လက်ဝှေ့သမားလိုပဲ ဘဝဟာ ထိုးချက်မှန်ဖို့အတွက် သူများထိုးတာကို အရင်ခံရတယ်ဆိုတဲ့ ဖြူဖြူထွေး


Read in UNICODE
လူတိုင်းအပေါ်စေတနာထားတတ်တဲ့ ဖြူဖြူထွေးဟာ သူမရဲ့ အလုပ်တွေကိုအကောင်းဆုံးလုပ်နေဆဲပါပဲ။ ဝေဖန်သူတွေတစ်ချို့ရဲ့စကားတွေဟာလည်း သူမကို နည်းနည်းလေးတောင် ယိမ်းယိုင်မသွားစေဘဲ ဒီထက်ပိုပြီး ပရိသတ်တွေက

အချစ်ပိုလာခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း သူမရဲ့ကြော်ငြာပုံရိပ်လေးတွေအောက်မှာ သူမရဲ့စိတ်ရင်းကိုသိတဲ့သူတစ်ချို့က အားပေးစကားတွေအများကြီးပြောခဲ့တဲ့ အပေါ် ဖြူဖြူကလည်းကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့ပါသေးတယ်။ ချစ်စရာအပြုံးလေးတွေနဲ့ အရမ်းကို

ချစ်ဖို့ကောင်းတဲ့ ဖြူလေးဟာ အရင်ကထက်တောင် အလုပ်တွေပိုပြီးကြိုးစားခဲ့နေပါသေးတယ်။ အားပေးသူပရိသတ်တွေကိုလည်း ” ဘဝဟာ လက်ဝှေ့သမားလိုပဲ ထိုးချက်မှန်ဖို့အတွက် သူများထိုးတာကို အရင်ခံရတယ် ဖြူဖြူပြုံးပြလျှက်ပါ ” ဆိုပြီး သူမက ပြန်လည်အားပေးခဲ့ပါ သေးတယ်။ စိတ်ထားကောင်းတဲ့ဖြူဖြူလေး အလုပ်တွေအများကြီးရပြီး ဒီထက်ပိုအောင်မြင်ပါစေနော်။
Source : Phyu Phyu Htwe’s Facebook