မ်က္ႏွာေၾကာတင္းတင္းနဲ႔ေနခဲ့လို႔ ငယ္ဘဝတုန္းက လူခ်စ္လူခင္နဲခဲ့တယ္ဆိုတဲ့ စိုးျမတ္သူဇာ

ႏွစ္ရွည္လမ်ားပရိသတ္အခ်စ္ကို အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ရရွိခဲ့သူကေတာ့ စိုးျမတ္သူဇာပါ။ ေတာ္ဝင္က်က္သေရရွိတဲ့အလွတရားကို ပိုင္ဆိုင္ထားတဲ့အျပင္ က်ရာဇာတ္႐ုပ္ကိုပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္သူမို႔ အႏုပညာေလာကမွာ အခ်ိန္အၾကာႀကီး ေအာင္ျမင္စြာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ စိုးျမတ္သူဇာကေတာ့

ဒီေန႔မွာ သူအႏုပညာေလာကကို စတင္ဝင္ေရာက္ခဲ့တုန္းက လူေတြအေၾကာင္း နားမလည္ခဲ့တဲ့အခ်ိန္တခ်ိဳ႕ကို အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။ မသိတတ္တဲ့အ႐ြယ္တုန္းက လူေတြေရွ႕ေရာက္ရင္ ၿပဳံးၿပဳံး႐ႊင္႐ႊင္ေနရမယ္မွန္းမသိခဲ့ပဲ ေနာက္မွ ေသခ်ာေလ့က်င့္ယူခဲ့ရတဲ့အေၾကာင္းကို ” အရင္တုန္းကဆို မႀကီးမ်က္ႏွာထားႀကီးက အရမ္းတင္းတယ္.. ငယ္ငယ္တုန္းကဆို လူခ်စ္လူခင္ကလည္း

မေပါဘူး.. မ်က္ႏွာတင္းဆို မႀကီးက တင္းထားတာမဟုတ္ဘူး… မႀကီးမ်က္ႏွာႀကီးကိုက နဂိုကတည္းက တင္းေနတာေလ.. တင္းေနတဲ့မ်က္ႏွာကို သူမ်ားက အဲ့လိုထင္ရင္ ၿပဳံးေနရမယ္ဆိုတာ သေဘာမေပါက္ခဲ့ဘူး…အသက္ႀကီးလာမွ လူေတြ႕ေရွ႕ေရာက္ရင္ ၿပဳံးထားရမယ္ဆိုတာသိလာေတာ့ အသက္ႀကီးမွ မႀကီးကို ပိုေတာင္ခ်စ္လာၾကသလိုပဲ” ဆိုၿပီး ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္

မ်က္ႏွာထားတင္းတာေၾကာင့္ ႏိုင္ငံျခားမွာအလုပ္လုပ္စဥ္ကလည္း ဘိုမတစ္ေယာက္ရဲ႕ စိတ္ဆိုးေနတာလား ဆိုတဲ့အေမးကို ခံခဲ့ရဖူးေၾကာင္း ၊ လူေတြက ကိုယ့္ကိုျမင္ရင္ေၾကာက္ၾကေၾကာင္း စတဲ့အေတြ႕အႀကဳံေတြကို ေျဖၾကားထားတဲ့ အင္တာဗ်ဴးဗြီဒီယိုေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

နှစ်ရှည်လများပရိသတ်အချစ်ကို အနုပညာရှင်တစ်ယောက်အနေနဲ့ ရရှိခဲ့သူကတော့ စိုးမြတ်သူဇာပါ။ တော်ဝင်ကျက်သရေရှိတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့အပြင် ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်သူမို့ အနုပညာလောကမှာ အချိန်အကြာကြီး အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ စိုးမြတ်သူဇာကတော့

ဒီနေ့မှာ သူအနုပညာလောကကို စတင်ဝင်ရောက်ခဲ့တုန်းက လူတွေအကြောင်း နားမလည်ခဲ့တဲ့အချိန်တချို့ကို အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ မသိတတ်တဲ့အရွယ်တုန်းက လူတွေရှေ့ရောက်ရင် ပြုံးပြုံးရွှင်ရွှင်နေရမယ်မှန်းမသိခဲ့ပဲ နောက်မှ သေချာလေ့ကျင့်ယူခဲ့ရတဲ့အကြောင်းကို ” အရင်တုန်းကဆို မကြီးမျက်နှာထားကြီးက အရမ်းတင်းတယ်.. ငယ်ငယ်တုန်းကဆို လူချစ်လူခင်ကလည်း

မပေါဘူး.. မျက်နှာတင်းဆို မကြီးက တင်းထားတာမဟုတ်ဘူး… မကြီးမျက်နှာကြီးကိုက နဂိုကတည်းက တင်းနေတာလေ.. တင်းနေတဲ့မျက်နှာကို သူများက အဲ့လိုထင်ရင် ပြုံးနေရမယ်ဆိုတာ သဘောမပေါက်ခဲ့ဘူး…အသက်ကြီးလာမှ လူတွေ့ရှေ့ရောက်ရင် ပြုံးထားရမယ်ဆိုတာသိလာတော့ အသက်ကြီးမှ မကြီးကို ပိုတောင်ချစ်လာကြသလိုပဲ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင်

မျက်နှာထားတင်းတာကြောင့် နိုင်ငံခြားမှာအလုပ်လုပ်စဉ်ကလည်း ဘိုမတစ်ယောက်ရဲ့ စိတ်ဆိုးနေတာလား ဆိုတဲ့အမေးကို ခံခဲ့ရဖူးကြောင်း ၊ လူတွေက ကိုယ့်ကိုမြင်ရင်ကြောက်ကြကြောင်း စတဲ့အတွေ့အကြုံတွေကို ဖြေကြားထားတဲ့ အင်တာဗျူးဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *