ဦးဧရာနဲ့ဦးကျော်ထူးတို့ဆီကနေ လူအယောက်(၅၀၀)ကိုလှူဒါန်းဖို့ ထီလက်မှတ်နဲ့ ဆန်တွေကို ဝယ်ယူအားပေးခဲ့တဲ့ ယုန်လေး



Read in UNICODE
ယုန်လေးကတော့ လတ်တလောမှာဆိုရင် ရုပ်ရှင်အစည်းအရုံးက (၁)နှစ်ပိတ်ထားတာကြောင့် တတ်နိုင်တဲ့ဘက်ကနေသာ အနုပညာအလုပ်တွေကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ယုန်လေးကို ချစ်ကြတဲ့ပရိသတ်တွေကလည်း ဝိုင်းဝန်းအားပေးကြပြီး အနုပညာရှင်အချင်းချင်းကလည်း ဖေးမကူညီပေးကြပါတယ်နော်။ယုန်လေးကတော့ သူအကူအညီပေးထားတဲ့လူတွေအဆင်ပြေဖို့အတွက်

အလုပ်ကိုအရမ်းကြိုးစားနေတာဖြစ်ပါတယ်။ ယုန်လေးက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ပြီး ရရှိလာတဲ့ ဝင်ငွေတွေကိုလည်း လိုအပ်တဲ့သူတွေအတွက် တစ်စိတ်တစ်ပိုင်းလှူဒါန်းပေးနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ယုန်လေးရဲ့စိတ်ဓာတ်ကို ချီးကျူးနေကြပြီး သူ့ကိုလည်း အရင်လိုပဲ အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။အခုဆိုရင်လည်း ယုန်လေးက လူအယောက်(၅၀၀)ကို

လှူဒါန်းဖို့အတွက် ဦးဧရာ၊ဦးကျော်ထူးတို့ဆီကနေ ထီလက်မှတ်နဲ့ဆန်တွေကို အားပေးဝယ်ယူလိုက်တာဖြစ်ပါတယ်။ “28 . 29 ရက်နေ့ အလှူ အတွက် ကိုဧရာ ဆီက လူအယောက် (၅၀၀)စာ တစ်ယောက်(၃) စောင် နှုန်းနဲ့ ထီလက်မှတ် အစောင်ရေ (၁၅၀၀)၊ကိုကျော်ထူး ဆီက ဆန် (၃) ပြည်အိတ် လူအယောက် (၅၀၀)စာ အိတ် (၅၀၀) အားပေးခဲ့ပါပြီ

ကျန်တာတွေ ထပ်စီစဉ်နေပါသေးတယ် .အလှူရှင် ထပ်တိုးရင် အရေအတွက် ထပ်တိုးပါမယ် .ထီတွေပေါက်ရင်တော့ အရမ်းပျော်ဖို့ကောင်းသွားပြီ .ထီတွေ ပေါက်ကြဖို့ ဗုဒ္ဓဟူးနေ့ အဓိဌာန်ဝင်ပါမယ် ခင်ဗျာ . . အားလုံး ဝိုင်းဆုတောင်းပေးကြပါဦး “ဆိုပြီး အလှူလုပ်မယ့်အကြောင်းလေးကို ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။
Source : Yone Lay’s Facebook