ဆီးခ်ိဳသမားမ်ား အနာျဖစ္လွ်င္ အစြမ္းႀကီးတဲ့ ဇာတိပၹိဳလ္သီး ေဆာင္ထားၾကပါ

ဇာတိပၹိဳလ္သီး ဆီးခ်ိဳေရာဂါရွိသူ၏အနာအတြက္(ဇာတိပၹိဳလ္သီး)အစြမ္းႀကီး အေမြတစ္ခုရလိုက္သည္ ထိုသည္က ေသြးတိုးျဖစ္၏။ထိုေသြးတိုးမွာမွအေဖာ္တစ္ဦး ေပၚျပန္သည္ ဆီခ်ိဳ ျဖစ္လာျခင္းျဖစ္သည္။ေဒါက္တာမ်ားကဆိုသည္ ဆီးခ်ိဳျဖစ္ရင္ အနာမျဖစ္ေအာင္ေနပါတဲ့..

အနာျဖစ္လွ်င္ေပ်ာက္ဖို႔ မလြယ္ေတာ့၍သတိေပးျခင္းသာ။ ဂ႐ုစိုက္သည့္ၾကား ေသြးစုနာက ေပါင္တြင္ေပါက္ျပန္သည္။ အမွန္ပင္တစ္လေလာက္ဆို လွ်င္ေဆးစားေဆးထည့္လွ်င္ေပ်ာက္သင့္ေပၿပီ။ သို႔ေသာ္မေပ်ာက္ပါ။ ။̏ ဒါေလးကိုဆန္ေဆးရည္ျဖင့္္ေသြးလူးစမ္းပါဗ်ာ˝

အထင္မႀကီးခဲ့ပါ။ အားနာ၍သာ ယူထားလိုက္ရ သည္။ဇနီးသည္မွ ေပ်ာက္ေစခ်င္ေသာ ဆႏၵေၾကာင့္ ဆန္ေဆးရည္ႏွင့္ပ်စ္ပ်စ္ေလးေသြးၿပီး လူးေပးခဲ့ ရာ(၃)ရက္ ေျမာက္ၿပီး (၄)ရက္အၾကာတြင္ အနာ ထိပ္တင္းလာရာ တျဖည္းျဖည္းညႇိဳးက်သြားကာ တစ္ပတ္ အၾကာတြင္အနာလုံးဝက်က္သြားေတာ့သည္။

ဘဝတူ မိတ္ေဆြမ်ားအား ဇာတိပၹိဳလ္ကို အထင္မေသးရန္ လက္လွမ္းမီသမွ် ေပးေဝးငွေပးခဲ့ပါသည္။ ဆီးခ်ိဳ ေဝဒနာရွင္တို႔ အနာေပါက္ျခင္းႀကဳံပါမူ ဇာတိပၹိဳလ္သီးကိုယုံၾကည္လြယ္ကူစြာ ပရေဆးဆိုင္တြင္ ေဈးမႀကီးပါပဲ ဝယ္ယူလိုက္ၾကပါလို႔ တိုက္တြန္းရ

ပါသည္။ ဇာတိပ္ဖိုလ္ အသီးအတြင္းရွိအဆံကို ဇာတိပၹိဳလ္သီး ဟုယူသည္။အဆံအားေမွးယွက္ေနေသာ အဖက္ကိုဇာတိပၹိဳလ္ပြင့္ဟုေခၚသည္။ သတၱဝါတို႔၏အသက္ကိုကယ္တင္ရာတြင္ ထိုအပင္သည္ေရွ႕တန္းတြင္ပါသည္။ အရသာ ဖန္၊ခါး၊စပ္ၿပီး

ပူေသာသတၱိရွိသည္။ ဇာတိပၹိဳလ္ေကာင္းမေကာင္းေခ်ာမြတ္ျခင္း၊ကိုင္၍လႈပ္က အသံျမည္ကာ ေလးတြဲျခင္းရွိရသည္။ထိုမွေကာင္းသည္။ေယာက်ာ္းသားမ်ား သုက္ထိန္းေဆးေဖၚရာ တြင္လည္းအဓိကဇာတ္ေကာင္ အျဖစ္ပါ ဝင္သည္။

Read in UNICODE

ဇာတိပ္ဖိုလ်သီး ဆီးချိုရောဂါရှိသူ၏အနာအတွက်(ဇာတိပ္ဖိုလ်သီး)အစွမ်းကြီး အမွေတစ်ခုရလိုက်သည် ထိုသည်က သွေးတိုးဖြစ်၏။ထိုသွေးတိုးမှာမှအဖော်တစ်ဦး ပေါ်ပြန်သည် ဆီချို ဖြစ်လာခြင်းဖြစ်သည်။ဒေါက်တာများကဆိုသည် ဆီးချိုဖြစ်ရင် အနာမဖြစ်အောင်နေပါတဲ့..

အနာဖြစ်လျှင်ပျောက်ဖို့ မလွယ်တော့၍သတိပေးခြင်းသာ။ ဂရုစိုက်သည့်ကြား သွေးစုနာက ပေါင်တွင်ပေါက်ပြန်သည်။ အမှန်ပင်တစ်လလောက်ဆို လျှင်ဆေးစားဆေးထည့်လျှင်ပျောက်သင့်ပေပြီ။ သို့သော်မပျောက်ပါ။ ။̏ ဒါလေးကိုဆန်ဆေးရည်ဖြင့်သွေးလူးစမ်းပါဗျာ˝

အထင်မကြီးခဲ့ပါ။ အားနာ၍သာ ယူထားလိုက်ရ သည်။ဇနီးသည်မှ ပျောက်စေချင်သော ဆန္ဒကြောင့် ဆန်ဆေးရည်နှင့်ပျစ်ပျစ်လေးသွေးပြီး လူးပေးခဲ့ ရာ(၃)ရက် မြောက်ပြီး (၄)ရက်အကြာတွင် အနာ ထိပ်တင်းလာရာ တဖြည်းဖြည်းညှိုးကျသွားကာ တစ်ပတ် အကြာတွင်အနာလုံးဝကျက်သွားတော့သည်။

ဘဝတူ မိတ်ဆွေများအား ဇာတိပ္ဖိုလ်ကို အထင်မသေးရန် လက်လှမ်းမီသမျှ ပေးဝေးငှပေးခဲ့ပါသည်။ ဆီးချို ဝေဒနာရှင်တို့ အနာပေါက်ခြင်းကြုံပါမူ ဇာတိပ္ဖိုလ်သီးကိုယုံကြည်လွယ်ကူစွာ ပရဆေးဆိုင်တွင် ဈေးမကြီးပါပဲ ဝယ်ယူလိုက်ကြပါလို့ တိုက်တွန်းရ

ပါသည်။ ဇာတိပ်ဖိုလ် အသီးအတွင်းရှိအဆံကို ဇာတိပ္ဖိုလ်သီး ဟုယူသည်။အဆံအားမှေးယှက်နေသော အဖက်ကိုဇာတိပ္ဖိုလ်ပွင့်ဟုခေါ်သည်။ သတ္တဝါတို့၏အသက်ကိုကယ်တင်ရာတွင် ထိုအပင်သည်ရှေ့တန်းတွင်ပါသည်။ အရသာ ဖန်၊ခါး၊စပ်ပြီး

ပူသောသတ္တိရှိသည်။ ဇာတိပ္ဖိုလ်ကောင်းမကောင်းချောမွတ်ခြင်း၊ကိုင်၍လှုပ်က အသံမြည်ကာ လေးတွဲခြင်းရှိရသည်။ထိုမှကောင်းသည်။ယောကျာ်းသားများ သုက်ထိန်းဆေးဖေါ်ရာ တွင်လည်းအဓိကဇာတ်ကောင် အဖြစ်ပါ ဝင်သည်။

Source : PwintSan

Add a Comment

Your email address will not be published. Required fields are marked *