အခက်အခဲဖြစ်နေတယ်ပြောခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးက ဦးမောင်မောင်အား စားစရာနဲ့ အလှူငွေများ ချက်ချင်း ကန်တော့လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး





Read in UNICODE

လူမသိသူမရှိလောက်အောင် အောင်မြင်မှုတွေရရှိထားတဲ့ ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားကောင်းပြီး အလှူတန်း ရက်ရောသူလေး ဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားခဲ့တဲ့ ဖြူဖြူထွေးက

အခုဆိုရင် အားလုံးရဲ့အသိအမှတ်ပြုခြင်းခံထားရပြီ ဖြစ်ပါတယ်။ အလုပ်ကြိုးစားသလို မိဘအပေါ်မှာ သိတတ်လိမ္မာတဲ့ ဖြူဖြူထွေးက တစ်နေ့တစ်ခြားပိုမိုအောင်မြင်လာတာလည်း ဖြစ်ပါတယ်။ သူမရရှိတဲ့ အနုပညာကြေးလေးတွေကိုလည်း မကြာခဏဆိုသလို

လိုအပ်သူတွေကို တက်နိုင်သလောက် လှူဒါန်းလေ့ရှိသူလေးလည်းဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ အလှူပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိရာ အခုမှာလည်း အိမ်ထိလာရောက်ကာ အခက်အခဲဖြစ်နေကြောင်းပြောကြားလာတဲ့ ဦးမောင်မောင်ကို ချက်ချင်း အလှူငွေနဲ့ စားစရာများလှူဒါန်းခဲ့ပုံလေးတွေကို

ဖော်ပြထားခဲ့တာတွေ့ရပါတယ်.။ ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိသလို လေးစားအားကျစရာကောင်းနေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးတွက် ဖြူဖြူထွေးရဲ့ အလှူပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဖြူဖြူထွေးရဲ့ ရှေ့ဆက်မယ့်အနုပညာအလုပ်တွေလည်း ပိုမိုအောင်မြင်မှုရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Source : Phyu Phyu Htwe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *