ရန္ကုန္တၿမိဳ႕လံုးက အေႏွးယာဥ္လုပ္သားမ်ားနဲ႔ သက္ႀကီးရြယ္အိုမ်ားကို ဘာအေရာင္မွမပါဘဲ အလွဴအတန္းေတြလုပ္သြားမယ္ဆိုတဲ့ ယုန္ေလး

ယုန္ေလးကေတာ့ စိတ္ထားေကာင္းျပီး သူတစ္ပါးကို ကူညီခ်င္စိတ္ အျပည့္ရိွတာေၾကာင့္ ပရိသတ္ေတြၾကားမွာသာမက အနုပညာအသုိင္းအဝုိင္းမွာပါ ထင္ရွားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အလွဴအတန္းေတြကို သူကိုယ္တိုင္ ဦးေဆာင္ျပီး ျပဳလုပ္ေလ့ရိွတဲ့ ယုန္ေလးက ဒီတစ္ေခါက္မွာလည္း လာမယ့္ စက္တင္ဘာလမွာ သက္ၾကီးရြယ္အိုမ်ားနဲ့ ရန္ကုန္တစ္ျမိဳ့လံုးက အေနွးယာဥ္လုပ္သားၾကီးမ်ားအတြက္ အလွဴလုပ္မယ့္ သူ့ရဲ့ အစီအစဥ္ေလးကို အခုလိုပဲ ေျပာလာပါတယ္။ “သက္ႀကီးရြယ္အိုမ်ား နဲ႔ ဆိုက္ကားနင္းတဲ့ ဆရာႀကီးမ်ားအတြက္ အလႉေလးခံခ်င္ပါတယ္ ခင္မ်ား ။ လြန္ခဲ့တဲ့ ၁ လေက်ာ္ေလာက္ထဲက

လုပ္ခ်င္တာ အခုမွ အေကာင္ထည္ေဖာ္မွာပါ။ ကြ်န္ေတာ့္ ေမြးလကို ဦးတည္ၿပီး လုပ္ခ်င္လို႔ပါ။ ေမြးေန႔က စက္တင္ဘာ ၁၃ ပါ။ ေမြးေန႔မွာေတာ့ ထံုးစံတိုင္း ဘာသာႀကီး (၄)ခုကိုလႉမယ္။ ေမြးေန႔ကိုေတာ့ ကိုယ့္ရိွတာနဲ႔ပဲ လွဴပါမယ္ ဘယ္သူ႔မွ အလႉမခံပါဘူး။ အခုအလႉကေတာ့ ေမြးလ ၉လပိုင္း ၁ ရက္ေန႔ကို ဦးတည္ထားပါတယ္။ အနည္းဆံုး အေယာက္ ၂၀၀ ေလာက္ကို လႉခ်င္ပါတယ္။ အလႉေငြပိုမ်ားရင္ ၿမိဳ႕နယ္မ်ားမ်ား၊ လူဦးေရမ်ားမ်ား လႉမယ့္ပစၥည္းမ်ားမ်ား ပိုလႉႏိုင္တာေပါ့။ ဦးေက်ာ္ထူးဆီက ဆန္အိတ္ေတြ အားေပးၿပီး ဆန္လႉမယ္။ ေနာက္လိုအပ္တာေလးေတြရယ္။ ကိုဧရာ ထီေရာင္းေနေတာ့ ကိုဧရာဆီက အားေပးမယ္။ အဓိကက ထီလက္မွတ္ေလးေတြ လႉခ်င္တာ။ တကယ္လို့ ထီဆိုင္ေတြကလည္း စပြန္ဆာအေနနဲ႔

လာကူမယ္ဆိုရင္ေတာ့ အတိုင္းထက္အလြန္ေပါ့ဗ်ာ” “လိုအပ္တာေတြထက္ ထီေလး ဆုေသးေသးႀကီးႀကီး လႉတဲ့ အေယာက္ ၂၀၀၊ ၃၀၀ ထဲက ေပါက္မယ္လို႔လည္း ေမွ်ာ္လင့္တယ္။ အဲ့အတြက္လည္း ကြ်န္ေတာ္ ေညာင္ ၁၀ ပင္ အဓိဌာန္ကိုအခုလာမယ့္ ဗုဒၶဟူးေန႔ ဝင္ပါမယ္။ ကြ်န္ေတာ္ျဖစ္ခ်င္တာတို႔ ကြ်န္ေတာ့ အခက္ခဲတို႔ ဘာဆုမွမေတာင္းဘူး။ ကြ်န္ေတာ့္ ကူမယ့္လူမ်ား ထီဆုေသးေသး ႀကီးႀကီး ေပါက္ပါေစပဲ ဆုေတာင္းမွာပါ။ ကြ်န္ေတာ္ ယုန္ေလး 10 သိန္း စမ တည္ၿပီး ကြ်န္ေတာ့္ကို ခ်စ္ေသာ အားေပးခ်င္ေသာသူမ်ား၊ ဒီအလႉေလးကို ဝင္ပါရင္ကို ကြ်န္ေတာ္ ေတာ္ေတာ္ေပ်ာ္ၿပီး အားရိွပါၿပီ။ အေျခခံ လူတန္းစားမ်ား အမ်ားႀကီးရိွေပမယ့္ကြ်န္ေတာ္တို႔ ႏိုင္သေလာက္ေပါ့။ အေယာက္ ၅၀၀၊ ၁၀၀၀ လႉႏိုင္ရင္ေတာ့

ပိုေပ်ာ္ၿပီေလ။ ရန္ကုန္တစ္ၿမိဳ႕လံုးမွာ ဆိုက္ကားနင္းၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳေနေသာ ဆရာႀကီးမ်ား အမ်ားႀကီးရိွေပမယ့္ လည္း ေနရာစံုမေရာက္ႏိုင္ရင္လည္း ႀကိဳေတာင္းပန္ထားပါတယ္ ခင္ဗ်ာ။ အားလံုး အလႉမွာ ပါဝင္ၾကဖို႔လည္း ေတာင္းဆိုပါတယ္။ လိုအပ္တဲ့ လူေတြကို ကူမွာပါ။ ဘာအေရာင္မွ မပါပါဘူး ခင္ဗ်ာ။ အားလံုး အဆင္ေျပၾကပါေစ ယုန္ေလးကေတာ့ လြန္ခဲ့တဲ့ရက္ပိုင္းက စိတ္ပိုင္းဆိုင္ရာ ေတာ္ေတာ္ေလး ထိခိုက္ေၾကကြဲခဲ့ရျပီး လက္ရိွမွာေတာ့ သူ့ရဲ့ အရင္တုန္းက ပံုစံအတိုင္း အလွဴအတန္းေတြ ျပဳလုပ္ရင္း ျဖတ္သန္းေနျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ယုန္ေလးရဲ့ အလွဴေလးမွာ နည္းမ်ားမဆို ပါဝင္လွဴဒါန္းရင္း ကုသိုလ္ယူနိုင္ၾကပါတယ္ေနာ္။

Read in UNICODE

ယုန်လေးကတော့ စိတ်ထားကောင်းပြီး သူတစ်ပါးကို ကူညီချင်စိတ် အပြည့်ရှိတာကြောင့် ပရိသတ်တွေကြားမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေကို သူကိုယ်တိုင် ဦးဆောင်ပြီး ပြုလုပ်လေ့ရှိတဲ့ ယုန်လေးက ဒီတစ်ခေါက်မှာလည်း လာမယ့် စက်တင်ဘာလမှာ သက်ကြီးရွယ်အိုများနဲ့ ရန်ကုန်တစ်မြို့လုံးက အနှေးယာဉ်လုပ်သားကြီးများအတွက် အလှူလုပ်မယ့် သူ့ရဲ့ အစီအစဉ်လေးကို အခုလိုပဲ ပြောလာပါတယ်။ “သက်ကြီးရွယ်အိုများ နဲ့ ဆိုက်ကားနင်းတဲ့ ဆရာကြီးများအတွက် အလှူလေးခံချင်ပါတယ် ခင်များ ။ လွန်ခဲ့တဲ့ ၁ လကျော်လောက်ထဲက

လုပ်ချင်တာ အခုမှ အကောင်ထည်ဖော်မှာပါ။ ကျွန်တော့် မွေးလကို ဦးတည်ပြီး လုပ်ချင်လို့ပါ။ မွေးနေ့က စက်တင်ဘာ ၁၃ ပါ။ မွေးနေ့မှာတော့ ထုံးစံတိုင်း ဘာသာကြီး (၄)ခုကိုလှူမယ်။ မွေးနေ့ကိုတော့ ကိုယ့်ရှိတာနဲ့ပဲ လှူပါမယ် ဘယ်သူ့မှ အလှူမခံပါဘူး။ အခုအလှူကတော့ မွေးလ ၉လပိုင်း ၁ ရက်နေ့ကို ဦးတည်ထားပါတယ်။ အနည်းဆုံး အယောက် ၂၀၀ လောက်ကို လှူချင်ပါတယ်။ အလှူငွေပိုများရင် မြို့နယ်များများ၊ လူဦးရေများများ လှူမယ့်ပစ္စည်းများများ ပိုလှူနိုင်တာပေါ့။ ဦးကျော်ထူးဆီက ဆန်အိတ်တွေ အားပေးပြီး ဆန်လှူမယ်။ နောက်လိုအပ်တာလေးတွေရယ်။ ကိုဧရာ ထီရောင်းနေတော့ ကိုဧရာဆီက အားပေးမယ်။ အဓိကက ထီလက်မှတ်လေးတွေ လှူချင်တာ။ တကယ်လို့ ထီဆိုင်တွေကလည်း စပွန်ဆာအနေနဲ့

လာကူမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ” “လိုအပ်တာတွေထက် ထီလေး ဆုသေးသေးကြီးကြီး လှူတဲ့ အယောက် ၂၀၀၊ ၃၀၀ ထဲက ပေါက်မယ်လို့လည်း မျှော်လင့်တယ်။ အဲ့အတွက်လည်း ကျွန်တော် ညောင် ၁၀ ပင် အဓိဌာန်ကိုအခုလာမယ့် ဗုဒ္ဓဟူးနေ့ ဝင်ပါမယ်။ ကျွန်တော်ဖြစ်ချင်တာတို့ ကျွန်တော့ အခက်ခဲတို့ ဘာဆုမှမတောင်းဘူး။ ကျွန်တော့် ကူမယ့်လူများ ထီဆုသေးသေး ကြီးကြီး ပေါက်ပါစေပဲ ဆုတောင်းမှာပါ။ ကျွန်တော် ယုန်လေး 10 သိန်း စမ တည်ပြီး ကျွန်တော့်ကို ချစ်သော အားပေးချင်သောသူများ၊ ဒီအလှူလေးကို ဝင်ပါရင်ကို ကျွန်တော် တော်တော်ပျော်ပြီး အားရှိပါပြီ။ အခြေခံ လူတန်းစားများ အများကြီးရှိပေမယ့်ကျွန်တော်တို့ နိုင်သလောက်ပေါ့။ အယောက် ၅၀၀၊ ၁၀၀၀ လှူနိုင်ရင်တော့

ပိုပျော်ပြီလေ။ ရန်ကုန်တစ်မြို့လုံးမှာ ဆိုက်ကားနင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေသော ဆရာကြီးများ အများကြီးရှိပေမယ့် လည်း နေရာစုံမရောက်နိုင်ရင်လည်း ကြိုတောင်းပန်ထားပါတယ် ခင်ဗျာ။ အားလုံး အလှူမှာ ပါဝင်ကြဖို့လည်း တောင်းဆိုပါတယ်။ လိုအပ်တဲ့ လူတွေကို ကူမှာပါ။ ဘာအရောင်မှ မပါပါဘူး ခင်ဗျာ။ အားလုံး အဆင်ပြေကြပါစေ ယုန်လေးကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက စိတ်ပိုင်းဆိုင်ရာ တော်တော်လေး ထိခိုက်ကြေကွဲခဲ့ရပြီး လက်ရှိမှာတော့ သူ့ရဲ့ အရင်တုန်းက ပုံစံအတိုင်း အလှူအတန်းတွေ ပြုလုပ်ရင်း ဖြတ်သန်းနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယုန်လေးရဲ့ အလှူလေးမှာ နည်းများမဆို ပါဝင်လှူဒါန်းရင်း ကုသိုလ်ယူနိုင်ကြပါတယ်နော်။

Source : Yone Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *