ပရိသတ္ေတြ မ်က္စိေရွ႕မွာတင္ ငယ္႐ုပ္ေလးမေပ်ာက္ပဲ အရြယ္ေရာက္လာၿပီး ပိုေခ်ာလာတဲ့ ဟဲဗီးၿဖိဳး

ဟဲဗီးၿဖိဳးကေတာ့ ငယ္ငယ္ေလးကတည္းက အ႐ြယ္ေလးနဲ႔မလိုက္ေအာင္ သ႐ုပ္ေဆာင္ထူးခြၽန္သူေလးအျဖစ္ အားလုံးရဲ႕အသိအမွတ္ျပဳျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့အမူအရာေလးေတြနဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ရယူႏိုင္ခဲ့တဲ့ ဟဲဗီးၿဖိဳးေလးက အခုဆိုရင္ အ႐ြယ္ေရာက္ေနၿပီပဲ

ျဖစ္ပါတယ္။ တစ္ေန႔တျခားပိုေခ်ာလာတဲ့ ဟဲဗီးၿဖိဳးကို ပ်ိဳပ်ိဳေမေလးေတြကလည္း ဝန္းရံအားေပးေနၾကတာ ျဖစ္ပါတယ္။ အခုဆိုရင္ ဟဲဗီးၿဖိဳးက ေၾကာ္ျငာေလးေတြ႐ိုက္ကူးေနသလို ပရိသတ္ေတြအတြက္ အေပ်ာ္တမ္းဟာသဗီဒီယိုေလးေတြကိုလည္း တင္ဆက္ေပးေနတာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့

ဟဲဗီးၿဖိဳးတစ္ေယာက္ Music Video ႐ိုက္ကူးေရးအတြက္ ခရီးေတြထြက္ေနတာ ျဖစ္ပါတယ္။ ငယ္႐ုပ္ေလးမေပ်ာက္ဘဲ ႀကီးျပင္းလာတဲ့ ဟဲဗီးၿဖိဳးက အ႐ြယ္ေရာက္လာတာနဲ႔အမွ် အရင္ကထက္ေတာင္ ပိုေခ်ာလာတာလည္းျဖစ္ပါတယ္။ အခုလည္း ဟဲဗီးၿဖိဳးက “ဟန္ေဆာင္မႈကင္းမဲ့တဲ့ ေနရာတစ္ခုကိုေရာက္ေနတာကလည္း ကိုယ့္အတြက္

ေပ်ာ္႐ႊင္ျခင္းတစ္ခုပါပဲ…တစ္ခုခုေလးေတာ့ေျပာခဲ့ဦး” ဆိုၿပီး ခရီးသြားရင္းဓာတ္ဖမ္းထားတဲ့ ပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ တင္ထားတာျဖစ္ပါတယ္။ ကဲ စတိုင္လ္အျပည့္နဲ႔ အထာက်က်ပို႔စ္ေပးေနတဲ့ မင္းသားေခ်ာေလး ဟဲဗီးၿဖိဳးရဲ႕ခရီးသြားပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဟဲဗီးဖြိုးကတော့ ငယ်ငယ်လေးကတည်းက အရွယ်လေးနဲ့မလိုက်အောင် သရုပ်ဆောင်ထူးချွန်သူလေးအဖြစ် အားလုံးရဲ့အသိအမှတ်ပြုခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်ရယူနိုင်ခဲ့တဲ့ ဟဲဗီးဖြိုးလေးက အခုဆိုရင် အရွယ်ရောက်နေပြီပဲ

ဖြစ်ပါတယ်။ တစ်နေ့တခြားပိုချောလာတဲ့ ဟဲဗီးဖြိုးကို ပျိုပျိုမေလေးတွေကလည်း ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ဟဲဗီးဖြိုးက ကြော်ငြာလေးတွေရိုက်ကူးနေသလို ပရိသတ်တွေအတွက် အပျော်တမ်းဟာသဗီဒီယိုလေးတွေကိုလည်း တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့

ဟဲဗီးဖြိုးတစ်ယောက် Music Video ရိုက်ကူးရေးအတွက် ခရီးတွေထွက်နေတာ ဖြစ်ပါတယ်။ ငယ်ရုပ်လေးမပျောက်ဘဲ ကြီးပြင်းလာတဲ့ ဟဲဗီးဖြိုးက အရွယ်ရောက်လာတာနဲ့အမျှ အရင်ကထက်တောင် ပိုချောလာတာလည်းဖြစ်ပါတယ်။ အခုလည်း ဟဲဗီးဖြိုးက “ဟန်ဆောင်မှုကင်းမဲ့တဲ့ နေရာတစ်ခုကိုရောက်နေတာကလည်း ကိုယ့်အတွက်

ပျော်ရွှင်ခြင်းတစ်ခုပါပဲ…တစ်ခုခုလေးတော့ပြောခဲ့ဦး” ဆိုပြီး ခရီးသွားရင်းဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာဖြစ်ပါတယ်။ ကဲ စတိုင်လ်အပြည့်နဲ့ အထာကျကျပို့စ်ပေးနေတဲ့ မင်းသားချောလေး ဟဲဗီးဖြိုးရဲ့ခရီးသွားပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Heavy Phyo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *