႐ုပ္ရွင္ႏွစ္(၁၀၀)ျပည့္မွာ အကယ္ဒမီ ရန္ေအာင္နဲ႔ ေတြ႕တုန္းေလး အမွတ္တရပံုေလးေတြ ႐ိုက္ကူးခဲ့တဲ့ ေက်ာ္ထက္ေဇာ္

တည္ၾကည္ခန႔္ညားမႈေတြအျပင္ ဆြဲေဆာင္မႈတဲ့ အၿပဳံးေလးေတြနဲ႔ ႏႈတ္ခမ္းနီးမေလးေတြ ရဲ႕ အသည္းေတြကို အခ်ိန္ခဏေလးအတြင္း ေႁခြခ်ႏိုင္ခဲ့တဲ့သူကေတာ့ မင္းသားေခ်ာေလး ေက်ာ္ထက္ေဇာ္ ပဲျဖစ္ပါတယ္။ သူဟာ ” အခ်စ္ဖြဲ႕ေလညင္း ” ႐ုပ္သံဇာတ္လမ္းတြဲေလးထဲမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပိုၿပီးလူသိမ်ားလာခဲ့တာျဖစ္ပါတယ္။ အႏုပညာေလာကမွာ တက္သစ္စသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္လည္း

ဘယ္လို႔ဇာတ္႐ုပ္ေတြမဆို အေကာင္းဆုံး လုပ္ေဆာင္ႏိုင္တာကို ေတြ႕ရပါတယ္။ လတ္တေလာမွာေတာ့ ကပ္ေရာဂါေၾကာင့္ ခဏတာရပ္နားထားခဲ့ရတဲ့ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနရၿပီလည္းျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ခဏတာရပ္နားထားခဲ့ရေပမယ့္လည္း ပရိသတ္ေတြနဲ႔

အဆက္သြယ္မျပတ္သြားေအာင္ ခၾကာခဏဆိုသလို သူ႔ရဲ႕ ေန႔စဥ္လႈပ္ရွားမႈပုံရိပ္ေလးေတြကို ေဖာ္ျပေပးပါတယ္။ ယခုမွာလည္း ေက်ာ္ထက္ေဇာ္ က ျမန္မာ့႐ုပ္ရွင္ ႏွစ္တစ္ရာျပည့္ အတြက္ ႐ိုက္ကူးလုပ္ေနရင္း အမွတ္တရ ႐ိုက္ထားတဲ့ ၾကည္ႏူးစရာပုံရိပ္ေလးေတြကို ပရိသတ္ေတြအတြက္ ေဖာ္ျပလာခဲ့ပါတယ္။ ဒီပုံရိပ္ေလးေတြထဲမွာေတာ့ ေက်ာ္ထက္ေဇာ္က ဝါရင့္အႏုပညာရွင္ျဖစ္တဲ့ အကယ္ဒမီမ်ားရွင္

ရန္ေအာင္နဲ႔ ေတြ႕ဆုံတုန္းေလးမွာ အမွတ္တရ႐ိုက္ထားတဲ့ ပုံေလးေတြပဲျဖစ္ပါတယ္။ ဒီပုံေလးေတြနဲ႔လည္း ေက်ာ္ထက္ေဇာ္ က ” ျမန္မာ့႐ုပ္ရွင္ ႏွစ္တစ္ရာျပည့္အတြက္ ႐ိုက္ကူးေရး အမွတ္တရ “ဆိုၿပီးေရးသားေဖာ္ျပထားပါတယ္။ ကဲ…ခ်စ္ပရိသတ္ႀကီးေရ ယခုမွာေတာ့ က်က္သေရရွိတဲ့ ျမန္မာဝတ္စုံေလးေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ ရန္ေအာင္ နဲ႔ ေက်ာ္ထက္ေဇာ္ တို႔ရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Read in UNICODE

တည်ကြည်ခန့်ညားမှုတွေအပြင် ဆွဲဆောင်မှုတဲ့ အပြုံးလေးတွေနဲ့ နှုတ်ခမ်းနီးမလေးတွေ ရဲ့ အသည်းတွေကို အချိန်ခဏလေးအတွင်း ခြွေချနိုင်ခဲ့တဲ့သူကတော့ မင်းသားချောလေး ကျော်ထက်ဇော် ပဲဖြစ်ပါတယ်။ သူဟာ ” အချစ်ဖွဲ့လေညင်း ” ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပိုပြီးလူသိများလာခဲ့တာဖြစ်ပါတယ်။ အနုပညာလောကမှာ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့်လည်း

ဘယ်လို့ဇာတ်ရုပ်တွေမဆို အကောင်းဆုံး လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ ကပ်ရောဂါကြောင့် ခဏတာရပ်နားထားခဲ့ရတဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေရပြီလည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ရပေမယ့်လည်း ပရိသတ်တွေနဲ့

အဆက်သွယ်မပြတ်သွားအောင် ခကြာခဏဆိုသလို သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာလည်း ကျော်ထက်ဇော် က မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အတွက် ရိုက်ကူးလုပ်နေရင်း အမှတ်တရ ရိုက်ထားတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြလာခဲ့ပါတယ်။ ဒီပုံရိပ်လေးတွေထဲမှာတော့ ကျော်ထက်ဇော်က ဝါရင့်အနုပညာရှင်ဖြစ်တဲ့ အကယ်ဒမီများရှင်

ရန်အောင်နဲ့ တွေ့ဆုံတုန်းလေးမှာ အမှတ်တရရိုက်ထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ကျော်ထက်ဇော် က ” မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အတွက် ရိုက်ကူးရေး အမှတ်တရ “ဆိုပြီးရေးသားဖော်ပြထားပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ရန်အောင် နဲ့ ကျော်ထက်ဇော် တို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : Kyaw Htet Zaw Facebook

Add a Comment

Your email address will not be published. Required fields are marked *