ပရိသတ်တစ်ဦးရဲ့မိခင် နေမကောင်းတာ ကုသဖို့ ဆေးဖိုးအလှူငွေထည့်ထားတဲ့ စာအိတ်လေး လှူဒါန်းခဲ့တဲ့ မြတ်သူသူ
Read in UNICODE
စိတ်ထားဖြူစင်ပြီးရိုးသားလှတာကြောင့် မြတ်သူသူကတော့ ပရိသတ်တွေ အချစ်ပိုနေရတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး တစ်ယောက်ပါ။ လူလေးကလည်း လှသလို စိတ်ထားလေးကလည်း ဖြူစင်မွန်မြတ်လှပြီး အလှူအတန်းရက်ရောလွန်းလှတာကြောင့်
ပရိသတ်တွေက မြတ်သူသူရဲ့ စိတ်ထားလေးကို ချီးကျူးနေခဲ့ကြပါသေးတယ်။ လတ်တလောမှာလည်း မြတ်သူသူက သူ့ကို အားပေးနေတဲ့ အမာခံပရိသတ်တစ်ယောက်ရဲ့ မိခင်အတွက်ဆေးကုသဖို့ တတ်နိုင်သလောက်လှူဒါန်းပေးလိုက်ပါတယ်။ မိခင်ကြီး
ဆေးကုသဖို့ ဆေးဖိုးဝါးခအခက်အခဲဖြစ်နေတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ပရိသတ်တစ်ယောက်ကို အဖြူထည်သက်သက် ဘာမျှော်လင့်ချက်မှာမထားဘဲ မြတ်သူသူက သူတတ်နိုင်သလောက် ဆေးဖိုးဝါးခကို လှူဒါန်းပေးခဲ့တာပါ။ဆေးဖိုးအလှူငွေ ထည့်ထားတဲ့
စာအိတ်လေးရဲ့အပေါ်မှာလည်း တရိုတသေနဲ့ ဒါနပြုကုသိုလ်ယူလှူဒါန်းဖို့ တောင်းဆိုထားခဲ့ပြီးအမြန်ဆုံးပြန်လည်ကျန်းမာစေဖို့ ဆုမွန်ကောင်းတွေတောင်းဆိုပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ မြတ်သူသူရဲ့ စိတ်ထားလေးကတော့ ချီးကျူးထိုက်ပါပေတယ်နော်။
Source : Myat Thu Thu’s Facebook
Add a Comment
Your email address will not be published. Required fields are marked *