အႏုပညာရွင္တစ္ေယာက္ ျဖစ္လာလိမ့္မယ္လို႔ မထင္ထားခဲ့ဘူးဆိုတဲ့ ေဖြးေဖြး

သ႐ုပ္ေဆာင္ ေဖြးေဖြး အေနနဲ႔ ႐ုပ္ရွင္ႏွစ္(၁၀၀) ျပည့္တဲ့အခ်ိန္မွာ သူမဟာ အႏုပညာရွင္တစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔ မထင္ထားခဲ့ဘူးလို႔ မီဒီယာေတြကို ေျဖဆိုခဲ့ပါတယ္။ “ ႐ုပ္ရွင္ ႏွစ္(၁၀၀)ျပည့္မွာ ကိုယ္လည္း ႏွစ္အပိုင္းအဆေလး တစ္ခုအေနနဲ႔ ပါဝင္ခြင့္ရလာတာ ဝမ္းသာတယ္။ ငယ္ငယ္တုန္းကဆိုရင္ ကိုယ္အရမ္းအားက်ခဲ့ရတဲ့ သ႐ုပ္ေဆာင္ေတြကို TV ကေနပဲ ၾကည့္ခဲ့ရတာေပါ့ေနာ္။ ဦးဝင္းဦး၊ ဦးေက်ာ္ဟိန္းတို႔လိုေပါ့။ ကိုယ္ကိုယ္တိုင္ အခုလို ပိတ္ကားေပၚကို ေရာက္လာလိမ့္မယ္လို႔လည္း မထင္

ထားဘူး” ဆိုၿပီးေတာ့ သူမရဲ႕ ေမြးေန႔ အလႉမွာ ေျဖဆိုခဲ့တာပါ။ေ ဖြးေဖြးကေတာ့ ျမန္မာႏိုင္ငံရဲ႕ အႏုပညာေလာကမွာ ထိပ္တန္းစာရင္းဝင္ အမ်ိဳးသမီး အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။ လက္ရွိမွာေတာ့ Covid ကာလျဖစ္တဲ့အတြက္ ႐ုပ္ရွင္႐ိုက္ကူးေရးေတြ ရပ္နားထားတယ္လို႔ သူကဆိုပါတယ္။ ၂၀၂၀ ခုႏွစ္ မတ္လ လဆန္းကတည္းက အႏုပညာအလုပ္ေတြ ရပ္နားထားခဲ့တာ အခုဆိုရင္ (၆) လ ၾကာျမင့္ေနၿပီလို႔ သိရပါတယ္။ “ အႏုပညာအလုပ္ေတြ ရပ္နားထားတယ္ဆိုတာကလည္း အကုန္လုံး ရင္ဆိုင္ေနရတဲ့

အျဖစ္အပ်က္ပါပဲ။ ဥပမာ-လက္သန႔္ေဆးရည္ ထုတ္တဲ့လုပ္ငန္းေတြ ပိုစီးပြားတတ္လာသလိုေပါ့ေနာ္။ တစ္လွည့္စီေပါ့။ ၿပီးေတာ့ Social Media ကေန တက္လာတဲ့သူေတြက်ေတာ့ အလုပ္ေတြ ပိုလုပ္ျဖစ္တယ္၊ အျပင္မွာ ပုံမွန္အဖြဲ႕အစည္းနဲ႔ လုပ္ရမယ့္ အလုပ္ေတြက်ေတာ့ ခဏနားရမယ္။ အားလုံးက ခဏပါပဲေလ။ ကိုယ္အလုပ္ လုပ္ရတဲ့ အလွည့္လည္း ျပန္ေရာက္လာမွာပါ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ေဖြးေဖြးဟာ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆု

အကယ္ဒမီ (၃)ဆုကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ပရိသတ္မ်ားစြာတို႔ရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သလို၂၀၁၅ ခုႏွစ္မွာေတာ့ ကြၽန္မက ႏွင္းဆီပါေမာင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုအျဖစ္ ေ႐ႊၾကာ႐ုပ္ရွင္ကားႀကီးနဲ႔ ထပ္မံရရွိခဲ့ပါတယ္။

Read in UNICODE

သရုပ်ဆောင် ဖွေးဖွေး အနေနဲ့ ရုပ်ရှင်နှစ်(၁၀၀) ပြည့်တဲ့အချိန်မှာ သူမဟာ အနုပညာရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလို့ မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။ “ ရုပ်ရှင် နှစ်(၁၀၀)ပြည့်မှာ ကိုယ်လည်း နှစ်အပိုင်းအဆလေး တစ်ခုအနေနဲ့ ပါဝင်ခွင့်ရလာတာ ဝမ်းသာတယ်။ ငယ်ငယ်တုန်းကဆိုရင် ကိုယ်အရမ်းအားကျခဲ့ရတဲ့ သရုပ်ဆောင်တွေကို TV ကနေပဲ ကြည့်ခဲ့ရတာပေါ့နော်။ ဦးဝင်းဦး၊ ဦးကျော်ဟိန်းတို့လိုပေါ့။ ကိုယ်ကိုယ်တိုင် အခုလို ပိတ်ကားပေါ်ကို ရောက်လာလိမ့်မယ်လို့လည်း မထင်

ထားဘူး” ဆိုပြီးတော့ သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ေ ဖွးဖွေးကတော့ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင် အမျိုးသမီး အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာတော့ Covid ကာလဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်နားထားတယ်လို့ သူကဆိုပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ လဆန်းကတည်းက အနုပညာအလုပ်တွေ ရပ်နားထားခဲ့တာ အခုဆိုရင် (၆) လ ကြာမြင့်နေပြီလို့ သိရပါတယ်။ “ အနုပညာအလုပ်တွေ ရပ်နားထားတယ်ဆိုတာကလည်း အကုန်လုံး ရင်ဆိုင်နေရတဲ့

အဖြစ်အပျက်ပါပဲ။ ဥပမာ-လက်သန့်ဆေးရည် ထုတ်တဲ့လုပ်ငန်းတွေ ပိုစီးပွားတတ်လာသလိုပေါ့နော်။ တစ်လှည့်စီပေါ့။ ပြီးတော့ Social Media ကနေ တက်လာတဲ့သူတွေကျတော့ အလုပ်တွေ ပိုလုပ်ဖြစ်တယ်၊ အပြင်မှာ ပုံမှန်အဖွဲ့အစည်းနဲ့ လုပ်ရမယ့် အလုပ်တွေကျတော့ ခဏနားရမယ်။ အားလုံးက ခဏပါပဲလေ။ ကိုယ်အလုပ် လုပ်ရတဲ့ အလှည့်လည်း ပြန်ရောက်လာမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ဖွေးဖွေးဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု

အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *