မှန်တာပြောရင် ဘေးရောက်တတ်လို့ မသိချင်ယောင်ဆောင်နေတော့မယ်လို့ ရင်ဖွင့်ခဲ့တဲ့ ဘေဘီမောင်
Read in UNICODE
လောကကြီးမှာမှန်တိုင်းလည်းမပြောသင့်တဲ့ စကားတွေအများကြီးရှိပါတယ်။ တစ်ချို့အမှန်တရားတွေဟာ ကိုယ်တိုင်သိပြီး ကိုယ့်ရင်ထဲ မှာပဲသိမ်းထားရုံနဲ့လုံလောက်ပါတယ်။ အမှန်တရားဆိုပြီးချပြမိမှာ လူမုန်းခံရမယ့်အဖြစ်တွေအများကြီးမို့ မှန်တိုင်းလည်း မပြောသင့်
ပါဘူး။ ဘေဘီမောင်ကတော့ ဒီအကြောင်းလေးကို သူမရဲ့လူမှုကွန်ရက်မှာ ပြောပြခဲ့ပါတယ်။ဈေးလေးရောင်းပြီး ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုကို တည်ထောင်နေတဲ့ဘေဘီတစ်ယောက် ကိုယ့်အနုပညာနဲ့ ကိုယ့်စီးပွားရေးကလွဲရင် တခြားကိုဝင်မပါတော့ဘဲ အေးအေးဆေးဆေးလေး အလုပ်လုပ်တော့မယ့်အကြောင်းပြောပြခဲ့ပါတယ်။ ဒါဟာလည်း အကောင်းဆုံး
ဘဝနေထိုင်နည်းတစ်မျိုးပါပဲ။သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးကို ” ချစ်ဖို့ကောင်းအောင်ပဲနေတော့မယ် အမှန်တွေမပြောတော့ဘူး ဘေးရောက်တတ်လို့ အမှန်တရားကနားခါးတယ်လို့လဲဆိုကြပါတယ်ရှင့် ဟီး အဲတော့ မသိချင်ယောင်ဆောင်ပြီး ဈေးရောင်းတာပဲကောင်းပါတယ်ရှင့် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
Source : Baby Maung’s Facebook
Add a Comment
Your email address will not be published. Required fields are marked *