မနက္စာမစားပဲ လံုးဝမေနသင့္တဲ့ အေၾကာင္းအရင္းမ်ား

အလုပ္ေတြရႈပ္ေနလို႔ ေန႔လည္စာစားဖို႔ေတာင္ ေမ့သြားတယ္ဆိုတာက ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္လည္း တမင္သက္သက္ မနက္စာကိုမစားဘဲေနတာကေတာ့ ေကာင္းတဲ့အႀကံမဟုတ္ဘူးလို႔ ေျပာခ်င္ပါတယ္။ မနက္စာမစားဘဲ ကယ္လိုရီေတြေရွာင္တာ သို႔မဟုတ္

က်န္းမာေရးနဲ႔မညီၫြတ္တဲ့ အစားအေသာက္ေတြမစားမိေအာင္လို႔ဆိုၿပီး ေတြးႏိုင္ေသာ္ျငားလည္း ဗိုက္ျပည့္ေစမယ့္မနက္စာကို စားေပးတာကေတာ့ အင္မတန္ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈတစ္ခုျဖစ္ပါတယ္။ ဒီလိုတစ္ေန႔တာလုံးအတြက္ အေရးႀကီးတဲ့ မနက္စာကို မျဖစ္မေန ဘာလို႔စားေပးသင့္လဲဆိုတဲ့ အေၾကာင္းအရင္းေတြကို ေျပာျပေပးခ်င္ပါတယ္။

အေရးႀကီးတဲ့ အာဟာရဓာတ္ေတြကို ျဖည့္တင္းေပးျခင္း – ေန႔ခင္းေနာက္ပိုင္းေတြမွာ သိပ္ၿပီးမစားသုံးျဖစ္တဲ့ ကယ္လ္စီယမ္၊ ပိုတက္စီယမ္၊ သံဓာတ္၊ ဗီတာမင္ဒီႏွင့္ ဖိုက္ဘာတို႔လို အာဟာရဓာတ္ေတြကို မနက္ခင္းမွာ စားသုံးေပးသင့္ပါတယ္။ မနက္စာကိုမစားျခင္းက

ႏွလုံးေသြးေၾကာက်ဥ္းေရာဂါျဖစ္ႏိုင္ေျခကို ျမင့္တက္ေစႏိုင္တယ္လို႔ American College of Cardiology မွျပဳလုပ္တဲ့ သုေတသနေတြက ေဖာ္ျပထားပါတယ္။ မနက္စာက တစ္ေန႔တာအတြက္ အားျဖည့္ေပးျခင္း – အင္မတန္အလုပ္ေတြရႈပ္လွတဲ့ တစ္ေန႔တာကို အေကာင္းဆုံးျဖတ္သန္းႏိုင္ဖို႔အတြက္ မနက္စာဆိုတဲ့ ေလာင္စာကို လူတိုင္းလိုအပ္ပါတယ္။ ဗိုက္ထဲမွာဘာအစာမွမရွိတဲ့

ခႏၶာကိုယ္ကို တစ္မနက္လုံး လႈပ္လႈပ္ရွားရွားအလုပ္လုပ္ခိုင္းျခင္းက ဆီမရွိ၊ ဂတ္စ္မရွိတဲ့ကားကို ေမာင္းခိုင္းေနသလိုျဖစ္ေနပါတယ္။ မနက္ခင္းမွာကတည္းက ခႏၶာကိုယ္ကို အစားအစာျဖည့္တင္းထားမယ္ဆိုရင္ေတာ့ တစ္ေနကုန္သြားလာလႈပ္ရွားႏိုင္မွာျဖစ္ပါတယ္။

မနက္စာက ေန႔လည္ေန႔ခင္းေတြမွာ ေနလို႔ထိုင္လို႔ေကာင္းေစျခင္း – မနက္အိပ္ရာထတဲ့အခ်ိန္ ဗိုက္မဆာဘူးဆိုရင္ မနက္စာကိုမစားလည္း ဘာမွမျဖစ္ပါဘူး။ ဒါေပမယ့္ ဗိုက္ဆာေနတာကို လ်စ္လ်ဴရႈၿပီး ေန႔လည္စာအထိ ေတာင့္ခံေနမယ္ဆိုရင္ေတာ့ ပင္ပန္းသလိုခံစားရၿပီး

ပိုၿပီးေတာ့လည္း ဆာေလာင္ေနမွာျဖစ္ပါတယ္။ ေန႔လည္ခင္းအထိ ဘာမွမစားဘဲေနမယ္ဆိုရင္ ေႏွးေကြးေလးလံေနသလို၊ စိတ္ကသိကေအာက္ျဖစ္ေနသလိုနဲ႔ အာ႐ုံစူးစိုက္လို႔မရသလိုမ်ိဳးေတြ ခံစားလာရႏိုင္ပါတယ္။မနက္စာမစားလို႔ ကယ္လိုရီကိုမေလွ်ာ့ခ်ႏိုင္ပါဘူး – လူအမ်ားစုက ကယ္လိုရီေတြေလွ်ာ့ခ်ဖို႔ဆိုၿပီးေတာ့ မနက္စာမစားဘဲ ေနၾကတယ္ေပမယ့္လည္း တကယ္တမ္းက ေျပာင္းျပန္ျဖစ္ေစပါတယ္။ ဗိုက္ဆာတဲ့အခ်ိန္မွာမစားဘဲ

အခ်ိန္အၾကာႀကီး ေစာင့္ေနၿပီးမွ စားမယ္လို႔ထိုင္လိုက္ခ်ိန္မွာ စားခ်င္စိတ္ကိုမထိန္းႏိုင္ေတာ့လို႔ လိုတာထက္ကို ပိုၿပီးစားသုံးမိႏိုင္ပါတယ္။ ဒါေၾကာင့္ မနက္ေစာေစာ အိပ္ရာထလို႔ ဗိုက္ဆာေနတဲ့အခ်ိန္မွာ မနက္စာကိုစားေပးျခင္းက အေကာင္းဆုံးပါပဲ။

မနက္စာမစားျခင္းက ေသြးတြင္းသၾကားဓါတ္ကို ကေသာင္းကနင္းျဖစ္ေစျခင္း – တစ္ေန႔တာလုံးရဲ႕အဆုံးသတ္ညေနခင္းမွာ အားလုံးဝမရွိေတာ့ဘဲ ပင္ပန္းႏြမ္းနယ္ေနသလိုမ်ိဳး ခံစားေနရပါသလား။ ေန႔လည္ေန႔ခင္းေတြမွာ အိပ္ငိုက္တယ္၊ အစာမစားရေသးခင္ စိတ္တိုတယ္၊ အစားမစားျဖစ္ဘူးဆို

ေခါင္းေတြကိုက္တယ္ ဒီလိုအေျခအေနမ်ိဳးေတြဟာ သင့္ရဲ႕ခႏၶာကိုယ္က ေသြးတြင္းသၾကားဓါတ္ပမာဏကို ထိန္းခ်ဳပ္ႏိုင္စြမ္းရည္ ေလ်ာ့က်လာၿပီဆိုတာကို ျပသေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ပ႐ိုတင္း၊ ကာဗိုဟိုက္ဒရိတ္၊ အဆီတို႔ပါဝင္တဲ့ မနက္စာကို စားေပးျခင္းက ေသြးတြင္းသၾကားဓါတ္ပမာဏကို ပုံမွန္ျဖစ္ေစကာ အားအင္ကိုလည္းတိုးေစမွာျဖစ္ပါတယ္။

Read in UNICODE

အလုပ်တွေရှုပ်နေလို့ နေ့လည်စာစားဖို့တောင် မေ့သွားတယ်ဆိုတာက ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း တမင်သက်သက် မနက်စာကိုမစားဘဲနေတာကတော့ ကောင်းတဲ့အကြံမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ မနက်စာမစားဘဲ ကယ်လိုရီတွေရှောင်တာ သို့မဟုတ်

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေမစားမိအောင်လို့ဆိုပြီး တွေးနိုင်သော်ငြားလည်း ဗိုက်ပြည့်စေမယ့်မနက်စာကို စားပေးတာကတော့ အင်မတန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒီလိုတစ်နေ့တာလုံးအတွက် အရေးကြီးတဲ့ မနက်စာကို မဖြစ်မနေ ဘာလို့စားပေးသင့်လဲဆိုတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။

အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးခြင်း – နေ့ခင်းနောက်ပိုင်းတွေမှာ သိပ်ပြီးမစားသုံးဖြစ်တဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ ဗီတာမင်ဒီနှင့် ဖိုက်ဘာတို့လို အာဟာရဓာတ်တွေကို မနက်ခင်းမှာ စားသုံးပေးသင့်ပါတယ်။ မနက်စာကိုမစားခြင်းက

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ American College of Cardiology မှပြုလုပ်တဲ့ သုတေသနတွေက ဖော်ပြထားပါတယ်။ မနက်စာက တစ်နေ့တာအတွက် အားဖြည့်ပေးခြင်း – အင်မတန်အလုပ်တွေရှုပ်လှတဲ့ တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက် မနက်စာဆိုတဲ့ လောင်စာကို လူတိုင်းလိုအပ်ပါတယ်။ ဗိုက်ထဲမှာဘာအစာမှမရှိတဲ့

ခန္ဓာကိုယ်ကို တစ်မနက်လုံး လှုပ်လှုပ်ရှားရှားအလုပ်လုပ်ခိုင်းခြင်းက ဆီမရှိ၊ ဂတ်စ်မရှိတဲ့ကားကို မောင်းခိုင်းနေသလိုဖြစ်နေပါတယ်။ မနက်ခင်းမှာကတည်းက ခန္ဓာကိုယ်ကို အစားအစာဖြည့်တင်းထားမယ်ဆိုရင်တော့ တစ်နေကုန်သွားလာလှုပ်ရှားနိုင်မှာဖြစ်ပါတယ်။

မနက်စာက နေ့လည်နေ့ခင်းတွေမှာ နေလို့ထိုင်လို့ကောင်းစေခြင်း – မနက်အိပ်ရာထတဲ့အချိန် ဗိုက်မဆာဘူးဆိုရင် မနက်စာကိုမစားလည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဗိုက်ဆာနေတာကို လျစ်လျူရှုပြီး နေ့လည်စာအထိ တောင့်ခံနေမယ်ဆိုရင်တော့ ပင်ပန်းသလိုခံစားရပြီး

ပိုပြီးတော့လည်း ဆာလောင်နေမှာဖြစ်ပါတယ်။ နေ့လည်ခင်းအထိ ဘာမှမစားဘဲနေမယ်ဆိုရင် နှေးကွေးလေးလံနေသလို၊ စိတ်ကသိကအောက်ဖြစ်နေသလိုနဲ့ အာရုံစူးစိုက်လို့မရသလိုမျိုးတွေ ခံစားလာရနိုင်ပါတယ်။မနက်စာမစားလို့ ကယ်လိုရီကိုမလျှော့ချနိုင်ပါဘူး – လူအများစုက ကယ်လိုရီတွေလျှော့ချဖို့ဆိုပြီးတော့ မနက်စာမစားဘဲ နေကြတယ်ပေမယ့်လည်း တကယ်တမ်းက ပြောင်းပြန်ဖြစ်စေပါတယ်။ ဗိုက်ဆာတဲ့အချိန်မှာမစားဘဲ

အချိန်အကြာကြီး စောင့်နေပြီးမှ စားမယ်လို့ထိုင်လိုက်ချိန်မှာ စားချင်စိတ်ကိုမထိန်းနိုင်တော့လို့ လိုတာထက်ကို ပိုပြီးစားသုံးမိနိုင်ပါတယ်။ ဒါကြောင့် မနက်စောစော အိပ်ရာထလို့ ဗိုက်ဆာနေတဲ့အချိန်မှာ မနက်စာကိုစားပေးခြင်းက အကောင်းဆုံးပါပဲ။

မနက်စာမစားခြင်းက သွေးတွင်းသကြားဓါတ်ကို ကသောင်းကနင်းဖြစ်စေခြင်း – တစ်နေ့တာလုံးရဲ့အဆုံးသတ်ညနေခင်းမှာ အားလုံးဝမရှိတော့ဘဲ ပင်ပန်းနွမ်းနယ်နေသလိုမျိုး ခံစားနေရပါသလား။ နေ့လည်နေ့ခင်းတွေမှာ အိပ်ငိုက်တယ်၊ အစာမစားရသေးခင် စိတ်တိုတယ်၊ အစားမစားဖြစ်ဘူးဆို

ခေါင်းတွေကိုက်တယ် ဒီလိုအခြေအနေမျိုးတွေဟာ သင့်ရဲ့ခန္ဓာကိုယ်က သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းချုပ်နိုင်စွမ်းရည် လျော့ကျလာပြီဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီတို့ပါဝင်တဲ့ မနက်စာကို စားပေးခြင်းက သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်ဖြစ်စေကာ အားအင်ကိုလည်းတိုးစေမှာဖြစ်ပါတယ်။

Source : Life StyleMyanmar

Add a Comment

Your email address will not be published. Required fields are marked *