဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်လာတာဖြစ်ပါတယ်။ဦးထုပ်တွေကတစ်လုံးပြီးတစ်လုံးပြောင်းသွားပေမယ့် လက်ရှိဆောင်းနေတဲ့ ဦးထုပ်လေးက အဓိပ္ပါယ်ပိုရှိတာကြောင့် ကျော်သူရဲ့ ဦးထုပ်နဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Kyaw Thu’s Facebook

Add a Comment

Your email address will not be published. Required fields are marked *