သမီးလေး အသက်(၃)နှစ်ပြည့်မွေးနေ့မှာ ကိုယ်ဝန်ဆောင်စဉ်က ရင်တွင်းခံစားချက်တွေကို ပြောပြခဲ့တဲ့ အေသင်ချိုဆွေ
Read in UNICODE
သမီးလေးရှေ့မှာ မားမားမတ်မတ်ရပ်တည်ရင်း ကာကွယ်ပေးခဲ့တဲ့ မေမေအေသင်ဟာ သမီးလေးရဲ့ သုံးနှစ်ပြည့်မွေးနေ့လေးမှာ သူမရဲ့ခံစားချက်တစ်ချို့ကို ” Happy Birthday mommy’s ivy lay (မြန်မာလိုဆို မေမေ့ နွယ်ပင်လေးပေါ့) လွန်ခဲ့တဲ့ (၃) နှစ်က ဒီလိုနေ့မျိုး ဒီအချိန်လောက်ဆို
မေမေ ခွဲခန်းထဲဝင်ဖို့ ready ဖြစ်နေပြီ။ မေမေ့ဘေးနားမှာ ဘွားဘွားရယ် ခွါးခွါရယ် မေမေမသိတဲ့ Nurse တွေရယ်ပဲရှိပေမယ့် မေမေ တစက်လေးမှ မကြောက်မိပါဘူးကွယ်။ ” ” မေမေ့ ပြောသမျှ ဗိုက်ထဲကနေ နားထောင်ပေးနေရှာတဲ့ မေမေ့အိုင်ဗီလေးတွေကို တွေ့ချင်နေပြီမို့ ပြုံးစိစိနဲ့ ပျော်နေတာ။ Nurse တွေက
အဖေနာမည် ဖြည့်ဖို့မေးတာတောင် မေမေ က စိတ်တိုဝမ်းနည်းရမယ့်အစား သူတို့ကို မျက်နာပြောင်ပြီး လျှောက်စနေနိုင်သေး တာ။ ထားပါတော့ မေမေ့ဘဝအချိုးအကွေ့တွေထဲမှာ မေမေ့ဘဝထဲကို သမီးလေးရောက်ရှိလာခြင်းက မေမေ့ဘဝအတွက် ကြီးမားဆုံး ဘုရားပေးတဲ့
လက်ဆောင်တခုပါ။ ရတနာထက်တောင်ပိုတန်ဖိုး ရှိပါတယ်။ ” ” မေမေ့ဗီးလေး စိတ်ထားကောင်းမွန်ပြီး လောဘ၊ဒေါသ၊မောဟ၊မာန၊ဟန်ဆောင်မှုတွေကင်းတဲ့ ဘဝတခုကိုဖန်တီးနိုင်မယ်ဆိုတာ မေမေ အပြည့်အဝယုံကြည်ပါတယ်။ Happy Birthday
May May Vee Love of my life ” ဆိုပြီး သမီးလေးအတွက် မွေးနေ့ဆုတောင်းစကား လေး ပြောခဲ့ပါတယ်။ Happy Birthday ပါ ဗီးဗီးရေ လုံခြုံမှုအပြည့်နဲ့ ပျော်စရာဘဝလေးတစ်ခုကို မေမေနဲ့အတူ အချိန်အကြာကြီး ပိုင်ဆိုင်နိုင်ပါစေနော်။
Source : Athen Cho Swe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *