အလုပ္ေတြေၾကာင့္ စိတ္ပင္ပန္းလူပင္ပန္းေပမယ့္ အလွဴေလးေတြလုပ္လိုက္ရရင္ ရင္ထဲေအးခ်မ္းသြားတယ္ဆိုတဲ့ ျဖဴျဖဴေထြး

စိတ္ေစတနာေကာင္းတဲ့ သေဘာျဖဴေတာသူ ျဖဴျဖဴေထြးဟာ သူမကိုယ္တိုင္လည္းေကာင္းေအာင္ေနသလို ပတ္ဝန္းက်င္ကိုလည္း အၿမဲတမ္း ေကာင္းက်ိဳးျပဳသူတစ္ေယာက္ပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က အႏုပညာရွင္တစ္ေယာက္နဲ႔ နားလည္မႈလြဲတဲ့ကိစၥေလးေတြရွိခဲ့ေပမယ့္

ျဖဴျဖဴ႕ရဲ႕ဆိုလိုရင္းစိတ္ထားကိုေတာ့ ပရိသတ္ေတြက နားလည္ၿပီးသားမို႔ အေထြးအထူး မျဖစ္ခဲ့ပါဘူး။ ဒီေန႔မွာလည္း ေၾကာ္ျငာေလးေတြ႐ိုက္ကူးၿပီးေနာက္ သူမရဲ႕ထုံးစံအတိုင္း ပါဝင္သူ အႏုပညာရွင္ ေတြကို လိုအပ္တာေလးေတြအျပင္ အႏုပညာေၾကးကိုပါ ကန္ေတာ့ၿပီး

ကုသိုလ္ယူခဲ့ပါေသး တယ္။ အႏုပညာအလုပ္အတူတူတြဲမလုပ္ဖူးတဲ့သူကိုေတာင္ အိမ္ထိလာၿပီး အကူအညီေတာင္း တာေၾကာင့္ အိမ္ထဲေခၚၿပီး ကန္ေတာ့ကာ ကူညီေပးလိုက္ပါေသးတယ္။ သူမထက္သက္ႀကီးဝါႀကီးတဲ့အႏုပညာရွင္ေတြကို ကန္ေတာ့တဲ့ပုံရိပ္ေလးေတြကို ” ႐ိုက္ကူးေရး ေတြနဲ႔

လူလဲပင္ပန္း စိတ္လဲပင္ပန္းေပ မယ့္ ပီတိေလးေတြက ရင္ထဲကို ေအးခ်မ္းေစတယ္ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ အၿမဲတမ္းစိတ္ထားျဖဴစင္ေအာင္ထားၿပီး ဒုကၡေရာက္ေနတဲ့ သူတိုင္းကို လည္း အဆင္ေျပသေလာက္ ကူညီတတ္သူေလးမို႔ ေအာင္ျမင္မႈေတြ ဒီထက္မကတိုးပြားပါေစ ျဖဴေလးေရ။

Read in UNICODE

စိတ်စေတနာကောင်းတဲ့ သဘောဖြူတောသူ ဖြူဖြူထွေးဟာ သူမကိုယ်တိုင်လည်းကောင်းအောင်နေသလို ပတ်ဝန်းကျင်ကိုလည်း အမြဲတမ်း ကောင်းကျိုးပြုသူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က အနုပညာရှင်တစ်ယောက်နဲ့ နားလည်မှုလွဲတဲ့ကိစ္စလေးတွေရှိခဲ့ပေမယ့်

ဖြူဖြူ့ရဲ့ဆိုလိုရင်းစိတ်ထားကိုတော့ ပရိသတ်တွေက နားလည်ပြီးသားမို့ အထွေးအထူး မဖြစ်ခဲ့ပါဘူး။ ဒီနေ့မှာလည်း ကြော်ငြာလေးတွေရိုက်ကူးပြီးနောက် သူမရဲ့ထုံးစံအတိုင်း ပါဝင်သူ အနုပညာရှင် တွေကို လိုအပ်တာလေးတွေအပြင် အနုပညာကြေးကိုပါ ကန်တော့ပြီး

ကုသိုလ်ယူခဲ့ပါသေး တယ်။ အနုပညာအလုပ်အတူတူတွဲမလုပ်ဖူးတဲ့သူကိုတောင် အိမ်ထိလာပြီး အကူအညီတောင်း တာကြောင့် အိမ်ထဲခေါ်ပြီး ကန်တော့ကာ ကူညီပေးလိုက်ပါသေးတယ်။ သူမထက်သက်ကြီးဝါကြီးတဲ့အနုပညာရှင်တွေကို ကန်တော့တဲ့ပုံရိပ်လေးတွေကို ” ရိုက်ကူးရေး တွေနဲ့

လူလဲပင်ပန်း စိတ်လဲပင်ပန်းပေ မယ့် ပီတိလေးတွေက ရင်ထဲကို အေးချမ်းစေတယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ အမြဲတမ်းစိတ်ထားဖြူစင်အောင်ထားပြီး ဒုက္ခရောက်နေတဲ့ သူတိုင်းကို လည်း အဆင်ပြေသလောက် ကူညီတတ်သူလေးမို့ အောင်မြင်မှုတွေ ဒီထက်မကတိုးပွားပါစေ ဖြူလေးရေ။

Source : Phyu Phyu Htwe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *