စက်လှေစီးရင်း သားလေးကို စိတ်မချလို့ မလွှတ်တမ်းဖက်ထားပြီး အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရှာတဲ့ မြင့်မြတ်
Read in UNICODE
မာန်မာနကင်းပြီး မြင့်မြတ်ကတော့ ဖော်ရွေတာကြောင့် လူချစ်လူခင်ပေါများနေတာပဲ ဖြစ်ပါတယ် ။ ဒိတ်ဒိတ်ကြဲမင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်က ယနေ့အချိန်အထိ ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးရင်း အောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့
မြင့်မြတ်က ဇနီးချောလေးနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာပဲ ဖြစ်ပါတယ် ။ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကိုတော့ ဖေဖေမြင့်မြတ်က တုန်နေအောင်ချစ်ရတာလည်း ဖြစ်ပါတယ် ။ မြင့်မြတ်က သူ့ရဲ့သားလေးကို
အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ကြင်နာလေ့ရှိပြီး ရိုက်ကွင်းကအစ အတူတူခေါ်သွားလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း မြင့်မြတ်တစ်ယောက် ချစ်ရတဲ့သားလေးနဲ့အတူ စက်လှေစီးရင်း ပျော်ရွှင်နေတာကို ချစ်တပည့်မြတ်ဝေထွန်းက Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာ မြင့်မြတ်က
သူ့ရဲ့သားလေးကိုသေသေချာချာ ပွေ့ဖက်ပြီး ဂရုစိုက်ပေးနေတာကလည်း တကယ့်ကိုကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ဂျူနီယာမြင့်မြတ်လေးကတော့ ဖေဖေနဲ့အတူ စက်လှေစီးရင်း ရှုခင်းတွေလိုက်ကြည့်ကာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်တို့သားအဖနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source: Myat Wai Tun’s Facebook
Add a Comment
Your email address will not be published. Required fields are marked *