သူ့ရဲ့ပုံကို တက်တူးထိုးပြီး စပရိုက်လုပ်ပေးခဲ့တဲ့ ပရိသတ်တစ်ဦးကြောင့် အတိုင်းမသိ ဝမ်းသာနေတဲ့ ယုန်လေး




Read in UNICODE
ဂီတလောကမှာ အောင်မြင်မှုတွေကို ရယူသိမ်းပိုက်နိုင်ခဲ့ သူကတော့ အဆိုတော် ယုန်လေးပဲဖြစ်ပါတယ်။ ယုန်လေးကတော့ သီချင်းဆိုတဲ့ အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာပြီး သူ့ရဲ့ ဇာတ်ကားတွေကတော့ ပရိသတ်တွေရဲ့ ထပ်တူအကြိုက်တွေ့စေခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ယုန်းလေး က စိတ်သဘောထားပြည့်ပြီး သူတစ်ပါးပေါ်မှာလည်း

အမြဲကူညီတတ်တဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်တော့ ယုန်လေး က ပရိသတ်တစ်ယောက်ရဲ့ အပြုအမူလေးတစ်ခုကြောင့် ဝမ်းသားပီတိဖြစ်စရာကောင်းတဲ့ ပုံလေးတွေကိုတွေ တင်ပေးလာခဲ့ပါတယ်။ဒီပုံလေးတွေကတော့ ယုန်လေး ရဲ့ ပုံလေးကို

ချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ယောက်က သူရဲ့ ကိုယ်လုံးပေါ်မှာ ပုံတူ တတ်တူးလေးကို မွေးနေ့အကြိုလက်ဆောင်အနေနဲ့ ထိုးထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေကြောင့် ကြည်နူးဝမ်းသားပီတိဖြစ်နေတာဖြစ်ပြီး ယုန်လေး ကတော့ သူ့ရဲ့ မွေးနေ့မတိုင်ခင်လေးမှာ ပြုလုပ်သွားမယ့် အလှူလေးတွေကိုလည်း ပြောပြာထားပါသေးတယ်။ “ကျွန်တော့်မွေးနေ့က September 13 ပါ မွေးနေ့ အကြို

လက်ဆောင်ဆိုပြီး We love အဖွဲ့က ညီလေး ခန့်ညား မွေးလ စတဲ့ 9 လ ပိုင်း 1 ရက်နေ့မှာ အကုန်ပီတိဖြစ်စေမယ့် အလှူလေးရှိပါတယ်….အဲ့အတွက် ရှေ့ တစ်ပတ်လောက်မှာ ကျွန်တော် နဲ့ ကျွန်တော့်ကို ချစ်တဲ့ လူတွေ အဲ့အလှူလေး ပိုထိရောက်ပြီး တကယ်ကြည်နူးဖို့အတွက်ညောင် ၁၀ ပင်ဓိဌာန် ၁ရက် ဝင်ပါမယ် အတူတူ ဝင်မယ့်လူများ ရှိသလို နေရာ အခက်ခဲကြောင့်

ဆိုရင်လည်း အဆင်ပြေတဲ့ နေရာမှာ ဝင်ပေးပါ ဒါမှမဟုတ် ဒီအလှူလေး အထမြောက်ဖို့ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ရာ ဆုတောင်းပေးပါနော် အလှူနည်းနည်း ကြီးမယ်ဖြစ်တဲ့ အတွက် အလှူလည်း ခံပါမယ် အစီစဉ်ကတော့ ကြိုမပြောချင်သေးလို့ပါ အဓိကကတော့ ကျွန်တော်တို့ကို ချစ်တဲ့ အခြေခံလူတန်းစားတွေ အတွက်ပေါ့ အားလုံး Peace ” ဆိုပြီးရေးသားဖော်ပြထားပါသေးတယ်။
Source : Yone Lay’s Facebook