ခရီးသွားရင်း သုံးစရာပိုက်ဆံ ကုန်သွားတာကြောင့် ရန်ကုန်မှာကျန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ပိုက်ဆံအမြန်လွှဲခိုင်းနေရတဲ့ မြတ်ရတနာကျော်





Read in UNICODE

မြတ်ရတနာကျော်ကတော့ တနေ့တခြားပိုပိုလှလာတဲ့ သူလေးဆိုတာ ငြင်းနိုင်မယ်မထင်ပါဘူးနော်။ အဆိုတော် Ah Boyနဲ့ လက်ထပ်ပြီးနောက် အနုပညာအလုပ်တွေကိုရပ်နားခဲ့တာဖြစ်ပြီး သမီးလေး Scarlettဖြိုးထွန်းလေးကို ရရှိပိုင်ဆိုင်ထားကာ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ တစ်သားမွေးတစ်သွေးလှလာတဲ့

မြတ်ရတနာကျော်ကတော့ ကလေးအမေလို့တောင်ထင်ရက်လောက်စရာမရှိအောင် ပိုပိုလှလာတာအမှန်ပါပဲနော်။ လက်ရှိမှာလည်း ” Our Travel Diaries ” ဆိုတဲ့ Page လေးနဲ့ Vlog လေးတွေ ပြုလုပ်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ” သို့/ ကိုကိုကျော် Kyaw Phyo Tun မြတ် တောင်ကြီး မှာ သုံးစရာ ငွေ

ကုန်သွားသောကြောင့် ကျွန်မ KBZPay ထဲ ငွေ လုံလုံလောက်လောက် ခုပဲ မြန်မြန်ဆန်ဆန် ထည့် ပေးလိုက်ပါနော် ။ကိုကျော့် ကိုလွမ်းနေတဲ့ ချစ်တဲ့ မြတ် ” ဆိုတဲ့ စာလေးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်လာခဲ့တာပါ။ မြတ်ရတနာကျော်ကတော့ အခုလက်ရှိမှာ

တောင်ကြီးကိုရောက်နေတာကြောင့် ရန်ကုန်မှာ ရှိတဲ့ ခင်ပွန်းသည်ကို အချွဲပိုနေတာပါပဲနော်။ ဒါကြောင့်လည်း AhBoyက အခုချိန်ထိ သည်းသည်းလှုပ်ချစ်နေရတာပဲဖြစ်ပါမယ် ပရိသတ်ကြီးရေ ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Myat Yadanar Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *