ဒုတိယမြောက်လွယ်ထားတဲု ကိုယ်ဝန်လေးက သမီးလေးဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်း
Read in UNICODE
အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်မြတ်ဖြိုးသင်းကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ခြေလှမ်းခပ်ကျဲကျဲသာလုပ်ကိုင်နေခဲ့ပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။ ခင်ပွန်ဖြစ်သူနဲ့ သားသားလေးအတွက် အချိန်ပိုပေးပြီး
အိမ်ထောင်ရှင်မကောင်းတစ်ယောက် အနေနဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သို့ပေမဲ့ မကြာသေးမီကတော့ နန်းမြတ်တို့ရဲ့ မိသားစု၏ဘဝလေးထဲကို ဒုတိမြောက် ရင်သွေးလေး ဝင်ရောက်လာတဲ့ အကြောင်း နန်းမြတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ
သူ့ရဲ့ပရိသတ်တွေအတွက် ဖော်ပြလာခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒီသတင်းလေးကြောင့် ဝမ်းသာ ပီတိဖြစ်နေခဲ့ပါသေးတယ်။ လတ်တလောမှာလည်း နန်းမြတ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပန်းရောင် အရုပ်လေးတစ်ရုပ်နဲ့ ပုံလေးကို ပဟေဠိဆန်ဆန် တင်ခဲ့ပါတယ်။ ပရိသတ်တွေနဲ့
အနုပညာရှင်တွေကတော့ ဒုတိယမြောက်ရင်သွေးလေးက သမီးလေးလားလို့ နန်းမြတ်ကို မေးခွန်းထုတ်နေခဲ့ပြီး နန်းမြတ်ကတော့ Comment မှာ ပြန်လည်ဖြေကြားပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ နန်းမြတ်ကတော့ ဒုတိကရင်သွေးလေးကမီးမီးလေးဆိုတော့ တော်တော်လေးကို ပျော်ရွှင်နေမှာပဲနော်။
Source : Nan Myat Phyo Thin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *