ချွေတာစုဆောင်းထားတဲ့ စင်ကြယ်တဲ့ ချွေးနဲစာလေးနဲ့ ဘုရားတည်ပြီး လှူဒါန်းနိုင်ခဲ့တာကြောင့် ကြည်နူးနေတဲ့ အိအိတုန်






Read in UNICODE

သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး နောက်ထပ် သမီးလေးတစ်ယောက်ကိုလည်း ဝမ်းနဲ့ လွယ်ထားရတဲ့ မေမေအိတုန်တစ်ယောက် သူမကို အရမ်းဂရုစိုက်တဲ့ခင်ပွန်းကိုလည်းပိုင်ဆိုင်နိုင်ခဲ့တာမို့ ပျော်ရွှင်ကြည်နူးနေခဲ့ပါတယ်။ ချစ်ဇနီးရဲ့ ဆန္ဒတိုင်းကို အမြဲတမ်းလိုက်လျောပြီး

ဖြည့်ဆည်းပေးခဲ့တဲ့ ခင်ပွန်းကောင်းဟာလည်း ဇနီးမျက်နှာတစ်ချက်အညိုးမခံခဲ့ပါဘူး။ အတူတူကောင်းမှုကုသိုလ်တွေလုပ်ခဲ့ကြတာလည်းအများကြီးပါပဲ။ လွန်ခဲ့တဲ့သုံးနှစ်က သူမတို့နှစ်ယောက်ရဲ့ ဘုရားတည်တဲ့အလှူပုံရိပ် လေးတွေကို ပြန်တွေ့တာကြောင့် ပြုခဲ့တဲ့

ကုသိုလ်တွေကိုတစ်ဖန်ပြန်လည်ကြည်နူးပြီး ကုသိုလ်စိတ်တွေပြန်ဖြစ်ပေါ်နေခဲ့ပါတယ်။ ကိုယ်တိုင်ရှာထားတဲ့ သမ္မာအာဇီဝငွေကြေးနဲ့ လှူတန်းခဲ့တာမို့ ဖြူစင်ပြီး မွန်မြတ်လွန်းပါတယ်။ သူမရဲ့အလှူလေးကို ” ဘဝမှာကုသိုလ်တွေအများကြီးယူခဲ့ပြီးပြီ ကိုယ့်ရဲ့တကယ်စင်ကြယ်တဲ့

ချွေးနည်းစာနဲ့ဘုရားတည်နိုင်ခဲ့တယ် သူဌေးမဟုတ်ဘူး လှူချင်တဲ့နေရာတိုင်းကိုကိုယ့်မှာ တတ်နိုင်သလောက်ရအောင်လှူနိုင်ခဲ့တယ် ဟိုးအရင်ထဲကအခုထိ နောင်လည်း လှူနိုင်ချင်တယ် တကယ်လှူလိုက်ရလို့ပိုက်ဆံတွေကလျော့

ကျသွားတယ်တကယ်မရှိဘူး နောင်လည်း အမြဲတမ်းအလှူရေစက် လက်နဲ့မကွာလှူဒါန်းနိုင်ရပါလို၏ ပြီးတော့မတောင်းဘဲပြည့်တဲ့ဆုတွေ တွက်လည်းကံ၏အကျိုးကိုပိုလို့ယုံကြည် ပုံလေးပြန်တွေ့လို့ 3 နှစ်ရှိသွားပြီ ” ဆိုပြီး ကုသိုလ်ဝေမျှပေးခဲ့ပါတယ်။

Source : Ei Tone’s Facebook

Add a Comment

Your email address will not be published. Required fields are marked *