ေနထက္လင္းဆီက ပထမဆုံးမဂၤလာလက္ဖြဲ႕အေနနဲ႔ လက္ဖြဲ႕ေငြ(၁၀) သိန္းရခဲ့တဲ့ ဘုန္းလွ်ံ
|ပရိသတ္ေရွ႕က အခ်ိန္တစ္ခုၾကာ ထြက္ခြာခဲ့ရသူဘုန္းလွ်ံကေတာ့ အခုခ်ိန္မွာ ပရိသတ္အားေပးမႈနဲ႔ အတူ ေနရာတစ္ခုျပန္လည္ရရွိလာၿပီျဖစ္ပါတယ္။ ေထာင္ကထြက္လာကတည္းက ကိုယ့္ကိုယ္ကိုယ္အေကာင္းဆုံးျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးစားေနသူျဖစ္ၿပီး ပရဟိတအလုပ္ေတြကို

လူအား၊ေငြအားနဲ႔တတ္အားသေ႐ြ႕ကူညီေနသူပါ။ ဘုန္းလွ်ံကေတာ့ မၾကာေသးခင္ကမွ ငယ္ခ်စ္ဦးနဲ႔အတူ Prewedding Photo ေတြ႐ိုက္ခဲ့ၿပီး မၾကာခင္မွာေတာ့ မဂၤလာသတင္းၾကားရေတာ့မွာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္(၂၀) ေက်ာ္ကတည္းက ခ်စ္ခဲ့ဖူးသူေလးနဲ႔ပဲ

ျပန္လည္လက္တြဲခဲ့တဲ့ ဘုန္းလွ်ံကေတာ့ မဂၤလာပြဲမေဆာင္ရေသးခင္မွာဘဲ လက္ဖြဲ႕ေငြရရွိေနၿပီျဖစ္ေၾကာင္း မွ်ေဝခဲ့ပါတယ္။ “ပထမဆုံးလက္ဖြဲ႕အေနနဲ႔..ကိုေနထက္လင္းဦးေဆာင္ၿပီး ဖားကန္႔ကရခိုင္သားတစုက (10)သိန္းလက္ဖြဲ႕ခဲ့ပါတယ္…ဒီလိုဂုဏ္ျပဳမႈအတြက္

ေက်းဇူးတင္ပါတယ္ဗ်” ဆိုၿပီး ပထမဆုံးရရွိခဲ့တဲ့ လက္ဖြဲ႕ေလးကို မွ်ေဝခဲ့ပါတယ္။ေနထက္လင္းနဲ႔ ဘုန္းလွ်ံတို႔ႏွစ္ဦးကေတာ့ ရခိုင္တိုင္းရင္းသားညီအစ္ကိုေတြျဖစ္သလို ဟိုးအရင္အခ်ိန္ကတည္းက အႏုပညာအလုပ္ေတြလုပ္ရင္း ရင္းႏွီးခဲ့သူပါ။ လတ္တေလာ

မွာလည္း ရခိုင္ျပည္နယ္အတြက္ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ေတြမွာ ႏွစ္ဦးသားပါဝင္ကူညီလ်က္ရွိၿပီး ေနထက္လင္းကေတာ့ ညီေလးအတြက္ သူဦးေဆာင္ၿပီး ဆယ္သိန္းလက္ဖြဲ႕ေပးခဲ့တာပဲ ျဖစ္ပါတယ္။
Read in UNICODE
ပရိသတ်ရှေ့က အချိန်တစ်ခုကြာ ထွက်ခွာခဲ့ရသူဘုန်းလျှံကတော့ အခုချိန်မှာ ပရိသတ်အားပေးမှုနဲ့ အတူ နေရာတစ်ခုပြန်လည်ရရှိလာပြီဖြစ်ပါတယ်။ ထောင်ကထွက်လာကတည်းက ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေသူဖြစ်ပြီး ပရဟိတအလုပ်တွေကို

လူအား၊ငွေအားနဲ့တတ်အားသရွေ့ကူညီနေသူပါ။ ဘုန်းလျှံကတော့ မကြာသေးခင်ကမှ ငယ်ချစ်ဦးနဲ့အတူ Prewedding Photo တွေရိုက်ခဲ့ပြီး မကြာခင်မှာတော့ မင်္ဂလာသတင်းကြားရတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်(၂၀) ကျော်ကတည်းက ချစ်ခဲ့ဖူးသူလေးနဲ့ပဲ

ပြန်လည်လက်တွဲခဲ့တဲ့ ဘုန်းလျှံကတော့ မင်္ဂလာပွဲမဆောင်ရသေးခင်မှာဘဲ လက်ဖွဲ့ငွေရရှိနေပြီဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ “ပထမဆုံးလက်ဖွဲ့အနေနဲ့..ကိုနေထက်လင်းဦးဆောင်ပြီး ဖားကန့်ကရခိုင်သားတစုက (10)သိန်းလက်ဖွဲ့ခဲ့ပါတယ်…ဒီလိုဂုဏ်ပြုမှုအတွက်

ကျေးဇူးတင်ပါတယ်ဗျ” ဆိုပြီး ပထမဆုံးရရှိခဲ့တဲ့ လက်ဖွဲ့လေးကို မျှဝေခဲ့ပါတယ်။နေထက်လင်းနဲ့ ဘုန်းလျှံတို့နှစ်ဦးကတော့ ရခိုင်တိုင်းရင်းသားညီအစ်ကိုတွေဖြစ်သလို ဟိုးအရင်အချိန်ကတည်းက အနုပညာအလုပ်တွေလုပ်ရင်း ရင်းနှီးခဲ့သူပါ။ လတ်တလော

မှာလည်း ရခိုင်ပြည်နယ်အတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ နှစ်ဦးသားပါဝင်ကူညီလျက်ရှိပြီး နေထက်လင်းကတော့ ညီလေးအတွက် သူဦးဆောင်ပြီး ဆယ်သိန်းလက်ဖွဲ့ပေးခဲ့တာပဲ ဖြစ်ပါတယ်။
Source : Bhone Hlan’s Facebook