ကြယ္လြန္သြားတဲ့ ဖခင္ႀကီးအတြက္ ငိုမေနေတာ့ဘဲ ကုသိုလ္ေတြရည္စူးၿပီး ျပဳလုပ္ေပးေနတယ္ဆိုတဲ့ ထက္ထက္မိုးဦး

ထက္ထက္မိုးဦးရဲ႕ ဖခင္ကေတာ့ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ(၁၈) ရက္ေန႔က ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ဖခင္ျဖစ္သူအတြက္ ဝမ္းနည္းပူေဆြးေနရတဲ့ ခံစားခ်က္ေတြကို ထက္ထက္မိုးဦးက ပရိသတ္ေတြဆီကို ရင္ဖြင့္စကားဆိုထားပါတယ္။ ” အငိုမတိတ္ရတဲ့ သံသရာမွာ အဓိပၸါယ္ရွိေအာင္ ေနဖို႔၊ ဖခင္ႀကီးအတြက္

ပိုၿပီးအဓိပၸါယ္ရွိေစဖို႔ န ဟိ ႐ုဏၰံ ဝါ ေသာေကာ ဝါ, ယာ စညာ ပရိေဒဝနာ၊ န တံ ေပတာနမတၳာယ, ဧဝံ တိ႒ႏၲိ ဉာတေယာ။ အယၪၥ ေခါ ဒကၡိဏာ ဒိႏၷာ, သံဃမွိ သုပၸတိ႒ိတာ၊ ဒီဃရတၱံ ဟိတာယႆ, ဌာနေသာ ဥပကပၸတိ။ လို႔ေဟာတဲ့မူတဲ့အတိုင္း ငိုေနလို႔ အက်ိဳးမရွိတဲ့ ဒီေလာကဓံမွာ အက်ိဳးရွိေစဖို႔အတြက္

အေဖကို ရည္စူးၿပီး သံဃာေတာ္ေတြကိုလည္းလႉပါ့မယ္။ အေဖကိုလည္း အမွ်ေပးေဝပါမယ္ရွင့္” ဆိုၿပီးေတာ့ ၾသဂုတ္လ ၂၁ ရက္ေန႔ ေန႔လယ္ ၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့တာပါ။ ထက္ထက္မိုးဦးဟာ အလႉအတန္းနဲ႔ပတ္သက္လာရင္ လက္မေႏွးသူတစ္ေယာက္ပါ။ သူမ အရမ္းေအာင္ျမင္ခဲ့ခ်ိန္တုန္းက လႉဒါန္းခဲ့သမွ် အရာေတြကို သူမရဲ႕ ဖခင္အတြက္ အမွ်ေဝခဲ့ပါေသးတယ္။ ” အထူးအားျဖင့္

ထက္ထက္ ျပဳလုပ္ခဲ့တဲ့ ကုသိုလ္မွန္သမွ် ႏွင့္ ေက်ာင္းေဆာက္လႉဒါန္းခဲ့တဲ့ကုသိုလ္ႀကီးကို အေဖ အတြက္ကုသိုလ္မွ်ေဝပါတယ္ရွင့္။ အေဖ လည္း ထက္ နဲ႔ အတူ ေရာက္ရာ ဘဝကေန သာဓုေခၚေပးပါေနာ္။ ေဖေဖရဲ႕ နာေရးမွာ ကူညီေပးခဲ့ၾကသူအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္ရွင့္။ စာအသုံးျပဳခြင့္ေပးတဲ့ ဘုန္းဘုန္းကိုလည္း ကန္ေတာ့ပါတယ္ရွင့္” ဆိုၿပီးေတာ့လည္း ဆက္လက္ ေရးသားခဲ့ပါတယ္။ ထက္ထက္မိုးဦးကေတာ့

ဖခင္ျဖစ္သူ က်န္းမာေရးမေကာင္းတဲ့အခ်ိန္မွာ ေဆး႐ုံမွာပဲေနၿပီး အနီးကပ္ျပဳစုခဲ့တာကို ေတြ႕ရပါတယ္။ ထက္ထက္မိုးဦးရဲ႕ ဖခင္ ကြယ္လြန္သြားတဲ့အခ်ိန္မွာေတာ့ သူမနဲ႔ ထပ္တူ စိတ္မေကာင္းျဖစ္ခဲ့ၾကတဲ့ အႏုပညာေမာင္ႏွမေတြ၊ ပရိသတ္ေတြကလည္း အမ်ားႀကီးပါပဲ။ ထက္ထက္မိုးဦးရဲ႕ အေဖ ဈာပနကိစၥေတြကို သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ရဲ႕ ပရဟိတအသင္းက ေဆာင္႐ြက္ေပးခဲ့တယ္လို႔ သိရပါတယ္။

Read in UNICODE

ထက်ထက်မိုးဦးရဲ့ ဖခင်ကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၈) ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူအတွက် ဝမ်းနည်းပူဆွေးနေရတဲ့ ခံစားချက်တွေကို ထက်ထက်မိုးဦးက ပရိသတ်တွေဆီကို ရင်ဖွင့်စကားဆိုထားပါတယ်။ ” အငိုမတိတ်ရတဲ့ သံသရာမှာ အဓိပ္ပါယ်ရှိအောင် နေဖို့၊ ဖခင်ကြီးအတွက်

ပိုပြီးအဓိပ္ပါယ်ရှိစေဖို့ န ဟိ ရုဏ္ဏံ ဝါ သောကော ဝါ, ယာ စညာ ပရိဒေဝနာ၊ န တံ ပေတာနမတ္ထာယ, ဧဝံ တိဋ္ဌန္တိ ဉာတယော။ အယဉ္စ ခေါ ဒက္ခိဏာ ဒိန္နာ, သံဃမှိ သုပ္ပတိဋ္ဌိတာ၊ ဒီဃရတ္တံ ဟိတာယဿ, ဌာနသော ဥပကပ္ပတိ။ လို့ဟောတဲ့မူတဲ့အတိုင်း ငိုနေလို့ အကျိုးမရှိတဲ့ ဒီလောကဓံမှာ အကျိုးရှိစေဖို့အတွက်

အဖေကို ရည်စူးပြီး သံဃာတော်တွေကိုလည်းလှူပါ့မယ်။ အဖေကိုလည်း အမျှပေးဝေပါမယ်ရှင့်” ဆိုပြီးတော့ သြဂုတ်လ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာပါ။ ထက်ထက်မိုးဦးဟာ အလှူအတန်းနဲ့ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။ သူမ အရမ်းအောင်မြင်ခဲ့ချိန်တုန်းက လှူဒါန်းခဲ့သမျှ အရာတွေကို သူမရဲ့ ဖခင်အတွက် အမျှဝေခဲ့ပါသေးတယ်။ ” အထူးအားဖြင့်

ထက်ထက် ပြုလုပ်ခဲ့တဲ့ ကုသိုလ်မှန်သမျှ နှင့် ကျောင်းဆောက်လှူဒါန်းခဲ့တဲ့ကုသိုလ်ကြီးကို အဖေ အတွက်ကုသိုလ်မျှဝေပါတယ်ရှင့်။ အဖေ လည်း ထက် နဲ့ အတူ ရောက်ရာ ဘဝကနေ သာဓုခေါ်ပေးပါနော်။ ဖေဖေရဲ့ နာရေးမှာ ကူညီပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ စာအသုံးပြုခွင့်ပေးတဲ့ ဘုန်းဘုန်းကိုလည်း ကန်တော့ပါတယ်ရှင့်” ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ ထက်ထက်မိုးဦးကတော့

ဖခင်ဖြစ်သူ ကျန်းမာရေးမကောင်းတဲ့အချိန်မှာ ဆေးရုံမှာပဲနေပြီး အနီးကပ်ပြုစုခဲ့တာကို တွေ့ရပါတယ်။ ထက်ထက်မိုးဦးရဲ့ ဖခင် ကွယ်လွန်သွားတဲ့အချိန်မှာတော့ သူမနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြတဲ့ အနုပညာမောင်နှမတွေ၊ ပရိသတ်တွေကလည်း အများကြီးပါပဲ။ ထက်ထက်မိုးဦးရဲ့ အဖေ ဈာပနကိစ္စတွေကို သရုပ်ဆောင် ဝေဠုကျော်ရဲ့ ပရဟိတအသင်းက ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *