အသက်(၆၉)နှစ်ပြည့်သွားတဲ့ ဖခင်ကြီးအတွက် မွေးနေ့ပွဲလေးကျင်းပပေးခဲ့ပြီး ပိုက်ဆံတွေ မွေးနေ့လက်ဆောင်အဖြစ် ကန်တော့ခဲ့တဲ့ ဖိုးချစ်
Read in UNICODE
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူ ဇာတ်သဘင်ဥက္ကဌ ဖိုးချစ်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဖိုးချစ်ကတော့ ဇာတ်မင်းသားတစ်ယောက်အနေနဲ့ ဖိုးချစ်ဇာတ်အဖွဲ့ကို တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်သူပဲဖြစ်ပါတယ်.။ လက်ရှိမှာတော့
ဇာတ်သဘင် ဥက္ကဌတစ်ယောက်အနေနဲ့ ရော ဇာတ်မင်းသားတစ်ယောက်အနေနဲ့ပါ ရပ်တည်နေသူပါ..။ အများအတွက် တွေးတတ်ပြီး ဥက္ကဌဆိုတဲ့ ဂုဏ်ပုဒ်ထက် ရိုးရှင်းစွာ နေတတ်ပြီး နှိမ့်ချပြောဆိုနေထိုင်တတ်သူတစ်ယောက်ပါ.။ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေအောင် ဇာတ်အဖွဲ့သားအားလုံးအတွက် စဉ်းစားလုပ်ဆောင်ပေးတဲ့ ဥက္ကဌကောင်းတစ်ယောက်ဆိုရင်လည်း မှားမယ် မထင်ပါဘူးနော်.။ ဒီနေ့ သြဂုတ်လ
(၂၄)ရက်နေ့မှာတော့ ဖခင်ဖြစ်သူ အသက် (၆၉)နှစ်ပြည့် မွေးနေ့အမှတ်တရ မိသားစုဝင်တွေနဲ့အတူတူ ပျော်ရွှင်ဖွယ် မွေးနေ့လေး ကျင်းပဖြစ်တဲ့ ဗီဒီယိုဖိုင်လေးကို ဖိုးချစ်က “ကျွန်တော့်ဖေဖေ ရဲ့ (၆၉) နှစ်ပြည့်မွေးနေ့ပါဗျာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ပြုံးပျော်ရွှင်ကာ ကိတ်ခွဲပြီး ကိတ်ခွံ့ကျွေးကာ မွေးနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ဖိုးချစ်တို့ မိသားစုကိုကြည့်ပြီး
ပရိသတ်ကြီးလည်း ပြုံးပျော်မိနေမယ်ဆိုတာ အသေအချာပါပဲနော်..။ ပရိသတ်ကြီးအတွက်လည်း ဖခင်ဖြစ်သူ မွေးနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ဖိုးချစ်တို့ မိသားစုရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source : Phoe Chit’s Facebook
Add a Comment
Your email address will not be published. Required fields are marked *