ထောင်နဲ့ချီပြီးမသုံးဖြစ်တဲ့ မိတ်ကပ်ပစ္စည်းတွေကို လှူဒါန်းသွားမယ်ဆိုတဲ့ နေခြည်ဦး
Read in UNICODE
(၂၀၁၇) ခုနှစ်လောက်မှာ နေခြည်ဦးကတော့ beautybynaychi ဆိုတဲ့ နာမည်လေးနဲ့ Beauty Blogger တစ်ယောက်အဖြစ် လူသိများလာခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကြောင့် အချိန်တိုအတွင်းမှာတင် ပရိသတ်အားပေးမှုရရှိခဲ့ပြီး ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ်ပါ
ကျော်ကြားလာခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက မိန်းကလေး ပရိသတ်အများစုကလည်း နေခြည်ဦးရဲ့ Blogger အလုပ်ဖြစ်ပါစေ သရုပ်ဆောင်အလုပ်ဖြစ်ပါစေ စိတ်ဝင်တစားနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။ Beauty Blogger တစ်ယောက်ပီပီ မိတ်ကပ်ပစ္စည်းတွေကို စမ်းသပ်သုံးစွဲရသလို
လက်ဆောင်တွေလည်းရရှိတဲ့ နေခြည်ဦးက သူမရဲ့နေအိမ်မှာ Make Up Room ကြီးထားရတဲ့အထိ မိတ်ကပ်ပစ္စည်းတွေများစွာကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေခြည်ဦးက သူမရဲ့နေအိမ်က မိတ်ကပ်ပစ္စည်းတွေကို ရှင်းလင်းပြီး မသုံးဖြစ်တဲ့ ပစ္စည်းတော်တော်များများကို လှူဒါန်းမယ့်အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ နေခြည်ဦးကတော့
အခုရေ ထောင်နဲ့ချီပြီးရှိတဲ့ မိတ်ကပ်ပစ္စည်းတွေထဲက သူမမသုံးဖြစ်သလို အကောင်းအတိုင်းရှိနေသေးတဲ့ ပစ္စည်းတွေကို လှူဒါန်းမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Nay Chi Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *