ဒုတိယေျမာက္ရင္ေသြးေလးရေတာ့မွာျဖစ္ၿပီး ကေလးႏွစ္ေယာက္ ၿပိဳင္ခ်စ္ရေတာ့မွာျဖစ္လို႔ ရင္ခုန္ေနတယ္ဆိုတဲ့ မိုးယုစံ

႐ုပ္ရွင္ကားေတြ၊ ဗီဒီယိုဇာတ္ကားေတြ မ်ားစြားမွာ မိုးယုစံကေတာ့ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရရွိထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အိမ္ေထာင္က်ၿပီးေနာက္မွာ အႏုပညာေလာကမွာ လႈပ္ရွားမႈသိပ္မရွိေပမယ့္ ေဖ့ဘုတ္စ္ ေပၚမွာ ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပတ္ေအာင္

သူမရဲ႕ ေန႔စဥ္လႈပ္ရွားမႈေတြကို မွ်ေဝေပးလ်က္ရွိပါတယ္ ။ သာယာေပ်ာ္႐ႊင္တဲ့မိသားစုဘဝေလးတစ္ခုကို ပိုင္ဆိုင္ထားတဲ့မိုးယုကေတာ့Austin ဆိုတဲ့ သားေလးတစ္ေယာက္အျပင္ အခုလက္ရွိမွာ ဒုတိယ ကိုယ္ဝန္ကို လြယ္ထားရၿပီျဖစ္တယ္လို႔ သိရပါတယ္ ။ သူမအေနနဲ႔

ႏွစ္ေယာက္လည္း မခ်စ္ဖူးသလို ႏွစ္ခါလည္း မခ်စ္တတ္ေပမယ့္ ခုလို ေနာက္ထပ္ရင္ေသြးေလးရလာၿပီဆိုေတာ့ လည္း တစ္ေယာက္ကို ပိုသြားမလား တစ္ေယာက္ကို ေလ်ာ့သြားမလားဆိုတဲ့ စိုးရိမ္မႈေလးေတြ ရွိေနတယ္လို႔ ေျပာျပလာခဲ့ပါတယ္ ။ သားေလးရၿပီးၿပီဆိုေတာ့ သမီးေလးလိုခ်င္ေပမယ့္ သားႏွစ္ေယာက္

ဆိုလည္း အသက္ႀကီးလာတဲ့ အခါ လင္မယားႏွစ္ေယာက္ ေအးေဆးေနရတာေပါ့လို႔ သူမရဲ႕ ခံစားခ်က္ေလးကို လည္း ဖြင့္ဟခဲ့ပါေသးတယ္ ။ မိုးယုကေတာ့ သူမရဲ႕ေနာက္ထပ္ေမြးလားမယ့္ ရင္ေသြးေလးက သားသားေလးလား မီးမီးေလးဆိုတာ ကို ရင္ခုန္ေနပါၿပီ ပရိသတ္ႀကီးေရ ..။ Austin ေလးကိုခ်စ္တဲ့ ပရိသတ္ေတြလည္း ေနာက္ထပ္ေမြးလာမယ့္ ဂ်ဴနီယာ Austin ေလးက သားသားေလးလား မီးမီးေလးလား သိခ်င္ေနၾကၿပီထင္ပါတယ္ေနာ္ ။

Read in UNICODE

ရုပ်ရှင်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေ များစွားမှာ မိုးယုစံကတော့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာ အနုပညာလောကမှာ လှုပ်ရှားမှုသိပ်မရှိပေမယ့် ဖေ့ဘုတ်စ် ပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင်

သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို မျှဝေပေးလျက်ရှိပါတယ် ။ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့မိုးယုကတော့Austin ဆိုတဲ့ သားလေးတစ်ယောက်အပြင် အခုလက်ရှိမှာ ဒုတိယ ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်တယ်လို့ သိရပါတယ် ။ သူမအနေနဲ့

နှစ်ယောက်လည်း မချစ်ဖူးသလို နှစ်ခါလည်း မချစ်တတ်ပေမယ့် ခုလို နောက်ထပ်ရင်သွေးလေးရလာပြီဆိုတော့ လည်း တစ်ယောက်ကို ပိုသွားမလား တစ်ယောက်ကို လျော့သွားမလားဆိုတဲ့ စိုးရိမ်မှုလေးတွေ ရှိနေတယ်လို့ ပြောပြလာခဲ့ပါတယ် ။ သားလေးရပြီးပြီဆိုတော့ သမီးလေးလိုချင်ပေမယ့် သားနှစ်ယောက်

ဆိုလည်း အသက်ကြီးလာတဲ့ အခါ လင်မယားနှစ်ယောက် အေးဆေးနေရတာပေါ့လို့ သူမရဲ့ ခံစားချက်လေးကို လည်း ဖွင့်ဟခဲ့ပါသေးတယ် ။ မိုးယုကတော့ သူမရဲ့နောက်ထပ်မွေးလားမယ့် ရင်သွေးလေးက သားသားလေးလား မီးမီးလေးဆိုတာ ကို ရင်ခုန်နေပါပြီ ပရိသတ်ကြီးရေ ..။ Austin လေးကိုချစ်တဲ့ ပရိသတ်တွေလည်း နောက်ထပ်မွေးလာမယ့် ဂျူနီယာ Austin လေးက သားသားလေးလား မီးမီးလေးလား သိချင်နေကြပြီထင်ပါတယ်နော် ။

Source : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *