မြန်မာနိုင်ငံရောက်တာ (၁)နှစ်ပြည့်အနေနဲ့ ဆင်းရဲချို့တဲ့သူတွေအတွက် လိုအပ်တာတွေ လှူဒါန်းခဲ့တယ်ဆိုတဲ့ Sinon Loresca
Read in UNICODE
Sinon loresca ကိုတော့ ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ Sinon ကတော့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာလူမျိုးတွေရဲ့ ဖော်ရွေမှုကြောင့် မြန်မာနိုင်ငံမှာပဲအခြေချလျက်ရှိပါတယ်။ Sinonကတော့ ရသမျှငွေကြေးတွေထဲကမှ လိုအပ်နေတဲ့သူတွေကို မြင်ရင် တတ်နိုင်သလောက်လေးနဲ့ ကိုယ်တိုင်သွားရောက်လှူဒါန်းလေ့ရှိတဲ့ ပရဟိတစိတ်အပြည့်အဝရှိသူ
တစ်ဦးပဲဖြစ်ပါတယ်။ Sinonထံ အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေဆီကနေ လက်ဆောင်လေးတွေရရှိထားတဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ Sinonက”ကျတော့်မြန်မာ‌မှာနေထိုင်တာ တစ်နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ ဆန်! ဆီ! YOLO bakeryကပေါင်မု့န်တွေကို မန်းလေးမှာရှိတဲ့
ချို့တဲ့သူများထောက်ပံ့ရေး အသင်းဌာနကို သွားရောက်လှူ ဒါန်းခဲ့ပါတယ်ခင်ဗျ။ မြန်မာက ကျတော့်ရဲ့ဒုတိယ အိမ် မြန်မာလူ‌မျိုးတွေက ကျတော့် တန်ဖိုးထားရသော လူမျိုးတွေ။ကျတော့်ကိုချစ်ပေးကြတာတွေ Supportiveလုပ်ပေးကြတာတွေအားလုံးအတွက်ကျေးဇူးပါခင်ဗျ ချစ်တယ်မြန်မာ”လို့ဆိုပြီး မြန်မာနိုင်ငံမှာ အခြေချနေထိုင်တာ တစ်နှစ်ပြည့်သွားတဲ့အထိမ်းအမှတ်အနေနဲ့ အလှူဒါန်းလေးပြုလုပ်ခဲ့ကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ
မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ဒုတိယအိမ်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခြေချနေထိုင်ခဲ့တာ တစ်နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ အလှူဒါန်းပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Sinon Loresca
Add a Comment
Your email address will not be published. Required fields are marked *