ေတြ႕ၾကံဳျဖတ္သန္းခဲ့ရတဲ့ ဘဝအခက္အခဲေတြနဲ႔ ပတ္သတ္တဲ့ သီခ်င္းေလး ထြက္ဖို႔ရွိတယ္ဆိုတဲ့ နီနီခင္ေဇာ္

နီနီခင္ေဇာ္ကေတာ့ ၾသဂုတ္လ(၃၁) ရက္ေန႔ဆိုရင္ အသက္(၂၉) ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႔ေလးမွာ ျဖတ္သန္းခဲ့ရတဲ့ဘဝအေတြ႕အႀကဳံေတြကို ေရးဖြဲ႕ထားတဲ့ သီခ်င္းအသစ္ေလးနဲ႔ ပရိသတ္ကို မိတ္ဆက္ေပးမယ္လို႔ဆိုပါတယ္။ “ဘ၀ ရဲ႕အခ်ိဳးအေကြ႕ေတြ အခက္အခဲေတြၾကား ရွင္သန္ျခင္းရဲ႕အဓိပၸါယ္ ေတြ ေမးခြန္းထုတ္ရင္း နီနီ႔ရဲ႕ ၂၉ ႏွစ္ျပည့္ ေမြးေန႔ မွာ “Hope” ေမွ်ာ္လင့္ျခင္း ဆိုတဲ့ သီခ်င္းတစ္ပုဒ္ ကို နီနီရဲ႕ Official YouTube Channel နဲ႔ Facebook Page မွာ တင္ေပးသြားမွာ ျဖစ္ပါတယ္ ။ သီခ်င္းေလးဟာ

ကိုရီးယား မွ Music Producer ေတြျဖစ္တဲ့ Alpha Music Magazine မွ K.Minwoo နဲ႔အတူတူ နီနီေရးထားတဲ့သီခ်င္းေလးတစ္ပုဒ္လည္းျဖစ္ပါတယ္ ။ အမွတ္တရ အျဖစ္ နီနီ႔ရဲ႕ေမြးေန႔ျဖစ္တဲ့ August ၃၁ ေန႔မွာ Korea Music Platform မ်ားနဲ႔ International Platform မ်ား Local Music Platform မ်ားမွာပါ နားဆင္ႏိုင္မွာျဖစ္ပါတယ္ ” ဆိုၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေၾကညာထားတာ ျဖစ္ပါတယ္။ နီနီခင္ေဇာ္ဟာ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ(၁၃) ရက္ေန႔မွာေတာ့ ဂီတသက္တမ္း (၁၂) ႏွစ္ျပည့္ခဲ့ပါၿပီ။ သူမကေတာ့ Melody World 2008 ခုႏွစ္

သီခ်င္းဆို ၿပိဳင္ပြဲကေန တဆင့္ ျမန္မာျပည္ရဲ႕ဂီတေလာကတြင္ ထင္ရွားလာၿပီး ႏိုင္ငံတကာထိ ထင္ရွားေက်ာ္ၾကားေသာ ဂီတပညာရွင္ တစ္ဦးအျဖစ္ Best in Music ဆိုတဲ့ ေခါင္းစဥ္ေအာက္က Myanmar’s Pride Award 2019 ဆုကိုလည္း နီနီခင္ေဇာ္က ရရွိပိုင္ဆိုင္ခဲ့ပါတယ္။ သူမဟာ ဂီတနဲ႔ ပတ္သက္ၿပီး ျပည္တြင္းမွာ ရရွိထားတဲ့ ဆုေတြနဲ႔ ျပည္ပက ခ်ီးျမႇင့္ထားတဲ့ ဆုေတြ အပါအဝင္ ဆု စုစုေပါင္း (၁၃) ဆု ရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ပါတယ္။ ဂီတဘက္မွာ ထူးခြၽန္ေပမယ့္ သ႐ုပ္ေဆာင္အလုပ္ကိုလည္း

ဝါသနာပါသူျဖစ္တာေၾကာင့္ “အိပ္မက္ကာရန္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ နီနီခင္ေဇာ္ က အကယ္ဒမီေနတိုးအတူ ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။ ဒီဇာတ္ကားဟာ သူမကိုယ္တိုင္ ေရးထားတဲ့ ဇာတ္လမ္းေလးျဖစ္တယ္လို႔လည္း ေျဖဆိုခဲ့ဖူးပါတယ္။ နီနီခင္ေဇာ္ဟာ အခ်စ္သီခ်င္းေပါင္းမ်ားစြာနဲ႔ ေအာင္ျမင္ခဲ့တဲ့အဆိုေတာ္ တစ္ဦးျဖစ္သလို ‘’ဂယ္ဘဲ ဂယ္ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အေခြေတြ ထြက္ရွိၿပီး ေအာင္ျမင္မႈေတြ ရရွိပိုင္ဆိုင္ထားတဲ့ အဆိုေတာ္တစ္ေယာက္ပါ။ သူမက Covid ကာလမွာလည္း ပရဟိတအလႉအတြက္ အြန္လိုင္းေပၚကေန ဂီတေဖ်ာ္ေျဖပြဲ လုပ္ခဲ့ပါေသးတယ္။

Read in UNICODE

နီနီခင်ဇော်ကတော့ သြဂုတ်လ(၃၁) ရက်နေ့ဆိုရင် အသက်(၂၉) နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေကို ရေးဖွဲ့ထားတဲ့ သီချင်းအသစ်လေးနဲ့ ပရိသတ်ကို မိတ်ဆက်ပေးမယ်လို့ဆိုပါတယ်။ “ဘ၀ ရဲ့အချိုးအကွေ့တွေ အခက်အခဲတွေကြား ရှင်သန်ခြင်းရဲ့အဓိပ္ပါယ် တွေ မေးခွန်းထုတ်ရင်း နီနီ့ရဲ့ ၂၉ နှစ်ပြည့် မွေးနေ့ မှာ “Hope” မျှော်လင့်ခြင်း ဆိုတဲ့ သီချင်းတစ်ပုဒ် ကို နီနီရဲ့ Official YouTube Channel နဲ့ Facebook Page မှာ တင်ပေးသွားမှာ ဖြစ်ပါတယ် ။ သီချင်းလေးဟာ

ကိုရီးယား မှ Music Producer တွေဖြစ်တဲ့ Alpha Music Magazine မှ K.Minwoo နဲ့အတူတူ နီနီရေးထားတဲ့သီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ် ။ အမှတ်တရ အဖြစ် နီနီ့ရဲ့မွေးနေ့ဖြစ်တဲ့ August ၃၁ နေ့မှာ Korea Music Platform များနဲ့ International Platform များ Local Music Platform များမှာပါ နားဆင်နိုင်မှာဖြစ်ပါတယ် ” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ကြေညာထားတာ ဖြစ်ပါတယ်။ နီနီခင်ဇော်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာတော့ ဂီတသက်တမ်း (၁၂) နှစ်ပြည့်ခဲ့ပါပြီ။ သူမကတော့ Melody World 2008 ခုနှစ်

သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆု စုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ဂီတဘက်မှာ ထူးချွန်ပေမယ့် သရုပ်ဆောင်အလုပ်ကိုလည်း

ဝါသနာပါသူဖြစ်တာကြောင့် “အိပ်မက်ကာရန်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နီနီခင်ဇော် က အကယ်ဒမီနေတိုးအတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်ကားဟာ သူမကိုယ်တိုင် ရေးထားတဲ့ ဇာတ်လမ်းလေးဖြစ်တယ်လို့လည်း ဖြေဆိုခဲ့ဖူးပါတယ်။ နီနီခင်ဇော်ဟာ အချစ်သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ သူမက Covid ကာလမှာလည်း ပရဟိတအလှူအတွက် အွန်လိုင်းပေါ်ကနေ ဂီတဖျော်ဖြေပွဲ လုပ်ခဲ့ပါသေးတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *