ကားလမ္းေတြေပၚမွာ ၾကက္ဥေခါက္မုန္႔ေရာင္းေနတဲ့ အဖြားဆီက ရွိသမွ်အကုန္ဝယ္ၿပီး ကူညီအလွဴျပဳခဲ့တဲ့ ေဘဘီေမာင္

လက္မေႏွးပဲ အလႉေတြဆို လႉဒါန္းတတ္လို႔ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို မ်ားစြာရရွိထားတဲ့ သူေလးကေတာ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ေဘဘီေမာင္ပဲျဖစ္ပါတယ္။ ေဘဘီက အႏုပညာလမ္းေၾကာင္းထက္ကို photo modelတစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနတဲ့ သူေလးပါ။ သ႐ုပ္ေဆာင္ရာမွာလည္း ပီျပင္ေကာင္းမြန္ၿပီး

ဇာတ္႐ုပ္ကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္တတ္တာျဖစ္လို႔ သူမပါဝင္ထားတဲ့ ဇာတ္ကားေတြကို ပရိသတ္ေတြကလည္း အႀကိဳက္ေတြ႕ေနၾကတာပါ။ တည္ၿငိမ္ရင့္က်က္ၿပီး နန္းဆန္တဲ့ အလွတရားကို ပိုင္ဆိုင္ထားတဲ့ ေဘဘီက အခ်စ္ေရးမွာလည္း လူအမ်ားက အားက်ရတဲ့ အခ်စ္ေရးေလးကို ပိုင္ဆိုင္ထားတာပါေနာ္။ ႐ုပ္ရည္ေလးအျပင္ စိတ္ထားကလည္း လွပလြန္းတဲ့ ေဘဘီကို ျမင္သူတိုင္းက

အခ်စ္ပိုေနတာကိုလည္း ေတြ႕ရပါတယ္။ ယေန႔မွာေတာ့ ေဘဘီက မထင္မွတ္ပဲ ကားေပၚကေန လွမ္းေတြ႕လိုက္တဲ့ ေစ်းသည္အဖြားကို သူမ တက္ႏိုင္သေလာက္ အလႉေလး ျပဳလုပ္ေပးလိုက္တာပဲျဖစ္ပါတယ္။ေခါက္မုန႔္ေရာင္းေနတဲ့ ေစ်းသည္အဖြားေခၚအလႉျပဳေနတဲ့ ၾကည္ႏူးစရာဗီဒီယိုဖိုင္ေလးအျပင္ ” မီးပြိဳင့္ေလးေရာက္တုန္း

ဖြားဖြားဆီက ၾကက္ဥေခါက္မုန႔္ေလးဝယ္ၿပီးကုသိုလ္ေလးယူ နတ္ေမာက္လမ္းကမီးပြိဳင့္ေရာက္ရင္ ဖြားဖြားကိုအားေပးပီးကုသိုလ္ယူေပးၾကပါေနာ္ အခ်စ္တို႔ေရ ဆုေတာင္းေလးျပဳေပးတဲ့ဖြားဖြားလည္းက်န္းမာပါေစ ” ဆိုတဲ့ စာသားေလးကိုလည္း ေရးသားထားတာျဖစ္လို႔ ခ်စ္ပရိသတ္ေတြၾကည့္ရႈေစႏိုင္ရန္အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္…။

Read in UNICODE

လက်မနှေးပဲ အလှူတွေဆို လှူဒါန်းတတ်လို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ပဲဖြစ်ပါတယ်။ ဘေဘီက အနုပညာလမ်းကြောင်းထက်ကို photo modelတစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သူလေးပါ။ သရုပ်ဆောင်ရာမှာလည်း ပီပြင်ကောင်းမွန်ပြီး

ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တတ်တာဖြစ်လို့ သူမပါဝင်ထားတဲ့ ဇာတ်ကားတွေကို ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာပါ။ တည်ငြိမ်ရင့်ကျက်ပြီး နန်းဆန်တဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ ဘေဘီက အချစ်ရေးမှာလည်း လူအများက အားကျရတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတာပါနော်။ ရုပ်ရည်လေးအပြင် စိတ်ထားကလည်း လှပလွန်းတဲ့ ဘေဘီကို မြင်သူတိုင်းက

အချစ်ပိုနေတာကိုလည်း တွေ့ရပါတယ်။ ယနေ့မှာတော့ ဘေဘီက မထင်မှတ်ပဲ ကားပေါ်ကနေ လှမ်းတွေ့လိုက်တဲ့ ဈေးသည်အဖွားကို သူမ တက်နိုင်သလောက် အလှူလေး ပြုလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ခေါက်မုန့်ရောင်းနေတဲ့ ဈေးသည်အဖွားခေါ်အလှူပြုနေတဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးအပြင် ” မီးပွိုင့်လေးရောက်တုန်း

ဖွားဖွားဆီက ကြက်ဥခေါက်မုန့်လေးဝယ်ပြီးကုသိုလ်လေးယူ နတ်မောက်လမ်းကမီးပွိုင့်ရောက်ရင် ဖွားဖွားကိုအားပေးပီးကုသိုလ်ယူပေးကြပါနော် အချစ်တို့ရေ ဆုတောင်းလေးပြုပေးတဲ့ဖွားဖွားလည်းကျန်းမာပါစေ ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…။

Source : Baby Maung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *