သူမနာမည္ကိုသံုးၿပီး အြန္လိ္ုင္းမွာ သိန္းနဲ႔ခ်ီၿပီး ေငြလိမ္ေနသူေတြရွိတယ္ဆိုတဲ့ ယြန္းေရႊရည္

ယြန္းေ႐ႊရည္ကေတာ့ Online ေပၚကေန ေဈးမေရာင္းျဖစ္ေတာ့တဲ့ အခ်ိန္မွာ သူမနာမည္ကို သုံးၿပီး ပရိသတ္ေတြဆီက ေငြလိမ္ေနၾကသူေတြရွိတယ္လို႔ ဆိုပါတယ္။ သူမကို ခ်စ္တဲ့ ပရိသတ္ေတြ သတိထားေစခ်င္တယ္လို႔ ေျပာျပလာပါတယ္။ “ အခုခ်ိန္မွာ ကိုယ္က အခ်ိန္ပိုင္း Live ေလးေတြ လႊင့္ၿပီး ေဈးေရာင္းေနတာပါ။ ဟိုအရင္တုန္းက Online Shop လုပ္ခဲ့ဖူးတဲ့ ကိုယ့္ရဲ႕ Page ကို ခဏနားထားတဲ့ အခ်ိန္မွာ ယြန္းေ႐ႊရည္နာမည္ကို အဂၤလိပ္လို ေပါင္းၿပီးေတာ့ ဖြင့္တဲ့ Facebook Page တစ္ခုကေပၚလာၿပီး Online Shop လုပ္တာ။ မသိရင္ ကိုယ္ေရာင္းေနသလိုပဲ ကိုယ့္ထက္ Follower

ေတာင္မ်ားေနေသးတာ။ တခ်ိဳ႕ဆိုရင္ ခ်စ္တဲ့ စိတ္နဲ႔ သြားၿပီးေတာ့ အားေပးတာ အလိမ္ခံလိုက္ရတာေတြရွိတယ္။ အဲဒီ အေကာင့္ေရာ၊ Page ေရာက ယြန္းသုံးတာ မဟုတ္ပါဘူးေျပာလည္း အခုခ်ိန္ထိ သူတို႔က ဆက္လိမ္ေနတုန္းပဲ။ ပရိသတ္ေတြကို သတိထားေစခ်င္တယ္”လို႔ ဆိုပါတယ္။ ယြန္းေ႐ႊရည္ကေတာ့ သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ နာမည္ကို ျမန္မာလို ယြန္းေ႐ႊရည္ လို႔သာ ေရးသားထားတာလို႔ သိရပါတယ္။ အဂၤလိပ္လို ေရးသားထားတဲ့ “Yoon Shwe Yi” ဆိုတဲ့ Facebook Page ဟာ Page အတုသာ ျဖစ္တယ္လို႔ ဆိုပါတယ္။ သူမကို ခ်စ္လို႔ ဝယ္ယူအားေပးရင္း ေငြလိမ္ခံလိုက္ရတဲ့ ပရိသတ္ေတြအတြက္

စိတ္မေကာင္းဘူးလို႔ သူက ေျပာပါတယ္။ “ သူက အိမ္ေထာင္ပရိေဘာဂေတြ ေရာင္းတာ၊ ပိုက္ဆံဆိုလည္း (၅)ေသာင္း အထက္မွာေတြခ်ည္းပဲ။ သူက ေတာ္ေတာ္ကို ပိပိရိရိလိမ္တာ။ ဖုန္းဆိုလည္း ဆက္တယ္၊ ၿပီးရင္ ယြန္းအသံကို မသိၾကေတာ့ ယြန္းပါ ဆိုၿပီးေတာ့ ေျပာတယ္။ ဖုန္းနံပတ္ကလည္း တစ္ေယာက္ကို တစ္မ်ိဳးပို႔တယ္။ ၿပီးေတာ့ သူက မွတ္ပုံတင္ပါ ျပၿပီးေတာ့ လိမ္တာ မွတ္ပုံတင္မွာ ယြန္းပုံ တပ္ၿပီးေတာ့ ယြန္းေ႐ႊရည္ဆိုၿပီးေတာ့ လုပ္တာ။ အစ္မ တစ္ေယာက္ဆိုရင္ ပိုက္ဆံလႊဲခိုင္းတာကို မယုံလို႔ဆိုၿပီး မွတ္ပုံတင္ျပလိုက္ေတာ့

ဒါ အမွန္ပဲဆိုၿပီး ေငြလႊဲလိုက္တာ (၃) သိန္းပါသြားတယ္။ ေငြလႊဲၿပီးတာနဲ႔ သူက စက္ပိတ္လိုက္တာ” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္ ယြန္းေ႐ႊရည္ကေတာ့ လက္ရွိမွာ အလုပ္သေဘာအရ Online ေပၚကေန အခ်ိန္ပိုင္းနဲ႔ Live လႊင့္ၿပီး ေဈးေရာင္းေပးေနတယ္လို႔ ဆိုပါတယ္။ ယြန္းေ႐ႊရည္ကိုေတာ့ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပး ခ်စ္ခင္မႈကို ရရွိလာတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ တစ္လကို ႐ုပ္ရွင္ဇာတ္ကားႀကီး တစ္ကားသာ႐ိုက္ကူးေနတာျဖစ္တယ္လို႔ သူကေျပာပါတယ္။

Read in UNICODE

ယွန်းရွှေရည်ကတော့ Online ပေါ်ကနေ ဈေးမရောင်းဖြစ်တော့တဲ့ အချိန်မှာ သူမနာမည်ကို သုံးပြီး ပရိသတ်တွေဆီက ငွေလိမ်နေကြသူတွေရှိတယ်လို့ ဆိုပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ သတိထားစေချင်တယ်လို့ ပြောပြလာပါတယ်။ “ အခုချိန်မှာ ကိုယ်က အချိန်ပိုင်း Live လေးတွေ လွှင့်ပြီး ဈေးရောင်းနေတာပါ။ ဟိုအရင်တုန်းက Online Shop လုပ်ခဲ့ဖူးတဲ့ ကိုယ့်ရဲ့ Page ကို ခဏနားထားတဲ့ အချိန်မှာ ယွန်းရွှေရည်နာမည်ကို အင်္ဂလိပ်လို ပေါင်းပြီးတော့ ဖွင့်တဲ့ Facebook Page တစ်ခုကပေါ်လာပြီး Online Shop လုပ်တာ။ မသိရင် ကိုယ်ရောင်းနေသလိုပဲ ကိုယ့်ထက် Follower

တောင်များနေသေးတာ။ တချို့ဆိုရင် ချစ်တဲ့ စိတ်နဲ့ သွားပြီးတော့ အားပေးတာ အလိမ်ခံလိုက်ရတာတွေရှိတယ်။ အဲဒီ အကောင့်ရော၊ Page ရောက ယွန်းသုံးတာ မဟုတ်ပါဘူးပြောလည်း အခုချိန်ထိ သူတို့က ဆက်လိမ်နေတုန်းပဲ။ ပရိသတ်တွေကို သတိထားစေချင်တယ်”လို့ ဆိုပါတယ်။ ယွန်းရွှေရည်ကတော့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ် နာမည်ကို မြန်မာလို ယွန်းရွှေရည် လို့သာ ရေးသားထားတာလို့ သိရပါတယ်။ အင်္ဂလိပ်လို ရေးသားထားတဲ့ “Yoon Shwe Yi” ဆိုတဲ့ Facebook Page ဟာ Page အတုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူမကို ချစ်လို့ ဝယ်ယူအားပေးရင်း ငွေလိမ်ခံလိုက်ရတဲ့ ပရိသတ်တွေအတွက်

စိတ်မကောင်းဘူးလို့ သူက ပြောပါတယ်။ “ သူက အိမ်ထောင်ပရိဘောဂတွေ ရောင်းတာ၊ ပိုက်ဆံဆိုလည်း (၅)သောင်း အထက်မှာတွေချည်းပဲ။ သူက တော်တော်ကို ပိပိရိရိလိမ်တာ။ ဖုန်းဆိုလည်း ဆက်တယ်၊ ပြီးရင် ယွန်းအသံကို မသိကြတော့ ယွန်းပါ ဆိုပြီးတော့ ပြောတယ်။ ဖုန်းနံပတ်ကလည်း တစ်ယောက်ကို တစ်မျိုးပို့တယ်။ ပြီးတော့ သူက မှတ်ပုံတင်ပါ ပြပြီးတော့ လိမ်တာ မှတ်ပုံတင်မှာ ယွန်းပုံ တပ်ပြီးတော့ ယွန်းရွှေရည်ဆိုပြီးတော့ လုပ်တာ။ အစ်မ တစ်ယောက်ဆိုရင် ပိုက်ဆံလွှဲခိုင်းတာကို မယုံလို့ဆိုပြီး မှတ်ပုံတင်ပြလိုက်တော့

ဒါ အမှန်ပဲဆိုပြီး ငွေလွှဲလိုက်တာ (၃) သိန်းပါသွားတယ်။ ငွေလွှဲပြီးတာနဲ့ သူက စက်ပိတ်လိုက်တာ” လို့ ဆက်လက် ပြောပြလာပါတယ်။ သရုပ်ဆောင် ယွန်းရွှေရည်ကတော့ လက်ရှိမှာ အလုပ်သဘောအရ Online ပေါ်ကနေ အချိန်ပိုင်းနဲ့ Live လွှင့်ပြီး ဈေးရောင်းပေးနေတယ်လို့ ဆိုပါတယ်။ ယွန်းရွှေရည်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်လကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားသာရိုက်ကူးနေတာဖြစ်တယ်လို့ သူကပြောပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *