သံဃာတော်(၁၀၈)ပါးတိတိ ပုဂံမှာ အာရုံဆွမ်းလောင်းလှူခဲ့တဲ့ ဝတ်မှုံရွှေရည်





Read in UNICODE

ပရိတ်သတ်တွေ ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက် တစ်ယောက်ပဲဖြစ်ပါတယ် ။ ကိုဗစ်ကာလကြောင့် အနုပညာလုပ်ငန်းတွေရပ်နားထားရတဲ့ အချိန်မှာ ကစ်တစ်ယောက် ခရီးတွေသွားရင်း

အလှူအတန်းတွေ လည်း ပြုလုပ်လျက်ရှိပါတယ် ။ ကစ်တစ်ယောက် ကိုဗစ်ကာလမှာ အလှူအတန်းတွေ လက်လှမ်းမီသလောက်ပြုလုပ်ခဲ့သလို မကြာသေးခင်ကလည်း ဝမ်းရေးအတွက်သွားလာနေရတဲ့ သက်ကြီးရွယ်အိုတွေ ၊ နေ့စားလုပ်သားတွေ ၊မယ်သီ လရှင်တွေ

နဲ့ တိုင်းပြည်သန့်ရှင်းရေး‌အတွက် မရှိမဖြစ် စည်ပင်ဝန်ထမ်းတွေကို အစားအသောက်နဲ့ငွေကြေးတွေထောက်ပံပြီး အလှူဒါနပြုခဲ့ပါသေးတယ်။ လတ်တလောမှာတော့ ပုဂံမြို့လောကနန္ဒာစာသင်တိုက်မှာ သံဃာတော် အပါး၁၈၀ကိုအာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ် ။ ကစ်ရဲ့ အမာခံပရိသတ်တွေကတော့

ကစ်က အလှူနဲ့ ပတ်သတ်လာရင် သဒ္ဒါတရား တွေ အရမ်းထက်သန်တယ် ဆိုတဲ့ မှတ်ချက်လေးတွေနဲ့အတူ ကစ်ရဲ့အလှူအတွက် သာဓုတွေ ခေါ်ဆိုထားကြတာလည်း တွေ့ရပါတယ် ။ ကစ်ကို ချစ်တဲ့ ပရိသတ်ကြီးအတွက် သူမရဲ့ အေးချမ်းတဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Wutt Hmone ShweYi’s Facebook

Add a Comment

Your email address will not be published. Required fields are marked *