စိုင်းစိုင်းနဲ့ ထွန်းထွန်းတိုနဲ့အတူ မနှစ်က ဘောလုံးပွဲတုန်းက အပြုံးကိုယ်စီနဲ့ပုံတွေ မျှဝေခဲ့တဲ့ ယုန်လေး





Read in UNICODE

ယုန်လေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ စိတ်သဘောထားကောင်းပြီး အကူအညီလိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်ပါဝင်ကူညီလေ့ရှိတဲ့ ယုန်လေးကတော့ သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့

ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်ခဲ့ပါတယ်။ ဒါရိုက်တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေခဲ့တဲ့ ယုန်လေးကတော့ ပရိသတ်တွေ အချစ်ပိုရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ ယုန်လေးကတော့ အပြုံးလေးတွေနဲ့ လူတိုင်းကို

ပြောဆိုဆက်ဆံတတ်သူလေးပဲ ဖြစ်ပါတယ်။ယုန်လေးကတော့ ယခုမှာ စိုင်းစိုင်း ၊ ထွန်းထွန်းတို့နဲ့ အတူ ပျော်ရွှင်ရယ်မောနေတဲ့ အမှတ်တရပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။ ယုန်လေးကတော့ ” ဒီကောင်လေး ၃ ယောက်ကို ကြည့်ခြင်းအားဖြင့် သင့်တို့ စိတ်တွေ အေးချမ်း ကြည်လင်စေပါသည်Memory ပြန်တက်လာလို့ပါ

မနှစ်က ဘောလုံးပွဲတုန်းက ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ယုန်လေး၊ စိုင်းစိုင်းခမ်းလိုင်၊ ထွန်းထွန်းတို့ သုံးယောက်ရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Yone Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *