ချစ်ဇနီးလေး စိတ်ဆိုးနေလို့ ပရိသတ်တွေဆီပါ အကူအညီတောင်းခဲ့ရတဲ့ နေဝင်း
Read in UNICODE
ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ အိမ်ထောင်ရှင်စုံတွဲလေးကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုတော် နေဝင်းကတော့ ချစ်ဇနီးသည် ခရီးသွားBloggerမလေး အိမ့်ချစ်ချောအပေါ်မှာ ချစ်တတ်လွန်းတဲ့ အပြုအမူလေးတွေဟာ မိန်းကလေးပရိသတ်တွေကြားမှာ အားကျရတဲ့အထိကို
ဖြစ်ခဲ့တာလို့ ဆိုရမှာပါ.။ ချစ်ဇနီးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အဖြစ်လေးကတော့ ပရိသတ်တွေကြားမှာ ရိုမန့်တစ်ဆန်တဲ့ အဖြစ်အပျက်လေးတစ်ခုအဖြစ် ကျန်ရှိနေခဲ့တာပဲဖြစ်ပါတယ်နော်.။ လက်ရှိမှာတော့ ပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝလေးကို ဖြတ်သန်းနေပြီး မင်္ဂလာပွဲကိုတော့ Covid ဖြစ်နေတဲ့ အခြေအနေကြောင့် ပွဲတော့ မကျင်းပခဲ့ပေမယ့် တရားရုံးမှာ လက်မှတ်ထိုးခဲ့ကြတာပဲဖြစ်ပါတယ်.။ မိန်းမကို ချစ်တတ်သူ နေဝင်းကတော့
သြဂုတ်လ (၂၄)ရက်နေ့မှာတော့ ချစ်ဇနီးစိတ်ဆိုးအောင် လုပ်လိုက်မိပြီး Facebook မှာ Blockခံလိုက်ရလို့ ပရိသတ်တွေကို အကူအညီတောင်းရတဲ့ပိုစ့်လေးကို “မိန်းမက စိတ်ကောက်ပြီး block ပြီး unfriend လုပ်သွားတယ်.။ အခုတော့ block တော့ ရသွားပြီ.။ ပြန် addထားကာ .။ accept မလုပ်ပေးသေးဘူး.။ ဝိုင်းလှော်ပေးပါဦး.။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ နာရီပိုင်းအကြာမှာတော့ ပရိသတ်တွေနဲ့
ဝိုင်းပြောပေးကြတဲ့ သူတွေကြောင့် ပြန်Accept လုပ်လိုက်တဲ့အကြောင်းလေးကို အိမ့်ချစ်ချောက “ကူပြောပေးတဲ့ သူတွေကြောင့် accept လိုက်တယ်.။” ဆိုပြီး သူမရဲ့ my Day မှာ တင်လာခဲ့ပါတယ်.။ ဘီးကျဲကြီး နေဝင်းတစ်ယောက် ချစ်ဇနီးစိတ်ကောက်ပြေဖို့ ပရိသတ်တွေဆီကနေ အကူအညီယူခဲ့ရတဲ့အထိကို စိတ်ကောက်တာမခံနိုင်တဲ့အထိကို ချစ်တတ်လွန်းသူပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source : Nay Win’s Facebook
Add a Comment
Your email address will not be published. Required fields are marked *