စစ်တွေဆေးရုံကြီးက ကိုဗစ်လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် (၃)သိန်းကျပ်တိတိ လှူဒါန်းခဲ့တဲ့ ရတနာမိုင်
Read in UNCIODE
ရတနာမိုင်ဟာ အဆိုတော် မိုင်ရဲ့ သမီးဖြစ်ပြီး မိခင်ရဲ့ သွေးအပြည့် ပါတယ်လို့ဆိုရလောက်အောင် အဆိုပညာမှာ တကယ်တော်တဲ့သူလေးပဲ ဖြစ်ပါတယ်..။ ထွက်ရှိထားတဲ့ သီချင်း Album တိုင်းလဲ အောင်မြင်မှုရရှိထားသူလို့ ဆိုရမှာပါ။အဆိုပိုင်းတင်မကဘဲ သရုပ်ဆောင်ပိုင်းမှာလည်း ဗီဒီယိုဇာတ်ကားများစွာရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်တွေဆေးရုံကြီးတွင်တာဝန်
ထမ်းဆောင်နေကြသောရှေ့တန်းတိုက်စစ်မှူးကျန်းမာရေးဝန်ထမ်းများနှင့်ကိုဗစ်လူနာများအတွက်ရတနာမိုင်တို့ မိသားစုမှသုံးသိန်းကျပ်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။” အခုလိုချိန်မှာ ကိုယ်နိုင်သလောက်လေးလှူဖြစ်ခဲ့ပါတယ် ရခိုင်အမျိုးတွေအားလုံးအမြန်ဆုံး ကပ်ဘေး
စစ်ဘေးမှအမြန်ကင်းဝေးနိုင်ကြပါစေ 😞မိုင်လေးပရိတ်သတ်တွေလဲ လှူမယ်ဆို ဒီအန်တီ Tin Myint Khine ဆီမှာ လှူလို့ရပါတယ်နော် ဖုန်း-09443001862 ကိုဆက်ပြီးတတ်နိုင်သလောက်လေး နည်းများမဆို ကုသိုလ်ပါဝင်လို့ရပါတယ်ရှင် 🙏🙏🙏 အလှူရှင်များလဲဆက်လက်ပေါ်ထွက်နိုင်ပါစေ လို့ဆုတောင်းရင်း” ဆိုတဲ့စာလေးနဲ့ သူမစိတ်ရင်းလေးကိုပြောပြခဲ့တာပါ။ ရတနာမိုင်ကတော့
ရခိုင်သူလေးဖြစ်တာကြောင့် သူမရဲ့ လူမျိုးတွေအတွက် အရမ်းကို စိုးရိမ်ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မွန်မြတ်တဲ့ ရတနာမိုင်ရဲ့ အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Yadanar My’s Facebook
Add a Comment
Your email address will not be published. Required fields are marked *