သူငယ်ချင်းနှစ်ယောက်ဆုံတုန်း မုန့်တွေစား Live တွေလွှင့်ရင်း ရယ်စရာတွေပြောပြီး အားရပါးရ ရယ်နေကြတဲ့ သဇင်ထူးမြင့်နဲ့ ယွန်းယွန်း
Read in UNICODE
ယွန်းယွန်း နဲ့ သဇင်ထူးမြင့် တို့ အနုပညာညီအစ်မတွေကတော့ အနုပညာလောကမှာ ပရိသတ်တွေ ကိုယ်စီနဲ့ အကောင်းဆုံးလျှောက်လှမ်းလာတဲ့ သူတွေပဲဖြစ်ပါတယ်။ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ အသက်ငယ်ရွယ်ပေမယ့်လည်း အနုပညာနယ်ပယ်မှာ သရုပ်ဆောင်ကောင်းတွေဖြစ်အောင်လည်း အကောင်းဆုံးကြိုးစားနေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ
နဲ့ ကြော်ငြာတွေအပြင် photo shooting တွေကို ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။ ယွန်းယွန်း နဲ့ သဇင်ထူးမြင့် တို့သူငယ်ချင်းနှစ်ယောက်ကတော့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွနဲ့ တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေကို ကိုယ်စီပိုင်ဆိုင်ထားတာကြောင့် လူငယ်ယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းခံရတဲ့ သူလေးတွေပဲဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်
သူတို့နှစ်ယောက်က ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာလည်း သူငယ်ချင်းနှစ်ယောက် တွေ့ဆုံးတုန်းလေးမှာ အပျင်းပြေလေး live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြောခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ ယွန်းယွန်း နဲ့ သဇင်ထူးမြင့် တို့က တစ်ယောက်နဲ့ တစ်ယောက် ရယ်စရာလေးတွေပြောပြီး
ပရိသတ်တွေမေးသမျှလေးတွေကို စိတ်ရှည်ရှည်နဲ့ ဖြေပေးနေတာကို တွေ့ရပါတယ်။ ကဲ….ချစ်ပရိသတ်ကြီးရေ ရိုးရိုးရှင်းရှင်းလေးနဲ့ ညချမ်းအချိန်လေးမှာ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင်လေး live လွှင့်ခဲ့တဲ့ ယွန်းယွန်း နဲ့ သဇင်ထူးမြင့်တို့ ရဲ့ ချစ်စရာ ဗီဒီယိုလေးကို ပြန်လည်ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
Source : YoonYoon’s Facebook
Add a Comment
Your email address will not be published. Required fields are marked *