မီးေလာင္ဒဏ္ရာ အ႐ိုးအဆစ္ေရာင္တာအျပင္ ႏွလံုးက်န္းမာေရးပါ ေကာင္းေစတဲ့ ႏွွမ္းဆီရဲ႕အစြမ္း

“ႏွမ္း” ကို “ဆီထြက္တဲ့အေစ့အဆံေတြထဲက ဘုရင္မ” လို႔တင္စားေခၚေဝၚၾကပါတယ္။ ႏွမ္းဆီထုတ္လုပ္တဲ့ “ႏွမ္း”ရဲ႕ သိပၸံနာမည္ကေတာ့ Sesamum indicum ျဖစ္ၿပီး သူ႔ရဲ႕ ခါးသက္သက္အရသာေၾကာင့္ ဟင္းခ်က္ဖို႔ထက္ ဟင္းခတ္အေမႊးအႀကိဳင္လို သုံးၾကတာမ်ားပါတယ္။ ဒီေတာ့ ႏွမ္းဆီကေန ဘယ္လိုအက်ိဳးေက်းဇူးေတြရရွိလာႏိုင္သလည္းဆိုတာသိေစႏိုင္ဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

မီးေလာင္ဒဏ္ရာနဲ႔ အနာတရေတြကို သက္သာေစျခင္း – ႏွမ္းဆီကို ျပင္ပဒဏ္ရာမ်ားနဲ႔ ေလာင္ကြၽမ္းဒဏ္ရာမ်ားအတြက္လည္း အသုံးျပဳႏိုင္ပါတယ္။ ဒဏ္ရာမ်ားနဲ႔ ေလာင္ကြၽမ္းဒဏ္ရာေတြကို သက္သာေစတာဟာ ႏွမ္းဆီမွာပါရွိတဲ့ antioxidant နဲ႔ inflammatory anti-properties တို႔ေၾကာင့္ျဖစ္ႏိုင္တယ္လို႔ဆိုၾကပါတယ္။ အခ်ိဳ႕ေသာသုတသနမ်ားအရ ႏွမ္းဆီသည္

ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အေရျပားပ်က္စီးတာမ်ိဳးမွလည္း ၃၀ ရာခိုင္ႏႈန္းထိ ကာကြယ္ေပးႏိုင္တယ္လို႔ဆိုပါတယ္။ ခိုင္မာတဲ့သုေတသနမ်ားစြာက ႏွမ္းဆီသည္ သဘာဝ SPF ပါရွိတာေၾကာင့္ ေနေရာင္ခံကာကြယ္ေဆးအျဖစ္လည္း အသုံးခ်ႏိုင္တယ္လို႔လည္း သိရပါတယ္။ အ႐ိုးအဆစ္ေရာင္ရမ္းနာေတြကို သက္သာေစပါတယ္ – ႏွမ္းဆီတြင္ ေကာ့ပါး၊ ဇင့္၊ မဂၢနီစီယမ္၊ သံဓါတ္နဲ႔ ကယ္လ္စီယမ္ဓါတ္တို႔ပါရွိပါတယ္။ ဇင့္ နဲ႔ ေကာ့ပါးတို႔က

ေသြးနီဥဆဲလ္ေတြျဖစ္ေပၚေစဖို႔အတြက္ အေထာက္အကူျပဳေပးၿပီး ေသြးလည္ပတ္မႈနဲ႔ ဇီဝျဖစ္စဥ္တို႔ကို ေကာင္းမြန္ေစပါတယ္။ ေကာ့ပါးကေတာ့ အ႐ိုးေတြကို သန္မာေစဖို႔ အားျဖည့္ေပးၿပီး အေရာင္က်ေစတဲ့ အာနိသင္လည္းရွိတာေၾကာင့္ အဆစ္အျမစ္ေတြေရာင္ရမ္းနာက်င္တဲ့ျပႆနာေတြကို သက္သာေစပါတယ္။

ေသြးတြင္းသၾကားဓါတ္ကို ထိန္းခ်ဳပ္ေပးျခင္း – ႏွမ္းဆီသည္ ဆီးခ်ိဳေရာဂါရွိသူမ်ားအတြက္ အေရးႀကီးတဲ့ ေသြးတြင္းသၾကားဓါတ္လြန္ကဲမႈမျဖစ္ေပၚေစရန္ ထိန္းခ်ဳပ္ေပးပါတယ္။ ဆီးခ်ိဳအဆင့္ ၂ ေရာဂါရွိတဲ့ လူ ၄၆ ေယာက္ကို ရက္ ၉၀ၾကာ ႏွမ္းဆီစားသုံးေစၿပီး ေလ့လာစမ္းသပ္မႈေတြျပဳလုပ္ခဲ့ရာမွာ ေသြးတြင္းသၾကားဓါတ္မ်ားျပားမႈ

သိသိသာသာေလ်ာ့နည္းသြားတာကို ေတြ႕ရွိခဲ့ပါတယ္။ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္ – ႏွမ္းဆီတြင္ ျပည့္ဝဆီပါဝင္မႈနည္းပါးၿပီး monounsaturated နဲ႔ polyunsaturated fat ေတြ ပါဝင္ပါတယ္။ ၎ဟာ ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစၿပီး ကိုလက္စထေရာကို ထိန္းညႇိေပးပါတယ္။ ဒါ့အျပင္ ႏွလုံးေသြးေၾကာပိတ္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။Antioxidants

ကိုျမႇင့္တင္ေပးပါတယ္ – ႏွမ္းဆီတြင္ က်န္းမာေရးကိုအက်ိဳးသက္ေရာက္မႈရွိေစတဲ့ antioxidants ႏွစ္ခုျဖစ္တဲ့ sesamol ႏွင့္ sesaminol တို႔ပါ၀င္ပါတယ္။ ၎သည္ Antioxidants ကို ျမႇင့္တင္ေပးတာေၾကာင့္ မူလအရင္းအျမစ္ဆဲလ္ေတြရဲ႕ ပ်က္စီးမႈကိုေလ်ာ့က်ေစၿပီး အဆစ္အျမစ္နာက်င္ေရာင္ရမ္းျခင္းတို႔ကို သက္သာေစပါတယ္။ႏွမ္းဆီကို အသုံးျပဳၿပီး

ေျခဖဝါးေတြကို ႏွိပ္နယ္ေပးတာဟာ ေကာင္းမြန္တဲ့ အိပ္စက္ျခင္းျဖစ္ေပၚေစဖို႔အတြက္ အေထာက္အကူျဖစ္ေစတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ႏွမ္းဆီနဲ႔ ဗီတာမင္-အီး ကို ေရာစပ္ၿပီး ဆံေကသာနက္ေမွာင္သန္စြမ္းဖို႔အတြက္လည္း အသုံးျပဳလို႔ရပါတယ္ဆိုတဲ့အေၾကာင္း ေနာက္ဆုံးအခ်က္တခုအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

Read in UNICODE

“နှမ်း” ကို “ဆီထွက်တဲ့အစေ့အဆံတွေထဲက ဘုရင်မ” လို့တင်စားခေါ်ဝေါ်ကြပါတယ်။ နှမ်းဆီထုတ်လုပ်တဲ့ “နှမ်း”ရဲ့ သိပ္ပံနာမည်ကတော့ Sesamum indicum ဖြစ်ပြီး သူ့ရဲ့ ခါးသက်သက်အရသာကြောင့် ဟင်းချက်ဖို့ထက် ဟင်းခတ်အမွှေးအကြိုင်လို သုံးကြတာများပါတယ်။ ဒီတော့ နှမ်းဆီကနေ ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာနိုင်သလည်းဆိုတာသိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

မီးလောင်ဒဏ်ရာနဲ့ အနာတရတွေကို သက်သာစေခြင်း – နှမ်းဆီကို ပြင်ပဒဏ်ရာများနဲ့ လောင်ကျွမ်းဒဏ်ရာများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒဏ်ရာများနဲ့ လောင်ကျွမ်းဒဏ်ရာတွေကို သက်သာစေတာဟာ နှမ်းဆီမှာပါရှိတဲ့ antioxidant နဲ့ inflammatory anti-properties တို့ကြောင့်ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ အချို့သောသုတသနများအရ နှမ်းဆီသည်

ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးတာမျိုးမှလည်း ၃၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ခိုင်မာတဲ့သုတေသနများစွာက နှမ်းဆီသည် သဘာဝ SPF ပါရှိတာကြောင့် နေရောင်ခံကာကွယ်ဆေးအဖြစ်လည်း အသုံးချနိုင်တယ်လို့လည်း သိရပါတယ်။ အရိုးအဆစ်ရောင်ရမ်းနာတွေကို သက်သာစေပါတယ် – နှမ်းဆီတွင် ကော့ပါး၊ ဇင့်၊ မဂ္ဂနီစီယမ်၊ သံဓါတ်နဲ့ ကယ်လ်စီယမ်ဓါတ်တို့ပါရှိပါတယ်။ ဇင့် နဲ့ ကော့ပါးတို့က

သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့အတွက် အထောက်အကူပြုပေးပြီး သွေးလည်ပတ်မှုနဲ့ ဇီဝဖြစ်စဉ်တို့ကို ကောင်းမွန်စေပါတယ်။ ကော့ပါးကတော့ အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးပြီး အရောင်ကျစေတဲ့ အာနိသင်လည်းရှိတာကြောင့် အဆစ်အမြစ်တွေရောင်ရမ်းနာကျင်တဲ့ပြဿနာတွေကို သက်သာစေပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးခြင်း – နှမ်းဆီသည် ဆီးချိုရောဂါရှိသူများအတွက် အရေးကြီးတဲ့ သွေးတွင်းသကြားဓါတ်လွန်ကဲမှုမဖြစ်ပေါ်စေရန် ထိန်းချုပ်ပေးပါတယ်။ ဆီးချိုအဆင့် ၂ ရောဂါရှိတဲ့ လူ ၄၆ ယောက်ကို ရက် ၉၀ကြာ နှမ်းဆီစားသုံးစေပြီး လေ့လာစမ်းသပ်မှုတွေပြုလုပ်ခဲ့ရာမှာ သွေးတွင်းသကြားဓါတ်များပြားမှု

သိသိသာသာလျော့နည်းသွားတာကို တွေ့ရှိခဲ့ပါတယ်။နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ် – နှမ်းဆီတွင် ပြည့်ဝဆီပါဝင်မှုနည်းပါးပြီး monounsaturated နဲ့ polyunsaturated fat တွေ ပါဝင်ပါတယ်။ ၎င်းဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုလက်စထရောကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောပိတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။Antioxidants

ကိုမြှင့်တင်ပေးပါတယ် – နှမ်းဆီတွင် ကျန်းမာရေးကိုအကျိုးသက်ရောက်မှုရှိစေတဲ့ antioxidants နှစ်ခုဖြစ်တဲ့ sesamol နှင့် sesaminol တို့ပါဝင်ပါတယ်။ ၎င်းသည် Antioxidants ကို မြှင့်တင်ပေးတာကြောင့် မူလအရင်းအမြစ်ဆဲလ်တွေရဲ့ ပျက်စီးမှုကိုလျော့ကျစေပြီး အဆစ်အမြစ်နာကျင်ရောင်ရမ်းခြင်းတို့ကို သက်သာစေပါတယ်။နှမ်းဆီကို အသုံးပြုပြီး

ခြေဖဝါးတွေကို နှိပ်နယ်ပေးတာဟာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းဖြစ်ပေါ်စေဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် နှမ်းဆီနဲ့ ဗီတာမင်-အီး ကို ရောစပ်ပြီး ဆံကေသာနက်မှောင်သန်စွမ်းဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်ဆိုတဲ့အကြောင်း နောက်ဆုံးအချက်တခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

Source : LifeStyleMyanmar

Add a Comment

Your email address will not be published. Required fields are marked *