ေရာဂါေဝဒနာေပါင္း(၂၀)ေက်ာ္ကို သက္သာေပ်ာက္ကင္းေစႏိုင္တဲ့ သံပုရာသီး

ပူျပင္းေျခာက္ေသြ႕သည့္ ေႏြရာသီလိုဥတုမ်ိဳးမွာ ေခြၽးထြက္သက္သာေအာင္ျဖစ္ေစ၊ ရင္ပူသက္သာေအာင္ျဖစ္ေစ သံပုရာရည္ကို ပ်ားရည္တစ္ဇြန္းႏွင့္ ေရာၿပီးေသာက္ေပးပါ။ ေသြးေလလည္ပတ္မႈကို ေကာင္းေစ႐ုံသာမက ေခြၽးထြက္ျခင္းကိုလည္း

သက္သာေစပါသည္။ သံပုရာသီးထဲမွာပါရွိသည့္ ဂလူးကို႔စ္ႏွင့္ သတၳဳဓာတ္မ်ားေၾကာင့္ ခႏၶာကိုယ္ကိုေခြၽးထြက္ျခင္းမွ ကာကြယ္ေပးသည့္အျပင္ ေအးျမေအာင္လည္းစြမ္းေဆာင္ ေပးပါသည္။

သံပုရာရည္ကို ေသာက္ျခင္းအားျဖင့္ ေမာပန္းႏြမ္းနယ္မႈကို ေျပေပ်ာက္ေစၿပီး လူ႔ခႏၶာကိုယ္တြင္ ျဖစ္ပြားတတ္ေသာ အထူးသျဖင့္ ဝမ္းဗိုက္တြင္ျဖစ္ေပၚတတ္ေသာ ေရာဂါမ်ားကို ကာကြယ္ေပးႏိုင္ပါသည္။ သံပုရာရည္ကို သၾကားအနည္းငယ္ထည့္ကာ

မ်ားမ်ားေသာက္ေပးပါက အစာ အဆိပ္သင့္ျခင္း၊ အရက္မွျဖစ္ေသာ အဆိပ္ စသည္တို႔ကို ေပ်ာက္ကင္းေစသည္။ထမင္းစားၿပီးေနာက္ အန္ခ်င္သလို ပ်ိဳ႕ခ်င္သလို ျဖစ္တတ္ပါက လတ္ဆတ္ေသာ သံပုရာရည္ကိုေသာက္ရပါသည္။

သံပုရာရည္ကို သၾကားခတ္ၿပီး ေသာက္ပါက ခႏၶာကိုယ္တြင္ အဆီမ်ား၍ေခ်ာင္း ဆိုးျခင္း၊ သည္းေျခအားနည္းျခင္း၊ ကိုယ္လက္အဆစ္အျမစ္ကိုက္ခဲျခင္းမ်ား ေပ်ာက္ကင္းေစပါသည္။ သံပုရာရည္တြင္ သၾကားခတ္ကာ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္စီေသာက္ေပးပါ

က သြားမွ ေသြးယိုစီးျခင္းကို ေပ်ာက္ကင္းေစပါသည္။ သံပုရာေဖ်ာ္ရည္ကို ေန႔စဥ္ေသာက္ေပးပါက အထိုင္အထလုပ္စဥ္ ျဖစ္တတ္ေသာမူး ေဝျခင္း၊ မိုက္ကနဲျဖစ္ျခင္းမ်ားကို ေပ်ာက္ကင္းေစသည္။

သံပုရာသီးအစိမ္းဧ။္ အခြံကိုစားေပးပါက ေလနာ၊ ရင္နာေရာဂါမ်ားကို သက္သာ ေပ်ာက္ကင္းေစပါသည္။ယားနာေပြးနာ၊ အေရျပားတြင္အမည္းကြက္မ်ားေပၚလာျခင္း၊ အေမႊးမ်ားကြၽတ္ ျခင္းမ်ားျဖစ္ပါက သံပုရာျခမ္း ႏွင့္ပြတ္တိုက္ေပးရပါမည္။သံပုရာသီးသနပ္ကို ထမင္းႏွင့္ေန႔စဥ္စားသုံးပါက သရက္႐ြက္ႀကီးေသာေရာဂါကို ေပ်ာက္ေစသည္။

သံပုရာရည္ေႏြးေႏြးကို ပ်ားရည္ႏွင့္ေရာစပ္၍ တစ္ေန႔ႏွစ္ႀကိမ္မွ်လ်က္ေပးပါက လည္ေခ်ာင္းနာျခင္းကိုေပ်ာက္ေစသည္။ သံပုရာသီးတစ္လုံးကို မီးကြၽမ္းေအာင္ဖုတ္၍ ေလးညႇင္းတစ္ပြင့္ႏွင့္ ထည့္က်ိတ္ၿပီး သြားဖုံးရင္းတြင္ သိပ္ေပးေသာ္ သြားကိုက္သြားနာေပ်ာက္ကင္းေစပါသည္။ ဆီးေဆးျဖဴ(တိုင္းရင္းေဆးခန္းသုံးေဆးအမွတ္၂၁)ႏွင့္ သံပုရာရည္ကိုေဖ်ာ္၍ ေသာက္ေပးပါက ဆီးေအာင့္ျခင္းေဝဒနာကို ေပ်ာက္ေစသည္။

သံပုရာေခါက္ကို နံနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္စီ ေရႏွင့္က်ိဳခ်က္ၿပီး ေသာက္ေပးပါက အဖ်ားေပ်ာက္ေစပါသည္။ သံပုရာေခါက္ငါးက်ပ္သား၊ ေရ ၇၅ က်ပ္သားႏွင့္ ထက္ဝက္ခန႔္က်ိဳ၍ တစ္ခြက္စာ (ႏွစ္က်ပ္သား) တစ္ေန႔ႏွစ္ႀကိမ္ ေသာက္ေပးပါက မျပတ္ႏိုင္ေသာအဖ်ားေရာဂါမ်ား ျပတ္သြားႏိုင္သည္။ အစာမေၾက၊ ေလထိုးေလေအာင့္၊ ေလျပည့္ျဖစ္ေနခဲ့ေသာ္ဂ်င္းမႈန႔္ႏွစ္ပဲ၊သိေႏၶာ ေလးပဲကိုအမႈန႔္ေထာင္းၿပီးသံပုရာရည္ႏွင့္ေဖ်ာ္၍တစ္ေန႔သုံးႀကိမ္ေသာက္ေပးပါက ေပ်ာက္ကင္းေစႏိုင္သည္။

သံပုရာရည္ခ်ိဳခ်ိဳကို ေသာက္ေပးျခင္း၊ သံပုရာရည္ႏွင့္ ဆားမီးဖုတ္ကိုလ်က္ေပး ျခင္းျဖင့္ ႏွလုံးတုန္ျခင္း၊ ရင္ခုန္ျခင္း၊ မူးေဝေမာပန္းျခင္းမ်ားကို သက္သာေပ်ာက္ကင္းေစသည္။ မူးလွ်င္ သံပုရာသီးကိုရႉေပးပါ။ ႐ြဲ႕ေစာင္းေသာေလငန္းေရာဂါမ်ား၊ အာေလးလွ်ာ ေလး၍ စကားမပီသသူမ်ား

ပုံမွန္သံပုရာသီးတစ္လုံးကို ငုံထားသင့္ပါသည္။ ေခါင္းတြင္ေပါက္တတ္ေသာဒက္မ်ား၊ေဘာက္မ်ားရွိေနပါကသံပုရာသီးအခြံႏွင့္ ေခါင္းကိုပြတ္တိုက္ေပးရပါမည္။ယားယံေသာေနရာမ်ားကိုလည္းပြတ္တိုက္ႏိုင္ၿပီးအမ်ိဳးသမီးမ်ားအတြက္သံပုရာသီးအခြံကိုေခါင္းေလွ်ာ္ရာတြင္ထည့္ကာေခါင္းေလွ်ာ္ႏိုင္ပါသည္။

သံပုရာေစ့ကိုႀကိတ္၍ ခ်က္မွာအုံၿပီး ၎အေပၚ၌ ဆန္ေဆးရည္ကို အနည္းငယ္ ဆြတ္ဖ်န္းေပးပါက ဆီး႐ႊင္ေစပါသည္။သံပုရာခ်ဥ္ျပဳလုပ္၍ ထမင္းစားတိုင္းစားသုံးေပးပါက ေလေၾကာင့္ျဖစ္ရေသာ သြတ္ခ်ာပါဒ၊ ေလငန္း၊ ေလထိုးေလေအာင့္၊ အစာအိမ္ေရာဂါမွန္သမွ်ကို ကာကြယ္ႏိုင္ေသာ အထူးစိတ္ခ်ရေသာ အာဟာရဓာတ္မ်ိဳးျဖစ္ပါသည္။သံပုရာသီးသည္ ဝမ္းဗိုက္ႏွင့္ ပတ္သက္ေသာ ေရာဂါမွန္သမွ်ကို

ကာကြယ္ႏိုင္ပါသည္။ သူဧ။္ ေဘးထြက္ဆိုးက်ိဳးကို မျမင္မိသလို ခြၽင္းခ်က္တစ္ခုအေနျဖင့္ တစ္ေန႔ကို သုံးလုံးထက္ ပိုစားမိလွ်င္ အစာအိမ္အခ်ဥ္ေပါက္သည့္ အနာမ်ိဳးျဖစ္ေကာင္းျဖစ္ႏိုင္ပါသည္။ ထို႔အျပင္ ေခြၽးငုပ္ျခင္းကိုလည္း ေပ်ာက္ေစသည္။ ခြၽဲသလိပ္ကိုလည္း ေက်ညက္ေစ သည္။ ဤကဲ့သို႔က်န္းမာေရး အက်ိဳးေက်းဇူးမ်ားေသာ္လည္း အစာအိမ္အခ်ဥ္ေပါက္ တတ္သူမ်ားႏွင့္ အက္စစ္ဓာတ္မ်ားေနသူမ်ားအေနျဖင့္ သတိထားသုံးစြဲသင့္ပါသည္။ မွ်ေဝျခင္းသည္ ဒါနမည္၏။ မသိေသးသူမ်ားအတြက္ မွ်ေဝရင္း ကုသိုလ္ယူသြားလိုက္ပါ။ 

Read in UNICODE

ပူပြင်းခြောက်သွေ့သည့် နွေရာသီလိုဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ဖြစ်စေ၊ ရင်ပူသက်သာအောင်ဖြစ်စေ သံပုရာရည်ကို ပျားရည်တစ်ဇွန်းနှင့် ရောပြီးသောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းစေရုံသာမက ချွေးထွက်ခြင်းကိုလည်း

သက်သာစေပါသည်။ သံပုရာသီးထဲမှာပါရှိသည့် ဂလူးကို့စ်နှင့် သတ္ထုဓာတ်များကြောင့် ခန္ဓာကိုယ်ကိုချွေးထွက်ခြင်းမှ ကာကွယ်ပေးသည့်အပြင် အေးမြအောင်လည်းစွမ်းဆောင် ပေးပါသည်။

သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး လူ့ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ်သော အထူးသဖြင့် ဝမ်းဗိုက်တွင်ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ

များများသောက်ပေးပါက အစာ အဆိပ်သင့်ခြင်း၊ အရက်မှဖြစ်သော အဆိပ် စသည်တို့ကို ပျောက်ကင်းစေသည်။ထမင်းစားပြီးနောက် အန်ချင်သလို ပျို့ချင်သလို ဖြစ်တတ်ပါက လတ်ဆတ်သော သံပုရာရည်ကိုသောက်ရပါသည်။

သံပုရာရည်ကို သကြားခတ်ပြီး သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ချောင်း ဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက်အဆစ်အမြစ်ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါသည်။ သံပုရာရည်တွင် သကြားခတ်ကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်စီသောက်ပေးပါ

က သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်းစေပါသည်။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထလုပ်စဉ် ဖြစ်တတ်သောမူး ဝေခြင်း၊ မိုက်ကနဲဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။

သံပုရာသီးအစိမ်းဧ။် အခွံကိုစားပေးပါက လေနာ၊ ရင်နာရောဂါများကို သက်သာ ပျောက်ကင်းစေပါသည်။ယားနာပွေးနာ၊ အရေပြားတွင်အမည်းကွက်များပေါ်လာခြင်း၊ အမွှေးများကျွတ် ခြင်းများဖြစ်ပါက သံပုရာခြမ်း နှင့်ပွတ်တိုက်ပေးရပါမည်။သံပုရာသီးသနပ်ကို ထမင်းနှင့်နေ့စဉ်စားသုံးပါက သရက်ရွက်ကြီးသောရောဂါကို ပျောက်စေသည်။

သံပုရာရည်နွေးနွေးကို ပျားရည်နှင့်ရောစပ်၍ တစ်နေ့နှစ်ကြိမ်မျှလျက်ပေးပါက လည်ချောင်းနာခြင်းကိုပျောက်စေသည်။ သံပုရာသီးတစ်လုံးကို မီးကျွမ်းအောင်ဖုတ်၍ လေးညှင်းတစ်ပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက်သွားနာပျောက်ကင်းစေပါသည်။ ဆီးဆေးဖြူ(တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်၂၁)နှင့် သံပုရာရည်ကိုဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်းဝေဒနာကို ပျောက်စေသည်။

သံပုရာခေါက်ကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်စီ ရေနှင့်ကျိုချက်ပြီး သောက်ပေးပါက အဖျားပျောက်စေပါသည်။ သံပုရာခေါက်ငါးကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့်ကျို၍ တစ်ခွက်စာ (နှစ်ကျပ်သား) တစ်နေ့နှစ်ကြိမ် သောက်ပေးပါက မပြတ်နိုင်သောအဖျားရောဂါများ ပြတ်သွားနိုင်သည်။ အစာမကြေ၊ လေထိုးလေအောင့်၊ လေပြည့်ဖြစ်နေခဲ့သော်ဂျင်းမှုန့်နှစ်ပဲ၊သိန္ဓော လေးပဲကိုအမှုန့်ထောင်းပြီးသံပုရာရည်နှင့်ဖျော်၍တစ်နေ့သုံးကြိမ်သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။

သံပုရာရည်ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည်နှင့် ဆားမီးဖုတ်ကိုလျက်ပေး ခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊ မူးဝေမောပန်းခြင်းများကို သက်သာပျောက်ကင်းစေသည်။ မူးလျှင် သံပုရာသီးကိုရှူပေးပါ။ ရွဲ့စောင်းသောလေငန်းရောဂါများ၊ အာလေးလျှာ လေး၍ စကားမပီသသူများ

ပုံမှန်သံပုရာသီးတစ်လုံးကို ငုံထားသင့်ပါသည်။ ခေါင်းတွင်ပေါက်တတ်သောဒက်များ၊ဘောက်များရှိနေပါကသံပုရာသီးအခွံနှင့် ခေါင်းကိုပွတ်တိုက်ပေးရပါမည်။ယားယံသောနေရာများကိုလည်းပွတ်တိုက်နိုင်ပြီးအမျိုးသမီးများအတွက်သံပုရာသီးအခွံကိုခေါင်းလျှော်ရာတွင်ထည့်ကာခေါင်းလျှော်နိုင်ပါသည်။

သံပုရာစေ့ကိုကြိတ်၍ ချက်မှာအုံပြီး ၎င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖျန်းပေးပါက ဆီးရွှင်စေပါသည်။သံပုရာချဉ်ပြုလုပ်၍ ထမင်းစားတိုင်းစားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွတ်ချာပါဒ၊ လေငန်း၊ လေထိုးလေအောင့်၊ အစာအိမ်ရောဂါမှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရဓာတ်မျိုးဖြစ်ပါသည်။သံပုရာသီးသည် ဝမ်းဗိုက်နှင့် ပတ်သက်သော ရောဂါမှန်သမျှကို

ကာကွယ်နိုင်ပါသည်။ သူဧ။် ဘေးထွက်ဆိုးကျိုးကို မမြင်မိသလို ချွင်းချက်တစ်ခုအနေဖြင့် တစ်နေ့ကို သုံးလုံးထက် ပိုစားမိလျှင် အစာအိမ်အချဉ်ပေါက်သည့် အနာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့အပြင် ချွေးငုပ်ခြင်းကိုလည်း ပျောက်စေသည်။ ချွဲသလိပ်ကိုလည်း ကျေညက်စေ သည်။ ဤကဲ့သို့ကျန်းမာရေး အကျိုးကျေးဇူးများသော်လည်း အစာအိမ်အချဉ်ပေါက် တတ်သူများနှင့် အက်စစ်ဓာတ်များနေသူများအနေဖြင့် သတိထားသုံးစွဲသင့်ပါသည်။ မျှဝေခြင်းသည် ဒါနမည်၏။ မသိသေးသူများအတွက် မျှဝေရင်း ကုသိုလ်ယူသွားလိုက်ပါ။

Source : CharmMyanmar

Add a Comment

Your email address will not be published. Required fields are marked *