ျဖဴျဖဴေထြးနဲ႔ ျပသနာေတြအႀကီးအက်ယ္တက္ေနတယ္ဆိုတဲ့ ေကာလဟာလေတြကို ျပန္လည္ေျဖရွင္းခဲ့တဲ့ ႏွိုင္းယွဥ္ျမင့္မိုရ္

သ႐ုပ္ေဆာင္ေကာင္းသလို ပြင့္လင္းတဲ့ စကားေျပာဟန္ပန္ေတြေၾကာင့္ ပရိသတ္ေတြၾကား အၿမဲေရပန္းစားေနသူတဲ့ ျပည္သူခ်စ္အႏုပညာရွင္ကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ႏႈိင္းယွဥ္ျမင့္မိုရ္ပဲ ျဖစ္ပါတယ္ေနာ္..။ ဟန္ေဆာင္မႈကင္းကင္းနဲ႔ စကားေျပာပြင့္လင္းမႈေတြေၾကာင့္ ပရိသတ္ေတြနဲ႔ နားလည္မႈေတြ ႀကဳံေတြ႕ခဲ့ရတဲ့ ႏႈိင္းယွဥ္ကေတာ့ အခုလတ္တေလာမွာလည္း လူမႈကြန္ယက္ပရိသတ္ေတြၾကား

လူေျပာမ်ားေနတဲ့ ျဖဴျဖဴေထြးနဲ႔ ျပႆနာျဖစ္ေနတယ္ဆိုတဲ့ သတင္းေလးနဲ႔ပတ္သက္ၿပီး ျပန္လည္ေျဖရွင္း ေျပာျပလာပါတယ္ေနာ္..။ ရွင္းေလးရႈပ္ေလျဖစ္မွာစိုးလို႔ အစကေတာ့ မရွင္းဘူးလို႔ ဆုံးျဖတ္ထားေပးေပမယ့္ ခ်စ္တဲ့ပရိသတ္ေတြနဲ႔ နားလည္မႈလြဲေနတဲ့ ပရိသတ္ေတြေရာ အထင္မလြဲေစဖို႔ ျပန္လည္ေျဖရွင္းေျပာျပလာတာ ျဖစ္ပါတယ္ေနာ္..။ “မေအးေအးေအာင္ကို ေၾကာ္ျငာ႐ိုက္ဖို႔ခ်ိတ္တရ္ သူဘာသူတို႔

ေဈးကိစၥၿငိၾကတယ္ထင္တယ္ သူေရးထားတဲ့အထဲမွာ နာမည္မထည့္ထားတဲ့အတြက္ ညီမေလးျဖဴျဖဴေထြးကို ေျပာမွန္း မသိဘူး ဒီေလာကမွာ ဇာတ္ပို႔ဇာတ္ရံေတြက ေဈးႏွိမ္ခံရတယ္ဆိုတာ ေခါက္႐ိုးက်ိဳးေနၿပီဆိုေတာ့ သူအဲ့လိုျဖစ္တာက ျခားတစ္ေယာက္နဲ႔ ျဖစ္တာလား ဘယ္သူမွန္းမသိဘဲ စာကိုေသခ်ာမဖတ္လိုက္မိဘူး သိလိုက္တာကေတာ့ ကိုယ့္လူခံလိုက္ရတယ္ ဇာတ္ပို႔အခ်င္းခ်င္းဆိုေတာ့ ကိုယ့္ရဲ႕ခံစားခ်က္နဲ႔ တူတယ္

အဲ့အတြက္ကို သူတင္တဲ့ ပို႔စ္ေလးကို Share ၿပီး အားေပးစကားေျပာလိုက္တာပါ အဲ့ဒါကို အခ်ိဳ႕ေတြက အထင္လြဲသြားၿပီး ျဖဴျဖဴေထြးကို မနာလိုလို႔ျဖစ္တာ မုဒိတာ မပြားႏိုင္ဘူးဆိုၿပီး ေျပာၾကတယ္..” ဆိုၿပီး ေျပာျပထားတာပါ..။ အဲ့ဒီေနာက္မွာလည္း ႏႈိင္းယွဥ္က “ျဖဴျဖဴေထြးနဲ႔ ႏႈိင္းယွဥ္တို႔က ဘာျပႆာနာမွလည္း မရွိဘူး အျပင္မွာဆို တစ္ခါပဲေတြ႕ဖူးတာ ေတြ႕ေတြ႕ခ်င္းလည္း ဖက္လဲတကင္း ႏႈတ္ဆက္ၾကတဲ့ အေၾကာင္းေလးေျပာျပၿပီး ခဏေလးေတြ႕တာေတာင္ အရမ္းတရင္းတႏွီးျဖစ္ခဲ့ၿပီး

သူနဲ႔ဘာျပႆနာမွလည္း မရွိဘူး သူ႔အေပၚမနာလိုစိတ္ မုန္းတီးစိတ္လည္း မရွိဘူး..” ဆိုၿပီးေတာ့လည္း သူတို႔ႏွစ္ေယာက္ ေတြ႕ဆုံခဲ့တဲ့ အမွတ္တရေလးေတြကိုလည္း ေျပာျပထားေသးတယ္ေနာ္..။ျဖဴျဖဴေထြးအေပၚ မနာလို မုန္းတီးစိတ္မရွိသလို ရန္ၿငိဳးရန္စလည္း မရွိဘဲ ျဖဴျဖဴေထြးကိုလည္း အရမ္းကံေကာင္းတဲ့ မိန္းကေလးတစ္ေယာက္လို႔ ျမင္ၿပီး သူနဲ႔အတူ ေၾကာ္ျငာ႐ိုက္ခ်င္ေသးတဲ့အေၾကာင္းေလးေတြကိုလည္း ေျပာျပထားတဲ့ ႏႈိင္းယွဥ္ကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Read in UNICODE

သရုပ်ဆောင်ကောင်းသလို ပွင့်လင်းတဲ့ စကားပြောဟန်ပန်တွေကြောင့် ပရိသတ်တွေကြား အမြဲရေပန်းစားနေသူတဲ့ ပြည်သူချစ်အနုပညာရှင်ကတော့ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ပဲ ဖြစ်ပါတယ်နော်..။ ဟန်ဆောင်မှုကင်းကင်းနဲ့ စကားပြောပွင့်လင်းမှုတွေကြောင့် ပရိသတ်တွေနဲ့ နားလည်မှုတွေ ကြုံတွေ့ခဲ့ရတဲ့ နှိုင်းယှဉ်ကတော့ အခုလတ်တလောမှာလည်း လူမှုကွန်ယက်ပရိသတ်တွေကြား

လူပြောများနေတဲ့ ဖြူဖြူထွေးနဲ့ ပြဿနာဖြစ်နေတယ်ဆိုတဲ့ သတင်းလေးနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်း ပြောပြလာပါတယ်နော်..။ ရှင်းလေးရှုပ်လေဖြစ်မှာစိုးလို့ အစကတော့ မရှင်းဘူးလို့ ဆုံးဖြတ်ထားပေးပေမယ့် ချစ်တဲ့ပရိသတ်တွေနဲ့ နားလည်မှုလွဲနေတဲ့ ပရိသတ်တွေရော အထင်မလွဲစေဖို့ ပြန်လည်ဖြေရှင်းပြောပြလာတာ ဖြစ်ပါတယ်နော်..။ “မအေးအေးအောင်ကို ကြော်ငြာရိုက်ဖို့ချိတ်တရ် သူဘာသူတို့

ဈေးကိစ္စငြိကြတယ်ထင်တယ် သူရေးထားတဲ့အထဲမှာ နာမည်မထည့်ထားတဲ့အတွက် ညီမလေးဖြူဖြူထွေးကို ပြောမှန်း မသိဘူး ဒီလောကမှာ ဇာတ်ပို့ဇာတ်ရံတွေက ဈေးနှိမ်ခံရတယ်ဆိုတာ ခေါက်ရိုးကျိုးနေပြီဆိုတော့ သူအဲ့လိုဖြစ်တာက ခြားတစ်ယောက်နဲ့ ဖြစ်တာလား ဘယ်သူမှန်းမသိဘဲ စာကိုသေချာမဖတ်လိုက်မိဘူး သိလိုက်တာကတော့ ကိုယ့်လူခံလိုက်ရတယ် ဇာတ်ပို့အချင်းချင်းဆိုတော့ ကိုယ့်ရဲ့ခံစားချက်နဲ့ တူတယ်

အဲ့အတွက်ကို သူတင်တဲ့ ပို့စ်လေးကို Share ပြီး အားပေးစကားပြောလိုက်တာပါ အဲ့ဒါကို အချို့တွေက အထင်လွဲသွားပြီး ဖြူဖြူထွေးကို မနာလိုလို့ဖြစ်တာ မုဒိတာ မပွားနိုင်ဘူးဆိုပြီး ပြောကြတယ်..” ဆိုပြီး ပြောပြထားတာပါ..။ အဲ့ဒီနောက်မှာလည်း နှိုင်းယှဉ်က “ဖြူဖြူထွေးနဲ့ နှိုင်းယှဉ်တို့က ဘာပြဿာနာမှလည်း မရှိဘူး အပြင်မှာဆို တစ်ခါပဲတွေ့ဖူးတာ တွေ့တွေ့ချင်းလည်း ဖက်လဲတကင်း နှုတ်ဆက်ကြတဲ့ အကြောင်းလေးပြောပြပြီး ခဏလေးတွေ့တာတောင် အရမ်းတရင်းတနှီးဖြစ်ခဲ့ပြီး

သူနဲ့ဘာပြဿနာမှလည်း မရှိဘူး သူ့အပေါ်မနာလိုစိတ် မုန်းတီးစိတ်လည်း မရှိဘူး..” ဆိုပြီးတော့လည်း သူတို့နှစ်ယောက် တွေ့ဆုံခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း ပြောပြထားသေးတယ်နော်..။ဖြူဖြူထွေးအပေါ် မနာလို မုန်းတီးစိတ်မရှိသလို ရန်ငြိုးရန်စလည်း မရှိဘဲ ဖြူဖြူထွေးကိုလည်း အရမ်းကံကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ မြင်ပြီး သူနဲ့အတူ ကြော်ငြာရိုက်ချင်သေးတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ နှိုင်းယှဉ်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source : Nhying Shin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *