ယနေ့ခေတ် အတွေ့အကြုံပေါင်းများစွာထဲ လူဖြစ်ရတာ CD ထစ်နေသလိုပဲဆိုတဲ့ မင်းမော်ကွန်း





Read in UNICODE

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်ကတည်းက မင်းမော်ကွန်းကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော် မင်းသားချောတစ်ယောက်ပဲဖြစ်ပါတယ်။လတ်တလောမှာဖြစ်ပွားနေတဲ့ Covid ကြောင့် အလုပ်ကိုင်တွေပျက်ဖြစ်နေတာတွေနဲ့

ပတ်သက်ပြီး မင်းမော်ကွန်းက သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဟာသဆန်ဆန် စာလေးတစ်ခုတင်ခဲ့ပါတယ်။ “(၈) လေးလုံး ရွှေဝါရောင် နာဂစ် ကိုဗစ် ကြားထဲမှာကျန်သေး အတွေ့အကြုံတွေက ဒီခေတ်ထဲလူဖြစ်ရတာ CD ထစ်နေသလိုပဲ ထစ်ငေါ့ထစ်ငေါ့နဲ့ “လို့ သူ့ရဲ့သက်တမ်းတစ်လျှောက် ကြုံတွေ့ရတာတွေကို ဟာသလေးနှောပြီး

ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ မင်းမော်ကွန်းပြောတာလည်း မှန်သလိုလိုပဲနော်။ ပရိသတ်ကြီးတွေရော မင်းမော်ကွန်းပြောတဲ့ (၈)လေးလုံး၊ ရွှေဝါရောင်၊ နာဂစ်၊ ကိုဗစ် တွေထဲက ဘယ်ဟာတွေကို မှီခဲ့ကြလဲ။ ဘယ်လိုအတွေ့အကြုံတွေရခဲ့လဲ ဆိုတာလေးတွေ မျှဝေပေးခဲ့ကြပါဦးနော်။ မင်းမော်ကွန်းကတော့ လက်ရှိမှာ နှင်းဆီ Unplugged Show အတွက်

ပြင်ဆင်မှုတွေပြုလုပ်နေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်းသာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မင်းမော်ကွန်းပြောတာကို ဘယ်လိုသဘောရလဲ ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Kyaw Kyaw Htay Lwin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *