ရုတ်တရတ်ဆေးရုံတက်လိုက်ရတဲ့ ချစ်ဇနီးလေး ရွှေမှုံဘေးမှာ ပြုစုစောင့်ရှောက်ရင်း နေအမြန်ပြန်ကောင်းဖို့ ဆုတောင်းနေတဲ့ ရွှေထူး
Read in UNICODE
ရွှေမှုံရတီကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး အောင်မြင်မှုတွေအများအပြား ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက သူမရဲ့ အအောင်မြင်ဆုံးအချိန်မှာတင် အဆိုတော် ရွှွှေထူးနဲ့ လက်ထပ်ခဲ့ပြီးနောက် အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်
အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးကလည်း သူ့ကြောင့်နဲ့ ရွှေမှုံရတီရဲ့ အောင်မြင်မှုကို အပျက်မခံပဲ ချစ်ဇနီးကို ကြော့ကြော့မော့မော့လေး ထားပြီး ရွှေမင်းသမီးတစ်ယောက်လို ဂရုစိုက်တာပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက နှလုံးရောဂါအခံကြောင့် ဆေးရုံဆေးခန်းတွေ မကြာခဏသွားရတဲ့ ရွှေမှုံရတီက
အိမ်ထောင်ကျပြီးနောက်ပိုင်း အရင်ကလောက် ဆေးရုံမတက်ရပေမယ့် ဒီကနေ့မှာတော့ ဆေးထိုးပိုက်တန်းလန်းနဲ့ ဆေးရုံပေါ်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ရွှေထူးကလည်း ရုတ်တရက်ကြီးဆေးရုံတက်လိုက်ရတဲ့ ချစ်ဇနီးလေးအနားမှာ အနီးကပ်စောင့်ရှောက်ရင်း နေမြန်မြန်ပြန်ကောင်းဖို့ ဆုတောင်းပေးနေလျက်ရှိပါတယ်။ ရွှေမှုံလေးကတော့ နေမကောင်းလို့ ဆေးရုံတက်ပြီး
ဆေးကုသမှုခံယူနေရပေမယ့် ခင်ပွန်းဖြစ်သူရဲ့ နွေးထွေးတဲ့ စောင့်ရှောက်မှုတွေကြောင့် အမြန်ဆုံး သက်သာလာမယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီတစ်ယောက် အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Htoo Khant’s Facebook
Add a Comment
Your email address will not be published. Required fields are marked *