ခ်စ္သူနဲ႔ အမ်ိဳးသားေန႔မွာ လက္ထပ္ေတာ့မွာျဖစ္ေၾကာင္း ေျပာျပခဲ့တဲ့ ႏိုင္းဝမ္း

ႏိုင္းဝမ္းကေတာ့ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ (၉) ရက္ေန႔ (အမ်ိဳးသားေန႔) မွာ ခ်စ္သူေလးနဲ႔ လက္ထပ္ေတာ့မယ္လို႔ ဆိုပါတယ္။ COVID-19 ကူးစက္ေရာဂါ မၿပီးဆုံးေသးတာေၾကာင့္ မဂၤလာပြဲမလုပ္ျဖစ္ေသးတဲ့အေၾကာင္း ေျပာျပလာပါတယ္။ “ လက္ထပ္ဖို႔ စီစဥ္ထားတာကေတာ့ ၾကာပါၿပီ။ ဒီ Covid မျဖစ္ခင္တုန္းကေတာ့ အမ်ိဳးသားေန႔ကို မဂၤလာေဆာင္မလို႔ စီစဥ္ထားတာ။ အခု Covid က

မၿပီးေသးေတာ့ အဲဒီေန႔ကို လက္မွတ္ထိုးဖို႔ စဥ္းစားထားတာပါ။ မဂၤလာပြဲကိုေတာ့ ကြၽန္ေတာ့္ နာမည္နဲ႔ ကြၽန္ေတာ့္ေကာင္မေလး ေမမ်ိဳးသူေက်ာ္ဆိုတဲ့ နာမည္နဲ႔ လိုက္ေအာင္ဆိုၿပီးေတာ့ ၂၀၂၁ ခုႏွစ္ ေမလ (၉) ရက္ေန႔မွာလုပ္ဖို႔ စီစဥ္ထားတာပါ။ Covid က အဲဒီအခ်ိန္ေတာင္ ၿပီးပါ့မလား မသိေတာ့ ကြၽန္ေတာ္လည္း မေျပာတတ္ဘူးျဖစ္ေနတယ္” လို႔ သူက ဆိုပါတယ္။ ႏိုင္းဝမ္းဟာ မဂၤလာေဆာင္ဖို႔အတြက္

အစစအရာရာ အားလုံး ျပင္ဆင္ထားၿပီးၿပီလို႔ သိရပါတယ္။ မဂၤလာပြဲနဲ႔ ပတ္သက္ၿပီး ခ်စ္ဇနီးေလာင္းေလးရဲ႕ စိတ္တိုင္းက်လိုက္ျဖည့္ဆည္းေပးေနတယ္လို႔လည္း သူက ဆိုပါတယ္။ “ ကြၽန္ေတာ့္ ေကာင္မေလးက မဂၤလာပြဲကို ဘယ္လို ေဆာင္ရမွ ဆိုတာမ်ိဳးမရွိဘူး။ သူ႔ရဲ႕ အေတြးေလးေတြကို ကြၽန္ေတာ္ လိုက္ျဖည့္ဆည္းတယ္။ လက္ထပ္လက္စြပ္ ဆိုရင္လည္း ေတာ္ေတာ္မ်ားမ်ားက စိန္နဲ႔လုပ္ၾကတာမ်ားတယ္။ ကြၽန္ေတာ္ကေတာ့

သူလည္းႀကိဳက္ေလာက္တဲ့ ျမန္မာျပည္အတြင္းမွာပဲ ထြက္တဲ့ ရတနာတစ္ခုခုျဖစ္တဲ့ နီလာရယ္၊ စိန္ရယ္၊ ေ႐ႊရယ္ ေပါင္းၿပီးေတာ့ လိုခ်င္တဲ့ ဒီဇိုင္းေလးကို ေသေသခ်ာခ်ာ အပ္တယ္။ SP Gems ဆိုင္ကလည္း ေသေသခ်ာခ်ာလုပ္ေပးထားတယ္။ လက္ထပ္လက္စြပ္ကလည္း အဆင္သင့္ျဖစ္ေနပါၿပီ။ မဂၤလာပြဲ မက်င္းပရေသးတာကိုပဲ ေစာင့္ေနတာပါ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ အဆိုေတာ္ႏိုင္းဝမ္းဟာ

ခ်စ္သူျဖစ္တဲ့ မေမမ်ိဳးသူေက်ာ္နဲ႔ ၂၀၀၉ ခုႏွစ္၊ ၉လပိုင္း၊ ၇ ရက္ေန႔မွာ ခ်စ္သူ စျဖစ္ခဲ့တာလို႔ သိရပါတယ္။ ခ်စ္သူသက္တမ္း(၆) ႏွစ္အၾကာမွာ လက္ထပ္ခြင့္ေတာင္းခံခဲ့တာလို႔ ႏိုင္းဝမ္းက အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္မွာေတာ့ ႏွစ္ဖက္မိဘေတြဆီကေန တဆင့္ ေတာင္းရမ္းေစ့စပ္လိုက္တယ္လို႔လည္း သူက ေျပာပါတယ္။ အခုဆိုရင္ေတာ့ အဆိုေတာ္ ႏိုင္းဝမ္းနဲ႔ မေမမ်ိဳးသူေက်ာ္တို႔ရဲ႕ ခ်စ္သူသက္တမ္းဟာ (၁၁) ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။

Read in UNICODE

နိုင်းဝမ်းကတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့ (အမျိုးသားနေ့) မှာ ချစ်သူလေးနဲ့ လက်ထပ်တော့မယ်လို့ ဆိုပါတယ်။ COVID-19 ကူးစက်ရောဂါ မပြီးဆုံးသေးတာကြောင့် မင်္ဂလာပွဲမလုပ်ဖြစ်သေးတဲ့အကြောင်း ပြောပြလာပါတယ်။ “ လက်ထပ်ဖို့ စီစဉ်ထားတာကတော့ ကြာပါပြီ။ ဒီ Covid မဖြစ်ခင်တုန်းကတော့ အမျိုးသားနေ့ကို မင်္ဂလာဆောင်မလို့ စီစဉ်ထားတာ။ အခု Covid က

မပြီးသေးတော့ အဲဒီနေ့ကို လက်မှတ်ထိုးဖို့ စဉ်းစားထားတာပါ။ မင်္ဂလာပွဲကိုတော့ ကျွန်တော့် နာမည်နဲ့ ကျွန်တော့်ကောင်မလေး မေမျိုးသူကျော်ဆိုတဲ့ နာမည်နဲ့ လိုက်အောင်ဆိုပြီးတော့ ၂၀၂၁ ခုနှစ် မေလ (၉) ရက်နေ့မှာလုပ်ဖို့ စီစဉ်ထားတာပါ။ Covid က အဲဒီအချိန်တောင် ပြီးပါ့မလား မသိတော့ ကျွန်တော်လည်း မပြောတတ်ဘူးဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။ နိုင်းဝမ်းဟာ မင်္ဂလာဆောင်ဖို့အတွက်

အစစအရာရာ အားလုံး ပြင်ဆင်ထားပြီးပြီလို့ သိရပါတယ်။ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ချစ်ဇနီးလောင်းလေးရဲ့ စိတ်တိုင်းကျလိုက်ဖြည့်ဆည်းပေးနေတယ်လို့လည်း သူက ဆိုပါတယ်။ “ ကျွန်တော့် ကောင်မလေးက မင်္ဂလာပွဲကို ဘယ်လို ဆောင်ရမှ ဆိုတာမျိုးမရှိဘူး။ သူ့ရဲ့ အတွေးလေးတွေကို ကျွန်တော် လိုက်ဖြည့်ဆည်းတယ်။ လက်ထပ်လက်စွပ် ဆိုရင်လည်း တော်တော်များများက စိန်နဲ့လုပ်ကြတာများတယ်။ ကျွန်တော်ကတော့

သူလည်းကြိုက်လောက်တဲ့ မြန်မာပြည်အတွင်းမှာပဲ ထွက်တဲ့ ရတနာတစ်ခုခုဖြစ်တဲ့ နီလာရယ်၊ စိန်ရယ်၊ ရွှေရယ် ပေါင်းပြီးတော့ လိုချင်တဲ့ ဒီဇိုင်းလေးကို သေသေချာချာ အပ်တယ်။ SP Gems ဆိုင်ကလည်း သေသေချာချာလုပ်ပေးထားတယ်။ လက်ထပ်လက်စွပ်ကလည်း အဆင်သင့်ဖြစ်နေပါပြီ။ မင်္ဂလာပွဲ မကျင်းပရသေးတာကိုပဲ စောင့်နေတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ အဆိုတော်နိုင်းဝမ်းဟာ

ချစ်သူဖြစ်တဲ့ မမေမျိုးသူကျော်နဲ့ ၂၀၀၉ ခုနှစ်၊ ၉လပိုင်း၊ ၇ ရက်နေ့မှာ ချစ်သူ စဖြစ်ခဲ့တာလို့ သိရပါတယ်။ ချစ်သူသက်တမ်း(၆) နှစ်အကြာမှာ လက်ထပ်ခွင့်တောင်းခံခဲ့တာလို့ နိုင်းဝမ်းက အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ နှစ်ဖက်မိဘတွေဆီကနေ တဆင့် တောင်းရမ်းစေ့စပ်လိုက်တယ်လို့လည်း သူက ပြောပါတယ်။ အခုဆိုရင်တော့ အဆိုတော် နိုင်းဝမ်းနဲ့ မမေမျိုးသူကျော်တို့ရဲ့ ချစ်သူသက်တမ်းဟာ (၁၁) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

Source : Duwun

Add a Comment

Your email address will not be published. Required fields are marked *