ဘယ္ေနရာေရာက္ေရာက္ ခ်ိဳင့္ႀကီးခ်ိဳင့္ငယ္နဲ႔ ဟင္းေတြမ်ိဳးစံု ပို႔ေပးၾကတဲ့ ပရိသတ္ေတြကို ဘေဘာေတြက်ေနတဲ့ ပိုင္ၿဖိဳးသု

“မီ” လို႔ ပရိသတ္ေတြက တင္စားၾကတဲ့ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုကေတာ့ သူမရဲ႕ခင္ပြန္း ဒါ႐ိုက္တာဏႀကီး႐ိုက္ကူးတဲ့ “မီ” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ေအာင္ျမင္မႈေတြ အႀကီးအက်ယ္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ အကယ္ဒမီဆုတစ္ဆုကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ ပိုင္ၿဖိဳးသုက လက္ရွိမွာလည္း (၂၀၁၉) ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို “ထာဝရေႏွာင္ႀကိဳး”

႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဆြတ္ခူးရရွိႏိုင္တယ္လို႔ ပရိသတ္ေတြက ထင္ေၾကးေပးေနၾကတာပဲ ျဖစ္ပါတယ္။ ပိုင္ၿဖိဳးသုကေတာ့ အကယ္ဒမီဆုႀကီးေတြထက္ သူမရဲ႕ အႏုပညာကိုသာ တိုးတက္ေအာင္လုပ္ၿပီး ပရိသတ္ေတြကို ခံစားမႈရသအမ်ိဳးမ်ိဳးကို ေပးစြမ္းႏိုင္ဖို႔သာ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာလည္း ပိုင္ျဖိဳးသုက ဒါရိုက္တာခင္လိႈင္ ရိုက္ကူးတဲ့ “ဆိုးေပ” ဇာတ္လမ္းတြဲကို ရိုက္ကူးဖို့အတြက္

မႏၱေလးတိုင္းေဒသၾကီးကို ေရာက္ရိွေနတာပဲ ျဖစ္ပါတယ္။ ပိုင္ျဖိဳးသုက သူမရဲ့ ေရာက္ေလရာေနရာအထိ တကူးတကေမတၱာေတြအျပည့္နဲ့ ထမင္းခ်ိဳင့္ေတြပို့ေပးၾကတဲ့ Fan ေတြေၾကာင့္ ၾကည္နူးမဆံုးျဖစ္ေနရတဲ့အေၾကာင္းကို “Vitamin T မ်ားရဲ့ ခ်စ္ျခင္းေမတၱာမ်ားနွင့္ ေကာင္းမြန္ေသာ ေန့လည္စာ” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ My Day မွာ မွ်ေဝေျပာျပထားပါတယ္။ ပိုင္ျဖိဳးသုကေတာ့

သူမကို အရမ္းခ်စ္တဲ့ ပရိသတ္ေတြေၾကာင့္ ေရာက္ေလရာေနရာမွာ အဆင္ကိုေျပေနတာပဲေနာ္။ ပရိသတ္ေတြက ခ်စ္တဲ့ မင္းသမီးနဲ့ မင္းသမီးက ခ်စ္တဲ့ ပရိသတ္ေတြရဲ့ ေစတနာအသြားအျပန္ကေတာ့ ၾကည္နူးဖြယ္ပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

“မီ” လို့ ပရိသတ်တွေက တင်စားကြတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ သူမရဲ့ခင်ပွန်း ဒါရိုက်တာဏကြီးရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသုက လက်ရှိမှာလည်း (၂၀၁၉) ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို “ထာဝရနှောင်ကြိုး”

ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆွတ်ခူးရရှိနိုင်တယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ အကယ်ဒမီဆုကြီးတွေထက် သူမရဲ့ အနုပညာကိုသာ တိုးတက်အောင်လုပ်ပြီး ပရိသတ်တွေကို ခံစားမှုရသအမျိုးမျိုးကို ပေးစွမ်းနိုင်ဖို့သာ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပိုင်ဖြိုးသုက ဒါရိုက်တာခင်လှိုင် ရိုက်ကူးတဲ့ “ဆိုးပေ” ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့အတွက်

မန္တလေးတိုင်းဒေသကြီးကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက သူမရဲ့ ရောက်လေရာနေရာအထိ တကူးတကမေတ္တာတွေအပြည့်နဲ့ ထမင်းချိုင့်တွေပို့ပေးကြတဲ့ Fan တွေကြောင့် ကြည်နူးမဆုံးဖြစ်နေရတဲ့အကြောင်းကို “Vitamin T များရဲ့ ချစ်ခြင်းမေတ္တာများနှင့် ကောင်းမွန်သော နေ့လည်စာ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ မျှဝေပြောပြထားပါတယ်။ ပိုင်ဖြိုးသုကတော့

သူမကို အရမ်းချစ်တဲ့ ပရိသတ်တွေကြောင့် ရောက်လေရာနေရာမှာ အဆင်ကိုပြေနေတာပဲနော်။ ပရိသတ်တွေက ချစ်တဲ့ မင်းသမီးနဲ့ မင်းသမီးက ချစ်တဲ့ ပရိသတ်တွေရဲ့ စေတနာအသွားအပြန်ကတော့ ကြည်နူးဖွယ်ပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Paing Phyo Thu’s Facebook

Add a Comment

Your email address will not be published. Required fields are marked *