႐ုပ္ရွင္႐ိုက္ကူးခြင့္မရွိေပမယ့္လဲ အလုပ္လာအပ္ၾကတဲ့ လုပ္ငန္းရွင္ေတြေၾကာင့္ ေၾကာ္ျငာေလးေတြ ႐ိုက္ကူးေနရတဲ့ ယုန္ေလး

အဆိုေတာ္တစ္ေယာက္အျဖစ္ ယုန္ေလးကေတာ့ ဂီတေလာကမွာ က်င္လည္ခဲ့ျပီး အနုပညာကို ဝါသနာပါလြန္းတာေၾကာင့္ သူကိုယ္တိုင္ ရုပ္ရွင္ဇာတ္ကားေတြနဲ့ သီခ်င္း MV ေတြကို ဒါရိုက္တာလုပ္ျပီ ရိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ ယုန္ေလးက ျပီးခဲ့တဲ့ရက္သတၱပတ္ကေတာ့ သူကိုယ္တိုင္စီစဥ္ျပီး ဒါရိုက္တာလုပ္ ရိုက္ကူးတဲ့ “ငါတို့အားလံုးရဲ့ေျမ”

သီခ်င္းေၾကာင့္ ရုပ္ရွင္အစည္းအရံုးကေန ရုပ္ရွင္ရိုက္ကူးခြင့္ တစ္နွစ္တိတိ တားျမစ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ယုန္ေလးကေတာ့ ရုပ္ရွင္ရိုက္ကူးခြင့္ တစ္နွစ္ရပ္နားခံခဲ့ရေပမယ့္ အလုပ္အပ္ၾကတဲ့ လုပ္ငန္းရွင္ေတြေၾကာင့္ အလုပ္ေတြကို ဆက္လက္လုပ္ကိုင္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ယုန္ေလးက ဒီကေန့မွာလည္း

အြန္လိုင္းေၾကာ္ျငာေလးတစ္ခုရိုက္ကူးျဖစ္ေနေၾကာင္း သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝျပီး “ဒီအခ်ိန္ ဒီလို ေၾကညာေလးေတြေပးၿပီး အလုပ္ေပးတဲ့ လူတိုင္းကို အထူးေက်းဇူးပါ” ဆိုျပီး ဝမ္းသာစြာနဲ့ မွ်ေဝေပးထားပါတယ္။ ယုန္ေလးးကေတာ့ သူ့ကိုခ်စ္ၾကတဲ့သူေတြေၾကာင့္ အလုပ္ေတြကို

ဆက္လက္လုပ္ကိုင္ေနလ်က္ရိွပါတယ္။ ပရိသတ္ၾကီးကလည္း ယုန္ေလးရဲ့ အြန္လိုင္း ေၾကာ္ျငာေလးေတြကို ေစာင့္ေမွ်ာ္အားေပးၾကဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

အဆိုတော်တစ်ယောက်အဖြစ် ယုန်လေးကတော့ ဂီတလောကမှာ ကျင်လည်ခဲ့ပြီး အနုပညာကို ဝါသနာပါလွန်းတာကြောင့် သူကိုယ်တိုင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ သီချင်း MV တွေကို ဒါရိုက်တာလုပ်ပြီ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ယုန်လေးက ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ သူကိုယ်တိုင်စီစဉ်ပြီး ဒါရိုက်တာလုပ် ရိုက်ကူးတဲ့ “ငါတို့အားလုံးရဲ့မြေ”

သီချင်းကြောင့် ရုပ်ရှင်အစည်းအရုံးကနေ ရုပ်ရှင်ရိုက်ကူးခွင့် တစ်နှစ်တိတိ တားမြစ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ယုန်လေးကတော့ ရုပ်ရှင်ရိုက်ကူးခွင့် တစ်နှစ်ရပ်နားခံခဲ့ရပေမယ့် အလုပ်အပ်ကြတဲ့ လုပ်ငန်းရှင်တွေကြောင့် အလုပ်တွေကို ဆက်လက်လုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ယုန်လေးက ဒီကနေ့မှာလည်း

အွန်လိုင်းကြော်ငြာလေးတစ်ခုရိုက်ကူးဖြစ်နေကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြီး “ဒီအချိန် ဒီလို ကြေညာလေးတွေပေးပြီး အလုပ်ပေးတဲ့ လူတိုင်းကို အထူးကျေးဇူးပါ” ဆိုပြီး ဝမ်းသာစွာနဲ့ မျှဝေပေးထားပါတယ်။ ယုန်လေးးကတော့ သူ့ကိုချစ်ကြတဲ့သူတွေကြောင့် အလုပ်တွေကို

ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်ကြီးကလည်း ယုန်လေးရဲ့ အွန်လိုင်း ကြော်ငြာလေးတွေကို စောင့်မျှော်အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Yone Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *