သားလေး(၆)နှစ်ပြည့် မွေးနေ့အနေနဲ့ ကော်ရည်ခေါက်ဆွဲ အာရုံဆွမ်း လှူဒါန်းခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်





Read in UNICODE

ရုပ်ရှင်ဗီဒီယို ဇာတ်ကားကြီးတွေမှာ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတိပို့ဇာတ်ရံသရုပ်ဆောင် တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပါ။ ဒီနေ့မှာတော့ နှိုင်းယှဉ်မြိင့်မိုရ်က

သားလေးရဲ့ အသက် (၆)နှစ်ပြည့်အတွက် အလှူလေးပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင် ကိုဘင်နဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်တို့ရဲ့ သားလေးကတော့ ဒီနေ့ သြဂုတ်လ (၂၂)ရက်နေ့မှာ အသက် (၆)နှစ်ပြည့်သွားခဲ့တာဖြစ်ပြီး မွေးနေ့အလှူလေးအဖြစ် သံဃာတော်တွေအတွက်

အရုဏ်ဆွမ်းကပ်လှူခဲ့တာပဲဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အခုလို အလှူလေးပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး “မအားတဲ့ကြားက သားမွေးနေ့အတွက် လှူချင်လွန်းလို့ တစ်လလောက်ထဲက ကြိုစီစဉ်ထားရတာ ရှာလို့ရတဲ့ ထဲက ဖယ်ပြီး အလှူအတန်းတွေ လုပ်ခွင့်ရလို့

အရမ်းဝမ်းသာပီတိဖြစ်ရတယ်။”လို့ ဝမ်းသာပီတိဖြစ်နေကြောင်း ဖော်ပြခဲ့ပါတယ်။ အခုပြုလုပ်တဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုလို့ရအောင် နှိုင်းယှဉ်မြင့်မိုရ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလည်း နှိုင်းယှဉ်မြင့်မိုရ်ရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source : Nhying Shin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *