သက္မြန္ျမင့္နဲ႔အတူ ႐ုပ္ရွင္႐ိုက္ရင္း အားနာေနရေၾကာင္း ေျပာျပခဲ့တဲ့ ေက်ာ္ရဲေအာင္ရဲ႕ သမီးျဖစ္သူ မွံုနံ့သာ ေက်ာ္ရဲေအာင္

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြမ်ားစြာရရွိထားၾကတဲ့ ျပည္သူ႔အခ်စ္ေတာ္ အႏုပညာရွင္ေတြရဲ႕ မ်ိဳးဆက္သစ္ရင္ေသြးေလးေတြထဲမွာ ေက်ာ္ရဲေအာင္ရဲ႕သမီးေခ်ာေလး မႈံနံ႔သာေက်ာ္ရဲေအာင္ကလည္း အပါအဝင္ပါပဲ..။ ခ်စ္စရာေကာင္းၿပီး ဆြဲေဆာင္မႈရွိတဲ့ပုံရိပ္ေလးေတြေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုေနရတဲ့ မႈံနံ႔သာေက်ာ္ရဲေအာင္ကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ အသက္ (၂၁)ႏွစ္ျပည့္သြားခဲ့တာပဲ

ျဖစ္ပါတယ္ေနာ္..။ ပရိသတ္ေတြကေတာ့ မင္းသားႀကီးေက်ာ္ရဲေအာင္ကို တစ္ခဲနက္အားေပးခ်စ္ခင္ၾကသလို သူ႔ရဲ႕သမီးေလး မႈံနံ႔သာေက်ာ္ရဲေအာင္ကိုလည္း ခ်စ္ခင္ၾကတာ ေတြ႕ရၿပီး မႈံနံ႔သာေလးကလည္း အခုဆိုရင္ ဇာတ္ကားေတြလည္း ႐ိုက္ကူးေနၿပီ ျဖစ္ပါတယ္ေနာ္..။ မႈံနံ႔သာေလးဟာ ဝါရင့္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ သက္မြန္ျမင့္၊ ထြန္းကိုကိုတို႔နဲ႔အတူ ဇာတ္လမ္းတြဲေလး ႐ိုက္ကူးေနတာျဖစ္ၿပီး

သူမရဲ႕ကာ႐ိုက္တာေလးအျပင္ ဇာတ္ကားအတူ႐ိုက္ရင္း သက္မြန္ကို အရမ္းအားနာရတဲ့ အေၾကာင္းေလးကိုလည္း ေျပာျပလာပါတယ္ေနာ္..။ “မသက္မြန္ကေတာ့ စီနီယာေပါ့ေနာ္ သမီးတို႔ထက္ အမ်ားႀကီး ညီမကိုလည္း လက္တြဲေခၚေပးပါတယ္ ညီမကိုလည္း သ႐ုပ္ေဆာင္တာ ဘာညာမွားေနရင္လည္း ကူညီေပးပါတယ္ စီးရီးမ႐ိုက္ခင္ကတည္းက ေၾကာက္ေနတာ မသက္မြန္တို႔ကို အရမ္းအားနာတယ္ စကားေျပာတာလည္း

အရမ္းျမန္ေတာ့ ထိန္းေျပာရတယ္ စိတ္ဖိစီးမႈအရမ္းမ်ားတယ္ ကိုယ္မလုပ္ႏိုင္မွာလည္း အရမ္းစိုးရိမ္တယ္..” ဆိုၿပီး ေျပာျပထားတာ ျဖစ္ပါတယ္ေနာ္..။ ကဲ.. ဒီကေန႔ေလးမွာေတာ့ ခ်စ္ရတဲ့ ပရိသတ္ေတြအတြက္ သူမရဲ႕ ဇာတ္ကားအေၾကာင္းေလးနဲ႔ ပါဝင္သ႐ုပ္ေဆာင္ျဖစ္တဲ့ အေၾကာင္းေလးေတြကို ေျပာျပထားတဲ့ မႈံနံ႔သာေက်ာ္ရဲေအာင္ရဲ႕ ဗီဒီယိုဖိုင္ေလးကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Read in UNICODE

အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်ရင်သွေးလေးတွေထဲမှာ ကျော်ရဲအောင်ရဲ့သမီးချောလေး မှုံနံ့သာကျော်ရဲအောင်ကလည်း အပါအဝင်ပါပဲ..။ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ မှုံနံ့သာကျော်ရဲအောင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသက် (၂၁)နှစ်ပြည့်သွားခဲ့တာပဲ

ဖြစ်ပါတယ်နော်..။ ပရိသတ်တွေကတော့ မင်းသားကြီးကျော်ရဲအောင်ကို တစ်ခဲနက်အားပေးချစ်ခင်ကြသလို သူ့ရဲ့သမီးလေး မှုံနံ့သာကျော်ရဲအောင်ကိုလည်း ချစ်ခင်ကြတာ တွေ့ရပြီး မှုံနံ့သာလေးကလည်း အခုဆိုရင် ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်နော်..။ မှုံနံ့သာလေးဟာ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ သက်မွန်မြင့်၊ ထွန်းကိုကိုတို့နဲ့အတူ ဇာတ်လမ်းတွဲလေး ရိုက်ကူးနေတာဖြစ်ပြီး

သူမရဲ့ကာရိုက်တာလေးအပြင် ဇာတ်ကားအတူရိုက်ရင်း သက်မွန်ကို အရမ်းအားနာရတဲ့ အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။ “မသက်မွန်ကတော့ စီနီယာပေါ့နော် သမီးတို့ထက် အများကြီး ညီမကိုလည်း လက်တွဲခေါ်ပေးပါတယ် ညီမကိုလည်း သရုပ်ဆောင်တာ ဘာညာမှားနေရင်လည်း ကူညီပေးပါတယ် စီးရီးမရိုက်ခင်ကတည်းက ကြောက်နေတာ မသက်မွန်တို့ကို အရမ်းအားနာတယ် စကားပြောတာလည်း

အရမ်းမြန်တော့ ထိန်းပြောရတယ် စိတ်ဖိစီးမှုအရမ်းများတယ် ကိုယ်မလုပ်နိုင်မှာလည်း အရမ်းစိုးရိမ်တယ်..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။ ကဲ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဇာတ်ကားအကြောင်းလေးနဲ့ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့ အကြောင်းလေးတွေကို ပြောပြထားတဲ့ မှုံနံ့သာကျော်ရဲအောင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *