ျမင့္ျမတ္က မနက္ေရာညပါ ဖုန္းဆက္ၿပီး စိတ္ဓာတ္ေတြက်ေနခ်ိန္မွာ အားေပးခဲ့ေၾကာင္း ေျပာျပခဲ့တဲ့ ယုန္ေလး
|ယုန္ေလးဟာဆိုရင္ အခုတေလာ ဆိုရွယ္မီဒီယာမွာ နာမည္ႀကီး ေရပန္းစားေနသူတစ္ေယာက္ျဖစ္ပါတယ္။ လြန္ခဲ့ဲ့ရက္ အနည္းအငယ္က ထြက္ခဲ့တဲ့ သီခ်င္းဗီဒီယိုေၾကာင့္ လူအမ်ားရဲ႕ေဝဖန္မွဳခံခဲ့ရရံုသာမက ႐ုပ္ရွင္အစည္းအရံုးမွ အႏုပညာအလုပ္ေတြလုပ္ခြင့္ တစ္ႏွစ္တိတိရပ္နားတာခံခဲ့ရပါတယ္။

ျမင့္ျမတ္က စိတ္ဓာတ္က်ေနတဲ့ အခ်ိန္ေတြမွာ ဘယ္လို အားေပးခဲ့တယ္ဆိုတာ ယုန္ေလးက ေျပာျပခဲ့ပါတယ္။ ယုန္ေလးဟာ သူကိုယ္တိုင္က စိတ္အတက္အက်ျမန္သူျဖစ္ၿပီး ေဝဖန္မႈေပါင္းမ်ားစြာရဲ႕ဒဏ္ေတြကို (၂)ပတ္နီးပါး ခံစားခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္။ ထို အခ်ိန္အတြင္ူမွာ ေဘးနားက ခ်စ္လွစြာေသာ မိသားစုအရင္းလို ခင္မင္ၾကတဲ့သူေတြရဲ႕ အားေပးမွဳေၾကာင့္ ျပန္အဆင္ေျပလာခဲ့ပါတယ္။

အားေပးတဲ့သူေတြထဲမွာ ၾကမ္းတမ္းစြာအားေပးတဲ့သာေတြ သိမ္သိမ္ေမြ႕ေမြ႕ေလးအားေပးတဲ့သူေတြပါရွိေၾကာင္းေျပာခဲ့တယ္။ ၾကမ္းတမ္းတဲ့သူေတြကိုလဲ မဟုတ္တာေတြမလုပ္ဖို႔ ယုန္ေလးမွ ေမတၱာရပ္ခံရေၾကာင္း ေျပာျပခဲ့ပါတယ္။ အားေပးၿပီး အနားမွာရွိတဲ့ ညီအကိုေတြေရာ ညီမေလးေတြကိုေရာ ေက်းဇူးတင္ေၾကာင္းေျပာျပခဲ့ပါတယ္။

အဲ့ထဲကမွ သူငယ္ခ်င္းျဖစ္သူ ျမင့္ျမတ္က ေသခ်ာေလး သူ႔ကို ဂ႐ုစိုက္တဲ့အျပင္ ရယ္ရေၾကာင္း ေျပာျပခဲ့ပါတယ္။ ျမင့္ျမတ္က ဂိမ္းအရမ္းေဆာ့တတ္တဲ့သူတစ္ေယာက္ျဖစ္ၿပီး ဂိမ္းေဆာ့ပ်က္မွာစိုးလို႔ သူ႔ဖုန္းနံပါတ္ေတာင္ မသိေပမယ့္ အခုလို ေဝဖန္မႈေတြေၾကာင့္ စိတ္ညစ္ေနရတဲ့ အခ်ိန္မွာ ဘယ္သူမွမသိတဲ့ ဖုန္းနံပါတ္တစ္ခုကို ေပးထားခဲ့ေၾကာင္း ယုန္ေလးကေျပာျပခဲ့ပါတယ္။ ထိုဖုန္းနဲ႔ သူ႔ကို မနက္တစ္ေခါက္ ညတစ္ေခါက္ဆက္ၿပီး အဆင္ေျပလား အၿမဲေမးေၾကာင္း ျမင့္ျမတ္ရဲ႕ မြန္ျမတ္တဲ့ စိတ္ထားကို အမႊန္းတင္ေျပာျပခဲ့ပါတယ္။ ထိုမွ်မကေသးဘဲ ျမင့္ျမတ္က ကိုယ္တိုင္လဲ လာလည္သလို အိမ္ေခၚၿပီးလဲ အားေပးခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။ ထို႔အျပင္ အားေပးၾကတဲ့ ခင္လွိုင္၊ ထူးျခား သားႀကီးအျပင္ ညီငယ္၊ညီမငယ္မ်ားကပါ အားေပးၾကလို႔ေပ်ာ္ေၾကာင္း ယုန္ေလးကေျပာျပခဲ့ပါတယ္။

အခုလို ပရိသတ္တခ်ိဳ႕ အျမင္မွားေနတဲ့အေပၚမွာ အခ်ိန္နဲ႔ခံယူခ်က္ကပဲ စကားေျပာသြားမွာျဖစ္တယ္လို႔လဲ ယုန္ေလယကေျပာခဲ့ပါတယ္။ ပရိသတ္ႀကီးလဲ ဒါေလးကိုဖတ္မိၿပီး ေက်နပ္ၾကလိမ့္မယ္လို႔ေမွ်ာ္လင့္ရပါတယ္။ ျမင့္ျမတ္လိုမ်ိဳး ယုန္ေလးအေပၚ သူငယ္ခ်င္းေကာင္းပီသလြန္းတဲ့ မိတ္ေတြမ်ိဳးရၾကပါေစလို႔လဲ ပရိသတ္ႀကီးအတြက္ဆုေတာင္းေပးလိုက္ပါတယ္။
Read in UNICODE
ယုန်လေးဟာဆိုရင် အခုတလော ဆိုရှယ်မီဒီယာမှာ နာမည်ကြီး ရေပန်းစားနေသူတစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့ဲ့ရက် အနည်းအငယ်က ထွက်ခဲ့တဲ့ သီချင်းဗီဒီယိုကြောင့် လူအများရဲ့ဝေဖန်မှုခံခဲ့ရရုံသာမက ရုပ်ရှင်အစည်းအရုံးမှ အနုပညာအလုပ်တွေလုပ်ခွင့် တစ်နှစ်တိတိရပ်နားတာခံခဲ့ရပါတယ်။

မြင့်မြတ်က စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာ ဘယ်လို အားပေးခဲ့တယ်ဆိုတာ ယုန်လေးက ပြောပြခဲ့ပါတယ်။ ယုန်လေးဟာ သူကိုယ်တိုင်က စိတ်အတက်အကျမြန်သူဖြစ်ပြီး ဝေဖန်မှုပေါင်းများစွာရဲ့ဒဏ်တွေကို (၂)ပတ်နီးပါး ခံစားခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ ထို အချိန်အတွင်ူမှာ ဘေးနားက ချစ်လှစွာသော မိသားစုအရင်းလို ခင်မင်ကြတဲ့သူတွေရဲ့ အားပေးမှုကြောင့် ပြန်အဆင်ပြေလာခဲ့ပါတယ်။

အားပေးတဲ့သူတွေထဲမှာ ကြမ်းတမ်းစွာအားပေးတဲ့သာတွေ သိမ်သိမ်မွေ့မွေ့လေးအားပေးတဲ့သူတွေပါရှိကြောင်းပြောခဲ့တယ်။ ကြမ်းတမ်းတဲ့သူတွေကိုလဲ မဟုတ်တာတွေမလုပ်ဖို့ ယုန်လေးမှ မေတ္တာရပ်ခံရကြောင်း ပြောပြခဲ့ပါတယ်။ အားပေးပြီး အနားမှာရှိတဲ့ ညီအကိုတွေရော ညီမလေးတွေကိုရော ကျေးဇူးတင်ကြောင်းပြောပြခဲ့ပါတယ်။

အဲ့ထဲကမှ သူငယ်ချင်းဖြစ်သူ မြင့်မြတ်က သေချာလေး သူ့ကို ဂရုစိုက်တဲ့အပြင် ရယ်ရကြောင်း ပြောပြခဲ့ပါတယ်။ မြင့်မြတ်က ဂိမ်းအရမ်းဆော့တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ဂိမ်းဆော့ပျက်မှာစိုးလို့ သူ့ဖုန်းနံပါတ်တောင် မသိပေမယ့် အခုလို ဝေဖန်မှုတွေကြောင့် စိတ်ညစ်နေရတဲ့ အချိန်မှာ ဘယ်သူမှမသိတဲ့ ဖုန်းနံပါတ်တစ်ခုကို ပေးထားခဲ့ကြောင်း ယုန်လေးကပြောပြခဲ့ပါတယ်။ ထိုဖုန်းနဲ့ သူ့ကို မနက်တစ်ခေါက် ညတစ်ခေါက်ဆက်ပြီး အဆင်ပြေလား အမြဲမေးကြောင်း မြင့်မြတ်ရဲ့ မွန်မြတ်တဲ့ စိတ်ထားကို အမွှန်းတင်ပြောပြခဲ့ပါတယ်။ ထိုမျှမကသေးဘဲ မြင့်မြတ်က ကိုယ်တိုင်လဲ လာလည်သလို အိမ်ခေါ်ပြီးလဲ အားပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ထို့အပြင် အားပေးကြတဲ့ ခင်လှိုင်၊ ထူးခြား သားကြီးအပြင် ညီငယ်၊ညီမငယ်များကပါ အားပေးကြလို့ပျော်ကြောင်း ယုန်လေးကပြောပြခဲ့ပါတယ်။

အခုလို ပရိသတ်တချို့ အမြင်မှားနေတဲ့အပေါ်မှာ အချိန်နဲ့ခံယူချက်ကပဲ စကားပြောသွားမှာဖြစ်တယ်လို့လဲ ယုန်လေယကပြောခဲ့ပါတယ်။ ပရိသတ်ကြီးလဲ ဒါလေးကိုဖတ်မိပြီး ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ မြင့်မြတ်လိုမျိုး ယုန်လေးအပေါ် သူငယ်ချင်းကောင်းပီသလွန်းတဲ့ မိတ်တွေမျိုးရကြပါစေလို့လဲ ပရိသတ်ကြီးအတွက်ဆုတောင်းပေးလိုက်ပါတယ်။
Source : MC’s Interview