အင်္ဂလိပ်စာဆရာ ဦးတင်ဦး စာတွေဆက်သင်နိုင်ဖို့ သင်တန်းကြေး (၁)သိန်းတိတိ ဂါရဝပြု ကူညီခဲ့တဲ့ နေဒွေး





Read in UNICODE

မင်းသားချော နေဒွေးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသလို ကုသိုလ်ရေးတွေကိုလည်း တတ်နိုင်သလောက် စွမ်းစွမ်းတမံလုပ်ကိုင်နေလျက် ရှိပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာ အလှူအတန်းတွေကို အရင်ကထက် ပိုမိုလုပ်ကိုင်နေတဲ့ နေဒွေးက ဒီတစ်ခေါက်မှာလည်း

စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အင်္ဂလိပ်စာဆရာအဘဦးတင်ဦးဆီ သွားရောက်တွေ့ဆုံပြီး ဂါရဝပြုခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ “အင်္ဂလိပ်စာဆရာအဘဦးတင်ဦး ကို လှုတယ်ဆိုတာထက် Viber ကနေ အင်္ဂလိပ်စာလေ့လာဖို့သင်တန်းအပ်တယ်ဆိုပိုမှန်ပါတယ်ဗျ😍အဘအတွက် အင်္ဂလိပ်စာသင်တန်းကြေးအဖြစ်

လင်းရောင်ခြည်ဆန်တအိတ် ဆီတဗူးနဲ့ သင်တန်းကြေး ၁သိန်းကျပ်တိတိဂါဝရပြုခဲ့ပါတယ်🙏🏼🙏🏼ကျွန်တော့်ပရိသတ်တွေလည်းအဘဆီမှာ အင်္ဂလိပ်ဟာသင်ယူလေ့လာရင်းနဲ့ အဘစားဝတ်နေရင်းအခက်အခဲတွေဖြေရှင်းကူညီပေးကြပါခင်ဗျ🙏🏼🙏🏼🙏🏼” ဆိုပြီး သူ့ရဲ့ ယနေ့ကုသိုလ်လေးကို ပရိသတ်တွေ ထပ်တူပီတိဖြစ်နိုင်ဖို့ မျှဝေထားပါတယ်။ နေဒွေးကတော့ အခက်အခဲဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ စားဝတ်နေရေးခက်ခဲနေသူတွေကို

လူမှုကွန်ယက်ကနေတွေ့တိုင်း တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မွန်မြတ်လှတဲ့ စိတ်ထားပိုင်ရှင်လေး နေဒွေးရဲ့ ကုသိုလ်အတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Nay Dway’s Facebook

Add a Comment

Your email address will not be published. Required fields are marked *