ထိပ်တိုက် ဖြူဖြူထွေး နဲ့တွေ့ပြီး ဖြေရှင်းသွားမယ့်အကြောင်း ပြောပြခဲ့တဲ့ မင်းခန့်ကျော်
Read in UNICODE
ဖြူဖြူထွေးနဲ့ သရုပ်ဆောင် မင်းခန့်ကျော်တို့ရဲ့ ပြသနာဟာ ပရိသတ်တွေကြားမှာ တဖြည်းဖြည်းကြီးထွားလာပြီး စိတ်ဝင်စားမှုမြင့်တက်လာပါတယ်။ ထို ဖြစ်ရပ်ကြောင့် ဖြူဖြူထွေးကနေပြီး သရုပ်ဆောင် မင်းခန့်ကျော်ကို ရုပ်ရှင်အစည်းအရုံး လူကြီးများဆီမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ တိုင်ကြားမှုကြောင့် ယနေ့မှာတော့ သရုပ်ဆောင် မင်းခန့်ကျော်က ရုပ်ရှင်အစည်းအရုံးမှာ လာရောက်ဖြေရှင်းခဲ့ပါတယ်။ သရုပ်ဆောင် မင်းခန့်ကျော်ကတော့ ရုပ်ရှင်အစည်းအရုံး လူကြီးများရှေ့မှောက်မှာ ဖြေရှင်းပြီးနောက်မှာတော့ မီဒီယာများနဲ့ တွေ့ဆုံကာ သူ့ရဲ့ ခံယူချက်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ သရုပ်ဆောင် မင်းခန့်ကျော် ပြောခဲ့တာကတော့ ” ကျွန်တော့်ရဲ့ လိုင်းပေါ်မှာ အစည်းအရုံးကဒ်တင်တာနဲ့ ပက်သက်ပြီး ညီမလေး ဖြူဖြူထွေးအပေါ်မှာ ကျွန်တော် ပြောခဲ့တဲ့ စကားတွေနဲ့ ပက်သက်ပြီး အစည်းအရုံးကနေ လူကြီးတယောက်အနေနဲ့ ခေါ်ဆုံးမတဲ့ သဘောပေါ့။ ဖြူဖြူထွေးကိုလည်း အစည်းအရုံးကဒ်တင်တဲ့အတွက်
ခေါ်ယူဆုံးမပြီးပြီလို့လည်း လူကြီးတွေက ပြောပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို လူကြီးတွေကတော့ ထိပ်တိုက်တွေ့ပေးမယ်ပေါ့။ ထိပ်တိုက်တွေ့ပေးမှ ဒီပြဿနာကလည်း ရှင်းမယ်။ ဖြူဖြူထွေး မှားတဲ့ အပိုင်းကိုလည်း အစည်းအရုံးမှာ ပြန်တောင်းပန် ကျွန်တော်လည်း ကျွန်တော်တင်ခဲ့တဲ့ အရာပေါ်မှာ ပြန်ရုတ်သိမ်းပေးမယ်။ ဘာလို့ဆို ကျွန်တော်က ဒီလောကသားနဲ့ တိုက်ခိုက်တာဖြစ်တဲ့အတွက် အစည်းအရုံးနဲ့ မကင်းဘူး။ ဖြူဖြူထွေးကလည်း အစည်းအရုံးဝင်လို့ပြောတယ်။ ကျွန်တော်ကလည်း လူကြီးတွေကို မေးခဲ့တယ်။ အစည်းအရုံးဝင်ဆိုတာ ဘယ်လိုမျိုး ဥပဒေတွေနဲ့ အစည်းအရုံးဝင်ဖြစ်တာလဲလို့… အတွင်းရေးမှူး ဦးဝင်းမြိုင်ကတော့ ရုပ်ရှင် ၃ ကားရိုက်ရင် အဓိက ခေါင်းဆောင်မင်းသမီးနေရာ ပေးတယ်လို့ပြောတယ်။ ဒါကို ကျွန်တော်တို့ လောကသားတွေ မသိသေးတဲ့အတွက် ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ ကျွန်တော်က ပြောခဲ့ပါတယ်။ ကျွန်တော်က အမှန်တရားကို ပြောတာ ဖြစ်တဲ့အတွက်
လူကြီးတွေသည် ကျွန်တော့်ရဲ့ အရာကို နားလည်တဲ့အတွက် ဘာမှ ပြောင်းလဲခဲ့ခြင်း မရှိဘူး။ ကျွန်တော်မှန်တယ်လို့ ခံယူတဲ့အတွက် အဆုံးထိတော့ သွားနေတယ်။ သူနဲ့ ကျွန်တော်နဲ့ ဆုံပြီး အစည်းအရုံးက တစ်ရက်ရက်မှာ ခေါ်တွေ့ပါလိမ့်မယ်။ နှစ်ယောက်လုံး ထိပ်တိုက် ရှင်းလင်းပြီး ပရိတ်သတ်ရှေ့ကို အမှားအမှန်ဆိုတာ ချပြပေးမှာပါ။ အဲ့အတွက်လည်း အားလုံးကို စောင့်မျှော်ပေးကြပါ။ ကျွန်တော့်ကို တိုင်တယ်ဆိုတာကလည်း ကျွန်တော်သည်သူများ သားသမီးကို စော်ကားထားတာလည်း မဟုတ်ဘူး။ သူများ ပစ္စည်းကို လိမ်ထား ဝှက်ထားတာလည်း မဟုတ်ဘူး။ အဲ့အတွက် အစည်းအရုံးက ခေါ်ပြီဆိုတော့ ဘာလို့ ခေါ်တာလဲဆိုပြီး ကျွန်တော်ကတော့ စိတ်ဝင်စားတယ်။ နောက်မှ ဖြူဖြူထွေးနဲ့ ပက်သက်တဲ့ အကြောင်းအရာကြောင့်ဆိုတော့ အမှန်အတိုင်းပြောရရင် ကျွန်တော် ဒေါသထွက်တယ်။ ဘာလို့လဲဆိုတော့ ဖြူဖြူထွေးက အစည်းအရုံးဝင်ဆိုတာလည်း ကျွန်တော် မသိဘူး။ ကျွန်တော်တို့ရဲ့ အနုပညာဖြတ်သန်းမှုမှာ လောကသားတွေက အသိဆုံးပေါ့ ။ သူက ဘာကားမှ မရိုက်သေးဘူးလေ။ ရုပ်ရှင်ကားဆိုတာကလည်း ထွက်သေးတာ မဟုတ်ဘူး။ ရုံပေါ်မရောက်သေးဘူးလေ။ ရုံပေါ် မရောက်သေးရင် အသိအမှတ် ပြုလို့ မရသေးဘူး။ ဒီရောက်တော့မှ
ဖြူဖြူထွေးက ဒုတိယ မင်းသမီးအနေနဲ့ ရုပ်ရှင် ၃ ကားရိုက်ထားတယ်ဆိုတာ သိရတယ်။ သူနဲ့ ကျွန်တော်နဲ့ ထိပ်တိုက်ရှင်းမှ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ သိရမှာ…မသိရင် ကျွန်တော်က တစ်ဖက်စောင်းနင်း ဆဲခံနေရတယ်။ မီဒီယာမှာ ကျွန်တော်တို့ရဲ့ နောင်တော်ကြီး တချို့တယောက်ကတော့ မတိုက်ခိုက်ပါနဲ့ ပြောတယ်။ ကျွန်တော် အခုပြောနေတဲ့ စကားထဲမှာ တိုက်ခိုက်တာ မပါဘူးလေ။ ကျွန်တော်က ဒီဘက်မှာလည်း ကြော်ညာရိုက်နေတဲ့ ဆယ်လီ သူလည်း ဆယ်လီဆိုရင်တော့ ကျွန်တော် တိုက်ခိုက်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တိုက်ခိုက်တာ မဟုတ်ဘူး။ ကျွန်တော့် လောကသားတွေအတွက်ပဲ ပြောနေတာ။ ဒီ ညီမလေးကို တိုက်ခိုက်စရာလည်း မလိုဘူး။ သူသည် သူ့ရပ်တည်ချက် သူ ဖြတ်သန်းမှု သူ့ သမိုင်းနဲ့သူ ဖြတ်သန်းနေတာ ဖြစ်တဲ့အတွက် သူ့ကို တိုက်ခိုက်စရာ အကြောင်းလည်း မရှိဘူး။ ကျွန်တော်သည် သရုပ်ဆောင် သူသည် ဆယ်လီ တိုက်ခိုက်စရာ အကြောင်း မရှိဘူး။ ဒီလောကထဲ သူ ဝင်ထားမှန်းလည်း ကျွန်တော်က မသိဘူး။ ဒီနေ့ အစည်းအရုံးလာမှ သူက ရုပ်ရှင် ၃ ကားရိုက်ထားတာကြောင့်
ကဒ်ထုတ်ပေးထားတယ်ဆိုတာ သိရတယ်။ ဒီလောက ထုံးစံမှာက ဒါမျိုးထုတ်ပေးထားတာ မရှိဘူးလေ။ ကျွန်တော်တို့ လောကသားတွေက attention ယူလောက်တဲ့ စိတ်လည်း မရှိကြဘူး။ ဘာလို့ဆို ကျွန်တော်တို့ ကြိုးစားမှ ကျွန်တော်တို့ ရခဲ့ကြတာလေ။ ဒီဟာကို ဒီလိုလုပ်ပြီး ပရိတ်သတ် သိလာဖို့ Like တွေ တိုးလာဖို့ဆိုတာ ကျွန်တော်တို့က အစကတည်းက ဗီဒီယို ရိုက်နေတဲ့ သူတွေလေ။ ကျွန်တော်တို့က ဆယ်လီဆိုတာ ဖြစ်ချင်ခဲ့တာမှ မဟုတ်တာ။ ဆယ်လီဖြစ်ချင်မှတော့ အရင်က ပြောခဲ့ဖူးသလိုပဲ ဖင်ချွတ်ပြီး လမ်းလျှောက်မှာပေါ့။ ဘာမှ attention ယူနေစရာ အကြောင်းကို မရှိတာ။ ကျွန်တော်က အစည်းအရုံးကဒ်အတွက် တိုက်ခိုက်တာ။ ကျွန်တော့် ကိုယ်ရေးကိုယ်တာအတွက် တိုက်ခိုက်တာ မရှိဘူး။ ဒီ အစည်းအရုံးကဒ်ကိုင်တဲ့သူတိုင်း နံပါတ်တစ် သူတောင်းစား မဟုတ်ဘူး။ အဲ့လို သူတောင်းစားဖြစ်အောင် လုပ်တဲ့သူကို ဘယ်လိုစဉ်းစားမလဲ။ အနုပညာသမားထဲက ကျွန်တော့်
စေတနာကို နားမလည်တဲ့ တချို့သော သူတွေ ကျွန်တော်ပြောရင် ရိုင်းတယ်လို့ ပြောလိမ့်မယ် ဦးနှောက်မရှိကြတာ ။ ကျွန်တော် ဈေးရောင်းစားမယ် ကိုယ့်ထမင်းကို ချက်စားမယ် attention ယူစရာ အကြောင်းကို မရှိတာ။ ဆဲတိုင်း ဆယ်လီဖြစ်တယ်။ ကျွန်တော်တို့က တိုင် တစ်တိုင်မှာ ကြိုးတုတ်ပြီး ရိုက်ခံရတဲ့ သရုပ်ဆောင်တွေ ဆဲချင်တိုင်း ဆဲလို့မရဘူး။ သရုပ်ဆောင် ဖြစ်နေတော့ အမုန်းမခံချင်ဘူး။ နှစ်ဦးနှစ်ဖက်တွေ့ဆုံပြီး အစည်းအရုံးမှာ ရှင်းပြီးမှ အမှားအမှန် ပရိတ်သတ်ရှေ့ ချပြမှာပါ။ သူ့ကို အစည်းအရုံးက ခေါ်တွေ့တယ်ဆိုတာ မီဒီယာတွေ တစ်ယောက်မှ မသိလိုက်ဘူး။ နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ပြီး ရှင်းမှ ဒီပြဿနာက ပြီးဆုံးသွားမှာပါ။ ချစ်ခြင်းမုန်းခြင်း မရှိပါဘူး။ ကျွန်တော်တို့ သရုပ်ဆောင်တွေဆိုတာ အလကား မဖြစ်လာဘူး။ ကျွန်တော်ဆို အနှစ် နှစ်ဆယ် ကြိုးစားခဲ့ရတာ။ ကျွန်တော်က
အနုပညာလောကအတွက် တိုက်ခိုက်ပေးတာ။ ဒါကို ကျွန်တော့်ကို ဆဲလိုက် ဆိုလိုက်ကြတာ ကျွန်တော်က မုဒိမ်းမှုကြီး ကျူးလွန်ထားသလို…ဒါကလည်း သူ့ရဲ့ ဆန်းကြောင့်ပေါ့။ ကျွန်တော်တို့ တချို့လောကသားတွေက သူ့ဆန်းကို ကြောက်ကြတော့ ဝင်မရပ်ရဲကြဘူး။ ကျွန်တော်ကတော့ အမှန်တရားအတွက် ရပ်တည်တာ။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော့် ဘက်က ရပ်တည်ပေးတဲ့ မိတ်ဆွေတွေ ကျွန်တော့် လောကသားတွေကို ကျေးဇူးတင်တယ်။ အမှန်တရားအတွက် အမြဲတမ်း တိုက်ခိုက်နေမှာ။ ” ဆိုကာ ဖြူဖြူထွေးရဲ့ တိုင်ကြားမှုနဲ့ပက်သက်ပြီး ပြောကြားခဲ့ပါတယ်။ အခုဖော်ပြခဲ့တာကတော့ ဖြူဖြူထွေးကို တိုက်ခိုက်တယ်ဆိုကာ ပရိတ်သတ်တွေရဲ့ အထင်အမြင်လွဲမှားနေမှုကို ပြန်လည်ဖြေရှင်းခဲ့တဲ့ သရုပ်ဆောင်မင်းခန့်ကျော် အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။
Add a Comment
Your email address will not be published. Required fields are marked *