နွေးနွေးချစ်စဖွယ်နဲ့အတူ ဝါတွင်းကာလ ပဌာန်းပူဇော် အဓိဌာန်ပုတီးစိပ်ရင်း ကုသိုလ်ယူနေတဲ့ ယုန်လေး





Read in UNICODE

နွေးနွေးချစ်ဖွယ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရှေ့ ချပြလေ့ရှိပါတယ်။ သူမကတော့ အမိုက်စားဖက်ရှင်လေးတွေ

ကိုလည်း ဝတ်ဆင်လေ့ရှိသူလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ လူမှုကွန်ယက်စာမျက်နှာထက်ကို ချစ်စရာပုံရိပ်လေးတွေ တင်ပေးလေ့ရှိပါတယ်။ သူမကတော့ ယုန်လေးနဲ့အနုပညာအလုပ်တွေကို အတူတကွလုပ်ကိုင်လျက်ရှိနေပြီး

ညီအကိုမောင်နှမတွေလိုခင်မင်ရတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ယုန်လေးနဲ့ နွေးနွေးချစ်ဖွယ်တို့သူငယ်ချင်းနှစ်ယောက်ကတော့ ဝါတွင်းကာလမှာပဌာန်းပူဇော်ပြီး အဓိဌာန်ပုတီးစိပ်ကာ ကုသိုလ်ယူနေကြပါတယ်။ သူမကတော့ ” ဝါတွင်း ၃ လ ပဌာန်းကျမ်းမြတ်တော် ပါဋ္ဌာနပါဠိ ( တတိယအကြိမ်မြှောက် )ပထမတွဲ ပူဇော်ပြီးအောင်မြင်သောနေ့ (26.8.2020) အဓိဌာန်

ဂုဏ်တော်ပုတီး၉ ပတ် သရဏဂုံ ၁၀၀၀ ပူဇော် ( မပြည့်သေးပါ) သစ္စာဆိုမေတ္တာပို့ အမျှဝေ ရောဂါကပ်ကြီးမှ ကင်းဝေးစေဖို့ အထူးဆုတောင်း ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ် ။ ချစ်ပရိသတ်တွေအတွက် နွေးနွေးချစ်ဖွယ်နဲ့ ယုန်လေးတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Nway Nway Chit Phwel ‘s Facebook

Add a Comment

Your email address will not be published. Required fields are marked *