အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး ဆေးကုသခွင့်လိုင်စင်လေးရဖို့ လက်မှတ်ထိုးထားရကြောင်း ပြောပြခဲ့တဲ့ မောင်





Read in UNICODE

နန္ဒာလှိုင်ရဲ့ မောင်အရင်းလေးဖြစ်သူ သရုပ်ဆောင်မောင်ကတော့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့သူပဲ ဖြစ်ပါတယ်။ မောင်က လွန်ခဲ့တဲ့နှစ်တွေမှာတော့ အနုပညာလောကထဲကနေ ပျောက်ကွယ်သွားခဲ့ပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့

မောင်က ဒီကနေ့မှာတော့ ဆေးကုသခွင့်လိုင်စင် Smart Card လေးရရှိခဲ့တဲ့ သူ့ရဲ့ အမှတ်တရလေးကို အခုလိုပဲပြောလာပါတယ်။ “ပုံကတော့ ဆေးကုသခွင့်လိုင်စင် Smart Card လေးနဲ့ Smart Doctor လေးရဲ့ ပုံပဲဖြစ်ပါတယ်။ ဒါလေးရဖို့ အနုပညာမလုပ်တော့ကြောင်း လက်မှတ်ထိုးထားရလို့

တန်ဖိုးကြီးပါတယ် 😁😁😁 စမ သွားထုတ်တဲ့နေ့ကတောင် ရုပ်ရှင်ရိုက်သေးလား မေးနေသေးတယ်။ ရိုက်တာနဲ့ ပြန်သိမ်းဖို့ အသင့်စောင့်နေတယ်ထင်တယ် 😅😅😅 ” ဆိုပြီး ဆေးကုသခွင့်လိုင်စင်လေးရရှိဖို့ အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ရကြောင်း အမှတ်တရပြောလာပါတယ်။ မောင်ကတော့ လက်ရှိမှာ သူ့ရဲ့ချစ်သူ သရုပ်ဆောင် ရီရီပွင့်ဖြူနဲ့အတူတူ သာယာတဲ့

အချစ်ရေးလေးကိုတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မောင်ကတော့ ဘယ်တော့မှ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့် ပရိသတ်ကြီးကတော့ အရင်အတိုင်း ချစ်ခင်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Sein Phyo Hlaing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *